Skip to main content

Riverdale Season 1 ( 2017 ) - မြန်မာစာတန်းထိုး



Eng Series တွေပါ လုပ်တော့မယ်လို့ ကြေငြာထားတဲ့အတိုင်း ဒီ series လေးက MMATV ရဲ့ ပွဲဦးထွက် ပထမဆုံးသော eng series လေးပါ ...

The CWW Network မှ ထုတ်လွှင့်တာ ဖြစ်ပြီး season 2 episode 1 ထိ ထွက်ရှိပြီးပါပြီ ... season 1 မှာ အပိုင်း ၁၃ ပိုင်း ပါဝင်ပြီး ... Myanmar Asian TV Channel မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၂ ပိုင်း ( သို့မဟုတ် ) ၃ ပိုင်း ဖြင့် မှန်မှန် တင်ဆက်သွားပါ့မယ် ...

Mystery , Crime & Teen Drama ဇာတ်လမ်းအမျိုးအစားလေးဖြင့်ပြီးတော့ နောက်အပိုင်းတွေမှာ ဘာဆက်ဖြစ်မလဲ ဘယ်လိုမမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာမလဲ စတဲ့ ပုံစံမျိုးကို နှစ်သက်သူတွေအတွက်တော့ ဒီဇာတ်လမ်းလေးက ရသ တစ်ခုပေးစွမ်းနိုင်မှာပါ ...

Rating အရလဲ IMDb မှာ 7.8/10 နှင့် Rotten Tomatoes မှာ 88% ရရှိထားတဲ့ rating မြင့်လို့ ပြောလို့ရတဲ့ ဇာတ်လမ်းလေးပါ ....

ဇာတ်လမ်းအကြောင်းလေးကို ပြောပြရမယ်ဆိုရင် -
အာချီဆိုတဲ့ ကောင်လေးနဲ့ ဘက်ဒီ ဆိုတဲ့ ကောင်မလေးက အိမ်နီးချင်းတွေ ဘက်ဒီက အာချီကို သဘောကျနေခဲ့တယ် ...

ဒါပေမဲ့ အာချီတစ်ယောက်က ဂီတကို ဝါသနာပါပြီး
သူ့ ကို ဂီတအကြောင်းသင်ပေးနေတဲ့ ဆရာမနဲ့လည်း စိတ်ကစားမိနေခဲ့တယ် ....
ဒီဇာတ်လမ်းလေးက ရေးဗားဒေလ်ဆိုတဲ့ မြို့လေးကို အခြေခံထားတာဖြစ်တယ် ...

ရေဗားဒဲလ် မြို့လေးက တစ်ခြားနေရာတွေနဲ့ အလှမ်းဝေးပေမဲ့ သူ့အနေအထားနဲ့သူ တိတ်ဆိတ်အေးချမ်းနေတယ် ...

ဒါပေမဲ့ အဲ့ဒီ တိတ်ဆိတ်နေတဲ့ မြို့လေးကို အရောင်ဆိုးတဲ့ ကိစ္စ တစ်ခုပေါ်ပေါက်လာတယ် ... အဲ့ဒါက နွေရာသီ တစ်ခုမှာ အဲ့ဒီမြို့ရဲ့ သူဌေး လူကုန်ထံ ဘလော်ဆန် မိသားစုက ချယ်လ်နဲ့ ဂျေဆင် ဆိုတဲ့ အမြွှာမောင်နှမ နှစ်ယောက်မှာ ဂျေဆင် တစ်ယောက် သေသွားရတာပဲဖြစ်တယ် ... သေသွားပေမဲ့ အလောင်းကို ရှာမတွေ့ခဲ့ပါဘူး ...

ဒီလိုနဲ့ ကျောင်းဖွင့်ခါနီး တစ်ပတ်လောက်မှာ မြို့ကို လော့ခ်ျ မိသားစု သားအမိ နှစ်ယောက်
ထပ်ပြောင်းလာခဲ့တယ် .... လော့ခ်ျမိသားစုက သမီးဖြစ်တဲ့ ဗရော်နီကာ ကလည်း အာချီ တို့ ဘက်ဒီ တို့ နဲ့ အတန်းတူတစ်ကျောင်းတည်း တက်ရတဲ့အခါ ...

သူတို့ သုံးယောက်ကြားမှာ ဘာတွေဖြစ်လာမလဲ ???
ဒီမြို့လေးက မိသားစုတွေက ဆက်စပ်နေကြတော့ သူတို့ရဲ့ ဆက်စပ်မှု့တွေကရော ဘယ်လို ဆက်စပ်မှု့တွေ ဖြစ်မလဲ ???
နောက်ပြီး ဘလော်ဆန် မိသားစုက ဂျေဆင် သေရတာက ဘာကြောင့် ဖြစ်မလဲ ??? ဂျေဆင်သေဆုံးရမှု့မှာရော ဘယ်သူတွေ ပါဝင် ပတ်သတ်နေဦးမလဲ ??? ဆိုတာ ဇာတ်လမ်းလေးကို ကြည့်ပြီးမှပဲ သိရမှာမို့ ကြည့်ပေးကြပါလို့ ....

တစ်ပိုင်းနဲ့ တစ်ပိုင်းလည်း တကယ် မရိုးရအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းလေးပါ ...

တစ်ပိုင်းပြီး နောက်တစ်ပိုင်းက ဘာဖြစ်မလဲဆိုတာ မခန့်မှန်းတတ်လောက်အောင် ကြည့်လို့ကောင်းပါတယ် ... မလွတ်တမ်း ကြည့်ရှု့သင့်ပါတယ် ...
မင်းသားလည်းချော မင်းသမီးတွေကလည်း ချောတော့ မျက်စိ ပသာဒ ဖြစ်မှာ သေချာပါတယ် xD ...


Translator : PDoubleST
Encoder : Bibbidi-Bobbidi Boo
Quality - 720p



Episode 01    -    Openload    |    SolidDrive    |    CM Cloud

Episode 02    -    Openload    |    SolidDrive    |    CM Cloud

Episode 03    -    Openload    |    SolidDrive    |    CM Cloud

Episode 04    -    Openload    |    SolidDrive    |    CM Cloud



Comments

Post a Comment

Popular posts from this blog

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

Love O2O ( 2016 ) - မြန်မာစာတန်းထိုး

ယောက်ျားလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားစေတဲ့အရာဟာ ဘာပါလဲ? အလှတရားကြောင့်လား ? ငွေကြေးကြွယ်ဝမှုကြောင့်လား ? ဒီဇာတ်လမ်းကကောင်လေးအတွက်တော့ တစ်ခုမှမဟုတ်ပါဘူး ... ရှောင်းနိုင့်လို့ခေါ်တဲ့ ချင်တက္ကသိုလ်က ကောင်လေး ချောချောလေးက ... ပေဝေဝေလို့ခေါ်တဲ့ ကောင်မလေးကိုမြင်မြင်ခြင်းကြွေသွားရတဲ့အကြောင်းအရင်းက ... ဝေဝေရဲ့အလှကြောင့်မဟုတ်ပဲ...Game တစ်ခုကို battle ဆိုင်နေတဲ့အချိန် ... Computer Keyboard ပေါ်မှာပြေးလွှားနေတဲ့ ...ဝေဝေ့ရဲ့လက်ချောင်းသွယ်သွယ်လေးတွေကြောင့်ပါပဲ... ( မှတ်ထားကြနော် ကောင်လေးချောချောလေးတွေက လက်ချောင်းသွယ်သွယ်လေးတွေကို ကြိုက်တယ်ဆိုတာကို ) ဇာတ်လမ်းအကျဉ်းလေးက  ပေဝေဝေ  လို့ခေါ်တဲ့ ချင်တက္ကသိုလ်က Computer Science မေဂျာရဲ့ Queenလေးက Online game ဆော့တာလည်း အရမ်းတော်တဲ့ကောင်မလေးပါ တစ်နေ့မှာ  သူတို့ကျောင်းက အရမ်းချောပြီး မိန်းကလေးတိုင်း ကြွေရတဲ့ သူတို့မေဂျာကစီနီယာ ရှောင်းနိုင့်  က  အင်တာနက် cafe မှာဂိမ်းbattle ဆိုင်နေတဲ့ ဝေဝေ့ကို အမှတ်မထင်တွေ့ပြီးကြွေသွားပါတယ် အဲ့အခါမှာ ဝေဝေ့နဲ့နီးအောင်လို့game ထဲကနေ ကြိုးစားချဉ်းကပ်ပါတော့တယ် ရှောင...

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...