ယူဟွန်ဂျေးက ၉၀နှောင်းပိုင်းမှာ အရမ်းနာမည်ကြီးလာတဲ့ JAY-2ဆိုတဲ့အဖွဲ့ထဲကတစ်ယောက်ပါ ... တစ်နေ့မှာတော့ အဆိုတော်မလေး ဟုန်းဘိုဟီးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ JAY-2အဖွဲ့လည်း ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ် .... သိပ်မကြာခင်မှာပဲ အဲ့သတင်းတွေနဲ့အတူ အဆိုတော် ယူဟွန်ဂျေးက ပျောက်ခြင်းမလှပျောက်သွားပါတော့တယ် ....
၂၀၁၇ မှာတော့ လီဂျီဟွန်းက အဆိုတစ်ယောက်ဖြစ်ချင်သူပါ ... ဒါပေမဲ့ သူ့အဖေ လီဂွမ်ဂျေးကတော့ သူ့သားကို လစာပုံမှန်ရတဲ့ အစိုးရဝန်ထမ်းပဲ လုပ်စေချင်တယ် ... အဲ့တာနဲ့ လီဂျီဟွန်းက အစိုးရဝန်ထမ်းစာမေးပွဲဖြေချင်နေတဲ့ သူငယ်ချင်းဖြစ်သူ ချွဲဝူဆန် ကိုသူကိုယ်စားကျောင်းတတ်ခိုင်းပြီး သူကတော့ SP Entertainment မှာ သင်တန်းသားအဖြစ် လေ့ကျင့်နေပါတယ် ... ဒီလိုနဲ့ သူတို့တွေဆီက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ပျောက်ဆုံးသွားခဲ့တဲ့ ယူဟွန်ဂျေး တစ်ယောက် ဟာရုတ်တရက်ကြီး ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ....
ဒီကားမှာဆိုရင် -
ယူဟွန်ဂျေးအဖြစ် Mirror Of The Witch ထဲကခေါင်းဆောင်မင်းသား Yoon Si Yoon
လီဂျီဟွန်းအဖြစ် ကလေးသရုပ်ဆောင်ဘဝထဲက အားလုံးနဲ့အရမ်းရင်းနှီးနေတဲ့ Goblin ထဲက မင်းကြီးအငယ်လေး Kim Min Jae
ဂျီဟွန်းရဲ့အဖေ လီဂွမ်ဂျေးအဖြစ် My Sassy Girl နဲ့ စတင်လူကြိုက်များလာတဲ့ Blossom Brother တစ်ယောက်ဖြစ်တဲ့ Cha Tae Hyun
ချွဲဝူဆန်း အဖြစ် The Gentlemen of Wolgyesu Tailor Shop မှာ ပါဝင်ပြီး လူကြိုက်များလာတဲ့ Lee Se Young တို့ကအဓိပါဝင်သရုပ်ဆောင်ထားပါတယ် ...
ပြီးတော့ ဒီကားမှာ နာမည်ကြီးတော်တော်များများလည်း Guest အဖြစ်ပါဝင်ထားကြပါတယ် ...
KBS2 ရုပ်သံဌာနမှ ထုတ်လွှင့်လျက်ရှိတာဖြစ်ပြီး အပိုင်းရေ ၃၂ ပိုင်း ပါဝင်ထားတဲ့ Youth , Music , Romance & Comedy ဇာတ်လမ်းလေးပါ ....
Translator : Nyo Lae Nwal
Encoder : Anonymous X
Quality : 720p

sat ma tin pay bu la bya
ReplyDeleteအပိုင်းဆက်တွေမတင်တော့ဘူးလား
ReplyDeleteWaiting
ReplyDeleteနောက်ထပ်အပိုင်းတွေတင်ပေးပါအုံး
ReplyDeleteI wanna watch the kdrama, plz upload the link
ReplyDelete