Skip to main content

The 100th Love With You ( 2017 ) - မြန်မာစာတန်းထိုး




ဒီဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ Romance , Fantasy & Time Travel ဇာတ်လမ်းလေးပါ ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - 

အအိုအိ , ရိခု , နာအိုယ နဲ့ တဲ့စုက တို့ သူငယ်ချင်း ၄ ယောက် ပေါင်းပြီး stroboscope ဆိုတဲ့ band လေး ကို ဖွဲ့စည်းထားပါတယ် ... သူတို့ သူငယ်ချင်း ၄ ယောက် ဖွဲ့စည်းထားတဲ့ band လေးက ၇ လ ပိုင်း ၂၇ ရက်နေ့ အအိုအိ မွေးနေ့မှာပဲ ပွဲတော်တစ်ခုမှာ ဖျော်ဖြေရမှာ ဖြစ်ပါတယ် ...

ထိုဖျော်ဖြေပွဲပြီးနောက် အအိုအိ တစ်ယောက် ယာဉ်တိုက်မှု တစ်ခု ကြုံတွေ့ခဲ့ရပါတယ် ... ဒါပေမဲ့ အအိုအိ ပြန်နိုးလာတော့ ၇ လပိုင်း ၂၇ ရက်နေ့ မတိုင်ခင် တစ်ပတ်အလိုက ဖြစ်စဉ်တစ်ခုဖြစ်တဲ့ အတန်းထဲမှာ စာသင်နေရင်း နိုးလာပါတယ် ...

အဲ့နောက်မှာတော့ ရိခု က အအိုအိ ကို " နင့်ကိုငါ့ရဲ့ လျှို့ဝှက်ချက် တစ်ခုပြောပြမယ် " ဆိုပြီး ... သူဟာ အချိန်တွေကို နောက်ပြန်ဆုတ်နိုင်ကြောင်း ကို အအိုအိ ကို ပြောပြလိုက်ပါတယ် ...

ထိုအချိန်တွေကို နောက်ပြန်ဆုတ်နိုင်တဲ့ အစွမ်းနဲ့ပဲ ရိခု တစ်ယောက် အအိုအိ ရဲ့ ကံကြမ္မာ ကို ပြောင်းလဲပစ်နိုင်မလား ? မပြောင်းလဲ ပစ်နိုင်မလား ? ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ... 

ဂျပန်လူမျိုးတွေရဲ့ နွေဥတု မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ကုန်ဆုံးပုံတွေကို ရိုးရာဓလေ့တွေကို စိတ်ဝင်စားဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ် ...

ဒီဇာတ်ကားလေးကို အအိုအိ အဖြစ် Miwa က ပါဝင်သရုပ်ဆောင်ထားပြီး , ရိခု အဖြစ် Kentaro Sakaguchi တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ... 

Rating အရ IMDb မှာ 6.9/10 ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားလဲ ဖြစ်ပါတယ် ... 



Translator : Anonymous X
Encoder : Anonymous X
Quality : 720p

File Size : 749 MB





Comments

Popular posts from this blog

My Tutor Friend ( 2003 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ '' My Tutor Friend '' လို့ ခေါ်ပါတယ် ... Comedy , Romance ဇာတ်ကားလေးဖြစ်ပြီး 2003 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် ... အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသား Kwang Sang-woo နဲ့ အခုလက်ရှိတင်ဆက်ပေးနေတဲ့ series တစ်ခုဖြစ်ခဲ့ '' On the way to the Airport '' က မင်းသမီး Kim Ha-neul တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .... ဇာတ်လမ်းပုံစံလေးကတော့ - ငွေကြေးချမ်းသာပြီး ရုပ်ရည်ချောမောသော်လည်း စာညံ့ပြီး ပြဿနာ အမြဲရှာတက်တဲ့ ဂျီဟွန်း ကို သူနှင့် အသက် တူဖြစ်ပြီး ကောလိပ် တက်နေတဲ့ ဆူဝမ် က Tutor လုပ်ပေးရင်း ဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦး ရဲ့ ဖူးစာ ဇာတ်လမ်းလေးကို အခြေခံပြီး ပျော်ရွှင်စရာ ရီစရာ ဟာသလေးတွေနဲ့ ရောသမမွှေပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ ... Romance နဲ့ Comedy ဇာတ်ကားဖြစ်တဲ့အတွက် ရီစရာဇာတ်လမ်းလေးတွေကို ကြည့်ရှုလေ့ရှိတဲ့ ပရိသတ်တွေရော comedy ကြိုက်သူများအတွက်ပါ သင့်တော်စေမယ့် ဇာတ်ကားလေးပါ .... Rating အနေနဲ့ IMDb မှာ 6.7/10 ရရှိထားပါတယ် ... အားလုံးပဲ ခံစားကြည့်ရှုကြပါဦးနော် ... Download on V.I.P Link ( 805MB ) Download ...

Love 911 ( 2012 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်တင်ဆက်ပေးမှာလေးကတော့ movie လေးပါ ... series တွေချည်းဆိုရင်လဲ ပျင်းရချည်ရဲ့နော် ... တခါတည်းကြည့်လို့ ပျက်မယ် ၁ နာရီ ကျော် movie လေးပါ ... Cast တွေ အနေနဲ့ကတော့ မင်းသမီး Han Hyo-joo နဲ့ မင်းသား Go Soo တို့ ပါဝင်ထားပါတယ် ... ဒါနဲ့လေ " Train to Busan '' ထဲက ဟိုဘဲကြီးလဲ ပါတယ်သလား 😁 😁 ... သူက ဒီထဲမှာ Captain နေရာမှာဗျ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ဂိုမီဆို ( Han Hyo-joo ) သူ့အလုပ်ကို အရမ်းမြတ်နိုးတဲ့ဆရာဝန်တစ်ယောက် ... ဂျောင်ကန်အီ ( Go Soo ) ကတော့ မိန်းမသေသွားပြီးတဲ့နောက်ပိုင်းထင်ရာ လျှောက်လုပ်နေတဲ့ မီးသတ်သမားလေးတယောက်ပေါ့ ... တနေ့မှာ ဂိုမီဆို ( Han Hyo-joo ) တယောက် လူနာကို ဆေးရုံမှားဆင်းခိုင်းလိုက်တာကနေ ပြဿနာတွေ ကြီးလာပြီး ... သူ့အမှုကလွတ်ဖို့ ကူညီပေးရမဲ့သူက ဂျောင်ကန်အီ ( Go Soo ) ဖြစ်နေပါတော့တယ် ... ဆန်းကြတယ်တဲ့ ကံကြမ္မာ က သူတို့နှစ်ယောက်ကို တွေ့ဆုံခွင့်ပေးလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ '' Love 911 '' ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ကြရအောင်နော် ... Comedy , Drama , Romance အမျိ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...

Bitter Sweet(2016)မြန်မာစာတန်းထိုး

Bitter Sweet(2016) မြန်မာစာတန်းထိုး................... Japan Live actionလေးတစ်ခုဖြစ်တဲ့ Bitter sweetဆိုတဲ့movieလေးပါ IMDbမှာလည်း 6.5ရထားလို့တကယ်မိုက်တဲ့ကားလေးပါ 😍😍 ဇာတ်လမ်းအကျဉ်းလေးကတော့**** မာကီ အီဒါဆိုတဲ့ ကောင်မလေးက ကြော်ငြာ ကုမ္ပဏီကြီး တစ်ခုက၀န်ထမ်း ဟင်းမချက်တတ်ဘူး၊ အသင့်စား အစားအသောက်တွေကို ခုံမင်သူ တစ်ရက်မှာတော့၊ နာဂီဆာ ကာတာယာမ ဆိုတဲ့ ဘဲချောချောလေးတစ်ပွေနဲ့ ဆုံဖြစ်တယ် နာဂီဆာ ကတော့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပြီးတော့ သက်သတ်လွတ်သမား၊ ဟင်းတွေချက်တတ်တယ် သူတို့နှစ်ယောက် အိမ်တစ်လုံးထဲမှာ နှစ်ယောက်တူတူနေဖို့ ဖြစ်လာတော့..... မာကီက နာဂီဆာကို ချစ်မိသွားနိုင်မလား... နာဂီဆာကရော မာကီကို ပြန်ချစ်နိုင်ပါ့မလား... သူတို့နှစ်ယောက်လုံးမှာရှိနေတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ... "Nigakute Amai" ဆိုတဲ့ နာမည်ကျော် Menga Series ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ... ဇာတ်လမ်းအဆုံးထိ လှည့်ကွက်လေးတွေ အပြည့်နဲ့ဆိုတော့...ပိတ်ကားထက် အဲလေ...ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားကြည့်ရင်း... Main castsတွေကအနေနဲ့ကတော့ မာကီအီဒါ(Haruna Kawaguchi) နာဂီဆာ ကာတာမ (Kento Hayashi). တို့ကပါဝင်ထားပါတယ်...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ေ...