Skip to main content

The Mystic Nine ( 2016 ) - မြန်မာစာတန်းထိုး



ဒီဇာတ်လမ်းလေးကတော့ 2015 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action , Adventure , Fantasy , Supernatural , Romance & Drama အမျိုးအစားလေးပါ ...

Main Actors တွေအဖြစ် - Exo အဖွဲ့မှ Zhang Yixing ( Lay ) ၊ The Four , The Legend of Zu စသည့် ဇာတ်လမ်းတွဲများထဲမှ မင်းသား William Chan နှင့် Main Actress အဖြစ် Princess Agent , The Journey of Flower အစရှိတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသမီးချောလေး Zhao Li Ying တို့က ပါဝင်ထားပါတယ် ...

Old Nine Gate ဒါမှမဟုတ် Mystic Nine Clan လို့ခေါ်တဲ့ မိသားစုကြီးကိုး စုစောင့်ရှောက်နေတဲ့ချောင်းရှမြို့လေးပေါ် မမြင်နိုင်တဲ့ အန္တရာယ်ကြီးတခု ကျရောက်လာမှာကို မိသားစုကြီးကိုးစုကဘယ်လိုကာကွယ်မလဲဆိုတာကို မြင်တွေ့ရမှာပါ ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - 
ထူးဆန်းတဲ့ရထားတစင်းချောင်းရှမြို့ကို ရောက်လာတာက အစပြုပါတယ် ... ရထားကအသေပိတ်ထားတဲ့ရထား ဖြစ်ပြီးမောင်းသူမပါပါဘူး ... ဒါ့အပြင်ရထားထဲမှာ ခေါင်းတလားတွေနဲ့ ဂျပန်စစ်သားတွေရဲ့ ထူးထူးဆန်းဆန်းသေနေတဲ့ အလောင်းတွေပါနေတာပဲ ...  

အဲ့ဒီကနေစပြီး Old Nine Gate ခေါင်းဆောင် ဗိုလ်မှုးလေးကျန်းတဖုန်းရဲ့ ရဲ့ စုံစမ်းမှုကနေ ချောင်းရှမြို့နားမှာ ထူးဆန်းတဲ့မိုင်းတွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ... အဲ့ဒီမိုင်းတွင်းထဲဝင်တဲ့သူမှန်သမျှ အသက်ရှင်လျက်ပြန် မထွက်လာနိုင်ပါဘူး ... ဂျပန်တွေကလဲ မိုင်းတွင်းကိုရတနာတွေရှိတယ် ဆိုပြီးမျက်စိကျနေပါတယ် ...

တကယ်ပဲမိုင်းတွင်းမှာရတနာတွေရှိတာလား ?
ဒါမှမဟုတ် ကျိန်စာသင့်နေတဲ့မိုင်းတွင်းလား ? ဒါမှမဟုတ် မိုင်းတွင်းကသူတို့ရဲ့ Old nine Gate မိသားစုတွေနဲ့ ဘယ်လိုဆက်နွယ်နေလဲ ? 

မိုင်းတွင်းထဲမှာတွေ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ အရင်ဦးဆုံးမိုင်းတွင်းကိုဝင်ခဲ့ကြတဲ့ ဂျပန်တွေဘာတွေတွေ့ခဲ့တာလဲ ? 
ဘာလို့မိုင်းတွင်းဝင်ပေါက်မှန်သမျှ အသေပိတ်ဆို့ခဲ့ပြီး
‌မကောင်းဆိုးဝါးတွေကို နိုင်နင်းတဲ့နတ်ဘုရားရုပ်ထုကို ထည့်ထားခဲ့တာလဲ ? 

ရထားကကော မောင်းသူမပါပဲဘူတာကိုဘယ်လိုဆိုက်လာတာလဲ ?
မိုင်းတွင်းကချောင်းရှမြို့ကိုဘယ်လိုအန္တရာယ်ကြီးဖြစ်စေနိုင်လဲ ? 
မိုင်းတွင်းကိုမျက်စိကျနေတဲ့ ဂျပန်လောဘသားတချို့ရဲ့ရန်ကို Old Nine Gate က ကာကွယ်နိုင်မှာလား ? 
ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ...

ဒါ့အပြင် မင်းသမီး William Chan နဲ့ မင်းသမီး Zhao Li Ying တို့ရဲ့ romance ဇာတ်လမ်းလေးကိုလဲ 
မြင်ရမှာဖြစ်ပါတယ် ...

Rating အရ MyDramaList မှာ 8.2/10 ရရှိထားပါတယ် ... 


Translator : Hsu Min Min Hlaing

Encoder : Bibbidi-Bobbidi Boo
Quality : 720p
File Size : around 350 MB



Episode 1   -   Openload   |   SolidDrive   |   CM Cloud

Episode 2   -   Openload   |   SolidDrive   |   CM Cloud

Episode 3   -   Openload   |   SolidDrive   |   CM Cloud




Comments

Popular posts from this blog

Three Lives Three Worlds , Ten Miles of Peach Blossoms ( 2017 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ ... တရုတ်ဇာတ်လမ်းတွဲတွေကို ပြန်နေကြဖြစ်တဲ့ အစ်မ Hsu Min Min Hlaing က လဲ သူ့ကား Novoland : The Castle in the Sky လေးပြီးလို့ နောက်တစ်ကား ဘာပြန်ရမလဲမသိပဲ ဒွိဟဖြစ်နေချိန် ဒီကားလေး ထွက်လာလို့ ... မရ ရအောင် အပူက ပ် မဲဆွယ်ပြီး ဘာသာပြန်ခိုင်းဖြစ်လိုက်ပါတယ် ... အခုချိန်မှာတော့ မြန်မာစာတန်းထိုး လေးနဲ့ ကြည့်ရှုနိုင်ပါပြီ ... ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ '' Three Lives Three World, Ten Miles of Peach Blossoms '' ဖြစ်ပါတယ် ... Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ပိုင်ချင်းကအဆင့်မြင့်နတ်ဘုရားမဖြစ်ပြီး ကောင်းကင် ဘုံဆိုင်ရာနယ်ပယ်ထဲကတိုင်းပြည်တစ်ခုဖြစ်တဲ့ ချင်ချိုရဲ့လက်ရှိအမျိုးသမီးဧကရာဇ်လဲဖြစ်တယ် ... ပိုင်ချင်း က ခွန်လွန်တောင်ရဲ့တပည့်တယောက်ဖြစ်ပြီး အသူရာသခင် ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာသေမျိုးနယ်ပယ်ထဲကျရောက်သွားတယ် ... သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကိုလျစ်လျူရှုပြီး သေမျိုးနယ်ပယ်ထဲမှာ ...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

Moonlight Drawn by Clouds ( 2016 ) - မြန်​မာစာတန်းထိုး

မိန်းကလေးဆိုတာကို ဖုံးကွယ်ပြီး ယောကျာ်းလေးလိုဟန်ဆောင်ကာ  အောင်သွယ်တော် အလုပ်လုပ်နေတဲ့ ဆမ်နွန် (Kim Yoo-jung.) ဆမ်နွန်က ဖောက်သည် တစ်ယောက်အတွက်ရေးပေးတဲ့ ရည်းစားစာဟာ အိမ်ရှေ့မင်းသားရဲ့ ညီမဖြစ်သူအတွက် ဖြစ်နေတဲ့အခါ.... ညီမဖြစ်သူဆီကို ရည်းစားစာ ရေးတာဘယ်သူလဲဆိုတာကို စုံစမ်းနေတဲ့ အိမ်ရှေ့မင်းသား ဟိုမြောင် ( Park Bo-gum ) သူတို့နှစ်ဦး တွေ့ကြတဲ့အခါ.. ဘယ်လို အဖြစ်အပျက်ကလေးတွေ ဖြစ်လာသလဲဆိုတာရယ်.. ဆမ်နွန်က မိန်းမစိုးအဖြစ် နန်းတွင်းကို ရောင်းစားခံလိုက်ရတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုဖို့.. Moonlight Drawn by Clouds  ကို ချစ်ပရိတ်သတ်ကြီး အတွက်  တင်ဆက်ပေးလိုက်ပါတယ်နော်.. Country.      : South Korea Translator    : Thae Thae Encoder       : Thae Thae Episode 1 (Mediafire Link)   Episode 1 (pcloud Link )    Episode 2 (Mediafire Link) Episode 2 (pcloud Link )      Episode 3 (Mediafire Link ) Episode 3 (pcloud Link)    Episode 4 ...

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

The Cat Returns ( 2002 ) - မြန်မာစာတန်းထိုး

Series တွေကြည့်လို့ငြီးငွေ့နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Fantasy / Drama ကားလေးဖြစ်တဲ့ ဂျပန်anime ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ကားလေးကတော့ဂျပန်ကာတွန်းကားလေးတွေရဲ့ ထုံးစံအတိုင်း rating ကတော့မနိမ့်လှပါဘူး ... IMDBမှာ 7.3/10 နဲ့ Rotten Tomatoes 89%ရထားပါတယ် ... ဇာတ်လမ်းအကျဉ်းကတော့ - ဟာရူဆိုတဲ့အထက်တန်းကျောင်းသူလေးက တစ်နေ့မှာကားတိုက်မလိုဖြစ်နေတဲ့ ကြောင်မင်းသားလေးလွန်း ကို ကယ်ခဲ့မိပါတယ် ... ကျေးဇူးဆပ်တဲ့အနေနဲ့ ကြောင်ဘုရင်ကြီးက သူ့ကိုမင်း သားလေးနဲ့လက်ထပ်ပီး ကြောင်တိုင်းပြည်ကိုခေါ်ချင်နေပါတယ် ... ဟာရူတစ်ယောက်လိုက်သွားရမှာကြောက်ပီး "ကြောင်အကျိုးဆောင်ရုံး" ကိုသွားပီး အကူအညီတောင်းတဲ့အခါ ကြောင်ဝတုတ်ကြီးမူးတ,ရုပ်ထုတွေဖြစ်ကြတဲ့ ကြောင်ဘာရွန်နဲ့ ကျီးကန်းတိုတို တို့ကအကူအညီပေးကြပါတယ် ...  ဟာရူတစ်ယောက်ကြောင်တိုင်းပြည်ကို လိုက်သွားပီးမင်းသားလေးနဲ့လက်ထပ်ရမလား? ကြောင်မလေးဖြစ်သွားမှာလား? ဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ ... ဒီဇာတ်ကားလေးထဲမှာတော့ ကြောင်ဝတုတ်ကြီး မူးတ ရဲ့ ချစ်စရာ ဟန်ပန်တွေ ၊ အစားအသောက်မက်ပုံတွေ ၊ ဘာရွန် ရဲ့ စတိုင်တွေက အတော်ကို ကြ...