Skip to main content

Rush To The Dead Summer ( 2017 ) - မြန်မာစာတန်းထိုး


"Rush to the dead (2017)"

MMATV ရဲ့ချစ်လှစွာသော ပရိတ်သတ်ကြီးကိုဒီတစ်ခေါက်မှာတော့ 2017ထွက်Chinese series အလန်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။
Jun 11ရက်နေ့ကစလွှင့်ခဲ့ပီး July 8 ရက်နေ့မှာမှ ဇာတ်သိမ်းသွားတဲ့ လတ်လတ်ဆတ်ဆတ်ကားလေးပါ။စုစုပေါင်းအပိုင်း(46)ပိုင်းပါဝင်တဲ့ လူငယ်ကျောင်းသားအချစ်ကားလေးပါ။
-မင်းသားနှစ်ယောက်နဲ့မင်းသမီးတစ်ယောက်အဓိကပါဝင်ထားတာဖြစ်ပါတယ်။မင်းသမီးကတော့ "Love 020"ထဲကမင်းသမီး "Zheng Shuang " မင်းသားတွေက "Cheney Chen " ရယ် "Jingting Bai " တို့ကအဓိကပါဝင်ထားပါတယ်။

-ဇာတ်လမ်းပုံစံလေးကတော့Quianchaung အနုပညာအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား/ဆရာ/သူငယ်ချင်းတွေကြားက အဖြစ်အပျက်တွေကိုပုံဖော်ထားတာဖြစ်ပါတယ်။
တခြားကျောင်းသားကားတွေလိုမဟုတ်ပဲ အပိုင်းတစ်ကိုစကြည့်မိတာနဲ့ နောက်အပိုင်းတွေကိုဆက်ကြည့်ချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။

-ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်....Fu Xia Si နဲ့ Lu Zhi Ang လို့ခေါ်တဲ့အရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။
Fu Xia Si ကတော့main lead တို့ထုံးစံခပ်တည်တည်နဲ့နေတတ်ပီး စကားလည်းနည်းသလို အေးလည်းအေးပါတယ်။Lu Zhi Ang ကတော့ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။
နှစ်ယောက်လုံးက စာလည်းတော်ပီး စတိုင်မိုက်တာကြောင့် ကျောင်းမှာနာမည်ကြီးပါတယ်။သူတို့နှစ်ယောက်ကငယ်ငယ်လေးတည်းက ခင်လာကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေဆိုလည်းမမှားပါဘူး။

-Li Xia လို့ခေါ်တဲ့ အဖေမရှိတော့တဲ့ အေးလည်းအေးတဲ့ ကောင်မလေးရယ် စကားများပီးနေရာတကာပါတတ်တဲ့ Li Xia ရဲ့ဆန့််ကျင်ဘက် Cheng Qi Qi လို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်ကလည်း အရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ပါပဲ။

- အထက်တန်းကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်မှု တစ်ယောက်နဲ့တစ်ယောက်ကူညီမှု သူငယ်ချင်းတွေကြားထဲကရယ်စရာအဖြစ်အပျက်လေးတွေ ဆရာတွေနဲ့ပက်သက်တဲ့ပဋိပက္ခတွေကို တွေ့မြင်ခံစားရမယ့် ကျောင်သားစီးရီးကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
- ဇာတ်လမ်းရှည် တစ်ပုဒ် ဖြစ်တဲ့ ဒီကားလေးကို ရင်ခုန်ခံစားကြည့်ကြစို့။

Translator : Khin July Moe
Encoder : MTK
Quality : 720p



Comments

  1. နောက်အပိုင်းတွေထပ်တင်ပေးပါအုံးနော်

    ReplyDelete
  2. နောက်အပိုင်းတွေထပ်တင်ပေးပါ

    ReplyDelete
  3. ထပ်တင်ပေးပါအုံး

    ReplyDelete

Post a Comment

Popular posts from this blog

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Uncontrollably Fond ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​ကား​လေးကို​တော့ နာမည်​ကြီးမင်းသားတ​ယောက်​ဖြစ်​တဲ့ Kim Woo-bin နှင့်​ " Miss A " K Pop အဖွဲ့မှ မင်းသမီး Bae Suzy တို့ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​လမ်းတွဲ​လေးပါ ...လက်​ရှိ ​တောင်​ကိုရီးယားမှာ ထုတ်​လွှင့်​​နေတဲ့ ဇာတ်​လမ်းတွဲ​တွေထဲမှာ hot အဖြစ်​​နေဆုံး series ​လေးတစ်​ခုပါ  ... DOTS လို့ အများသိကြတဲ့ Descendants of the Sun ကို​တောင်​ ဖြတ်​​ကျော်​နိုင်​မယ်​လို့ ထင်​​ကြေး​ပေး​နေကြတဲ့ ဇာတ်​လမ်းတွဲ​လေးတစ်​ခုပါ ... အစ အဆုံး ရိုက်​ကူးပြီးမှ ထုတ်​လွှင့်​ခြင်းလဲ ဖြစ်​ပါတယ်​ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - မင်းသား Woo-bin နဲ့ မင်းသမီး Suzy တို့ ငယ်​စဉ်​အခါထဲက ချစ်​သူ​တွေဖြစ်​ခဲ့ကြပြီး ကံကြမ္မာရဲ့ အ​ပြောင်းအလဲတစ်​ခု​ကြောင့်​ ​ဝေးကွာသွားခဲ့ရပါတယ်​ .. အရွယ်​​ရောက်​လာ​သောအချိန်​မှာ​တော့ Woo-bin က နာမည်​ကြီး top star တ​ယောက်​ဖြစ်​လာပြီး​တော့ Suzy က​တော့ PD တ​ယောက်​ဖြစ်​လာခဲ့ပါတယ်​ ... ဘယ်​လို အ​ကြောင်းအရာ​တွေက သူတို့ကို ပြန်​ဆုံ​စေမလဲ ? အရင်​တုန်းကလိုပဲ သူတို့ ပြန်​ချစ်​​နေသွားကြမှာလား ? သူတို့ နှစ်​ဦး မထင်​မှတ်​ထားတဲ့ အရာ​နဲ့ ရင်​ဆိုင်​ရတဲ့ ဘာ​တွေ ဆက်​ဖြစ်​သွားမလဲ ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ေ...