Skip to main content

Marvel's Jessica Jones Season 1 ( 2015 ) - မြန်မာစာတန်းထိုး


Eng series လေးတွေ တင်ဆက်ဖို့လုပ်နေတဲ့ MMATV ကနေ Jessica Jones ဆိုတဲ့ 2015 မှာ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော် ...

ဒီဇာတ်လမ်းတွဲလေးကတော့ Defenders လေးယောက်ဖြစ်တဲ့ Daredevil , Iron Fist , Jessica Jones & Luke Cage တို့ထဲက တစ်ယောက်ပါ ...

Season 1 မှာစုစုပေါင်း 13 ပိုင်းရှိပါတယ် ... Translate ပိုင်းမှာလည်း အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်လို့ ... Professional တွေ Native Speakers တွေမဟုတ်တဲ့အတွက် အမှားပါခဲ့ရင်လည်းနားလည်ပေးကြပါရှင့် ....

ဇာတ်လမ်းအကျဉ်း -
New York မြို့မှာအခြေချပြီးနေထိုင်နေတဲ့ ကြေးစားစုံစမ်းသူအနေနှင့် လုပ်နေတဲ့ ဂျက်ဆီကာ ဟာအတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကြောင့် တစ်ခုခုကိုအမြဲစိုးရိမ်နေရသူပါ ...

တစ်နေ့မှာတော့ စလော့မန်းလင်မယားဟာသူ့သမီး "ဟော့" ပျောက်တာကိုစုံစမ်းဖို့ ဂျက်ဆီကာကို လာငှါးပါတယ် ... ဟော့ကိုကေးဂရေ့လို့ခေါ်တဲ့သူက ခေါ်သွားတာလို့ ဂျက်ဆီကာ က ယူဆပြီးစုံစမ်းမှုတွေဆက်လုပ်ပါတော့တယ် ... ကေးဂရေ့ဆိုတာ ဂျက်ဆီကာရဲ့ အတိတ်ဆိုးရဲ့အဓိကကျတဲ့သူဖြစ်ပြီး စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ ...

ကေးဂရေ့ကိုဂျက်ဆီကာက မတော်တဆမှုမှာသေပြီလို့မှတ်ထားတာပါ ...
ဒါပေမယ့်ကေးဂရေ့ကမသေပဲ လက်စားပြန်ချေဖို့ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ ???
ကေးဂရေ့ နှင့် ဂျက်ဆီကာ က ဘယ်လိုပတ်သတ်နေကြတာလဲ ???
မတော်တဆမှုကဘယ်လိုဖြစ်ခဲ့တာလဲ ??? ကေးဂရေ့ကကောဘာလို့ဂျက်ဆီကာကိုလက်စားချေချင်နေရတာလဲ ???
ဂျက်ဆီကာကကောဘာကိုစိုးရိမ်နေတာလဲ ???
ဆိုတာတွေကိုတော့ Jessica Jones ဆိုတဲ့ ဒီကားလေးမှာအားပေးကြည့်ရှုနိုင်ပါပြီ
တစ်ပိုင်းနှင့်တစ်ပိုင်းက ဆက်စပ်နေတာမို့လို့ ပထမတစ်ပိုင်းလောက်ကြည့်ရုံနဲ့တော့ ဇာတ်လမ်းကို နားလည်လောက်မှာမဟုတ်ပါဘူး ... ဒါ့ကြောင့် season1ပြီးတဲ့ထိအားပေးကြပါလို့ ...

Rating အရဆိုရင်လဲ IMDb မှာ 8.9 ရရှိထားတာကြောင့် တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ ...


Translator : Sandar Lwin
Encoder : Bibbidi-Bobbidi Boo
Quality : 720p
File Size : around 250 MB




Comments

Post a Comment

Popular posts from this blog

Three Lives Three Worlds , Ten Miles of Peach Blossoms ( 2017 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ ... တရုတ်ဇာတ်လမ်းတွဲတွေကို ပြန်နေကြဖြစ်တဲ့ အစ်မ Hsu Min Min Hlaing က လဲ သူ့ကား Novoland : The Castle in the Sky လေးပြီးလို့ နောက်တစ်ကား ဘာပြန်ရမလဲမသိပဲ ဒွိဟဖြစ်နေချိန် ဒီကားလေး ထွက်လာလို့ ... မရ ရအောင် အပူက ပ် မဲဆွယ်ပြီး ဘာသာပြန်ခိုင်းဖြစ်လိုက်ပါတယ် ... အခုချိန်မှာတော့ မြန်မာစာတန်းထိုး လေးနဲ့ ကြည့်ရှုနိုင်ပါပြီ ... ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ '' Three Lives Three World, Ten Miles of Peach Blossoms '' ဖြစ်ပါတယ် ... Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ပိုင်ချင်းကအဆင့်မြင့်နတ်ဘုရားမဖြစ်ပြီး ကောင်းကင် ဘုံဆိုင်ရာနယ်ပယ်ထဲကတိုင်းပြည်တစ်ခုဖြစ်တဲ့ ချင်ချိုရဲ့လက်ရှိအမျိုးသမီးဧကရာဇ်လဲဖြစ်တယ် ... ပိုင်ချင်း က ခွန်လွန်တောင်ရဲ့တပည့်တယောက်ဖြစ်ပြီး အသူရာသခင် ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာသေမျိုးနယ်ပယ်ထဲကျရောက်သွားတယ် ... သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကိုလျစ်လျူရှုပြီး သေမျိုးနယ်ပယ်ထဲမှာ ...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

Moonlight Drawn by Clouds ( 2016 ) - မြန်​မာစာတန်းထိုး

မိန်းကလေးဆိုတာကို ဖုံးကွယ်ပြီး ယောကျာ်းလေးလိုဟန်ဆောင်ကာ  အောင်သွယ်တော် အလုပ်လုပ်နေတဲ့ ဆမ်နွန် (Kim Yoo-jung.) ဆမ်နွန်က ဖောက်သည် တစ်ယောက်အတွက်ရေးပေးတဲ့ ရည်းစားစာဟာ အိမ်ရှေ့မင်းသားရဲ့ ညီမဖြစ်သူအတွက် ဖြစ်နေတဲ့အခါ.... ညီမဖြစ်သူဆီကို ရည်းစားစာ ရေးတာဘယ်သူလဲဆိုတာကို စုံစမ်းနေတဲ့ အိမ်ရှေ့မင်းသား ဟိုမြောင် ( Park Bo-gum ) သူတို့နှစ်ဦး တွေ့ကြတဲ့အခါ.. ဘယ်လို အဖြစ်အပျက်ကလေးတွေ ဖြစ်လာသလဲဆိုတာရယ်.. ဆမ်နွန်က မိန်းမစိုးအဖြစ် နန်းတွင်းကို ရောင်းစားခံလိုက်ရတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုဖို့.. Moonlight Drawn by Clouds  ကို ချစ်ပရိတ်သတ်ကြီး အတွက်  တင်ဆက်ပေးလိုက်ပါတယ်နော်.. Country.      : South Korea Translator    : Thae Thae Encoder       : Thae Thae Episode 1 (Mediafire Link)   Episode 1 (pcloud Link )    Episode 2 (Mediafire Link) Episode 2 (pcloud Link )      Episode 3 (Mediafire Link ) Episode 3 (pcloud Link)    Episode 4 ...

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

The Cat Returns ( 2002 ) - မြန်မာစာတန်းထိုး

Series တွေကြည့်လို့ငြီးငွေ့နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Fantasy / Drama ကားလေးဖြစ်တဲ့ ဂျပန်anime ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ကားလေးကတော့ဂျပန်ကာတွန်းကားလေးတွေရဲ့ ထုံးစံအတိုင်း rating ကတော့မနိမ့်လှပါဘူး ... IMDBမှာ 7.3/10 နဲ့ Rotten Tomatoes 89%ရထားပါတယ် ... ဇာတ်လမ်းအကျဉ်းကတော့ - ဟာရူဆိုတဲ့အထက်တန်းကျောင်းသူလေးက တစ်နေ့မှာကားတိုက်မလိုဖြစ်နေတဲ့ ကြောင်မင်းသားလေးလွန်း ကို ကယ်ခဲ့မိပါတယ် ... ကျေးဇူးဆပ်တဲ့အနေနဲ့ ကြောင်ဘုရင်ကြီးက သူ့ကိုမင်း သားလေးနဲ့လက်ထပ်ပီး ကြောင်တိုင်းပြည်ကိုခေါ်ချင်နေပါတယ် ... ဟာရူတစ်ယောက်လိုက်သွားရမှာကြောက်ပီး "ကြောင်အကျိုးဆောင်ရုံး" ကိုသွားပီး အကူအညီတောင်းတဲ့အခါ ကြောင်ဝတုတ်ကြီးမူးတ,ရုပ်ထုတွေဖြစ်ကြတဲ့ ကြောင်ဘာရွန်နဲ့ ကျီးကန်းတိုတို တို့ကအကူအညီပေးကြပါတယ် ...  ဟာရူတစ်ယောက်ကြောင်တိုင်းပြည်ကို လိုက်သွားပီးမင်းသားလေးနဲ့လက်ထပ်ရမလား? ကြောင်မလေးဖြစ်သွားမှာလား? ဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ ... ဒီဇာတ်ကားလေးထဲမှာတော့ ကြောင်ဝတုတ်ကြီး မူးတ ရဲ့ ချစ်စရာ ဟန်ပန်တွေ ၊ အစားအသောက်မက်ပုံတွေ ၊ ဘာရွန် ရဲ့ စတိုင်တွေက အတော်ကို ကြ...