Skip to main content

Princess Hours - Thai Ver. ( 2017 ) - မြန်မာစာတန်းထိုး



တရုတ်သံတွေ ထိုင်ဝမ်သံတွေ ဂျပန်သံတွေ ကိုရီးယားသံ တွေကို ကြားနေမြင်နေ ကြည့်နေရမှာ ငြီးငွေ့လာမှာစိုးလို့ 2017 ခုနှစ်ထွက် အသစ်စက်စက် Thai Drama လေး တစ်ခုကို တင်ဆက်လိုက်ရပါတယ် ...

မနေ့က Trailer video တုန်းက ပြောပြခဲ့တဲ့ အတိုင်း ဒီဇာတ်လမ်းလေးဟာ တစ်ခေတ်တစ်ခါ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင် ( Princess Hours ) ကို အခြေပြုပြီး Thai တွေမှ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

25.04.2017 က စပြီး ထိုင်းနိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ True4U ရုပ်သံလိုင်း မှ ထုတ်လွှင့်ပြသလျက်ရှိပြီး ယနေ့နဲ့ဆို 3 ပိုင်း တိတိ ထုတ်လွှင့်ပြီးလျက်ရှိပါပြီ  ...

Main Cast တွေ အနေနဲ့ကတော့ မင်းသား Phiangphor Sarasathapheng နှင့် မင်းသမီးချောလေး Ungsumalynn Sirapatsakmetha တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဘူတင် နိုင်ငံက် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး သာဒါ မှာ သားတော်တစ်ပါးရှိတယ် ... သူကတော့ မင်းသားလေး အင် ပေါ့ ... ဘုရင်ကြီး နာမကျန်းဖြစ်တဲ့အချိန်မှာ England နိုင်ငံမှာ ပညာပြန်သင်ကြားနေတဲ့ အင် ကို ပြန်ခေါ်ပြီး ... အရင် မင်းကြီး ထားခဲ့တဲ့ ကတိစကားတစ်ခုအရ အမျိုးသမီးငယ် တစ်ဦးနဲ့ လက်ဆပ်ပေးဖို့ ပြောပါတော့တယ် ... ထို အမျိုးသမီးငယ်လေးကတော့ အနုပညာ ဘာသာရပ်ကို လေ့လာဆည်းပူးနေပြီး ပျော်ပျော်ပါးပါး ရွှတ်ရွှတ်နောက်နောက် နေတတ်ပြီး အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကျောင်းသူလေး ခနင် ပါ ...

ထိုအသက် ၁၉ နှစ်သာရှိသေးပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ခနင် ဟာ ရုတ်တရက် လက်ထပ်ရတော့မယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုကြီးနဲ့ ရင်ဆိုင်ရသောအခါ ... ထိုအမျိုးသားမှာလဲ ဘူတင် နိုင်ငံရဲ့ မင်းသားလေး ဖြစ်နေမှန်း သိလိုက်ရသောအခါ ... ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Princess Hours ( Thai Ver. ) လေးကို ကြည့်ရှုလိုက်ကြရအောင်နော် ...

Romance , Comedy သီးသန့်မဟုတ်ပဲ တခြား ဘာတွေပါလာမလဲဆိုတာကိုတော့ ရင်ခုန်စွာ ကြည့်ရှုခံစားလိုက်ကြရအောင်နော် ...

Rating အရလဲ MyDramaList မှာ 7.6/10 ရရှိထားတဲ့ rating ကောင်း Drama လေး တစ်ခုဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်နော် ...


Translator - Myat Shweyeai Khine | Anonymous X
Encoder - Anonymous X
Quality - 720p
File Size - 300+ MB




Comments

  1. အရမ်းကောင်းပါတယ်
    ကေျးဇူးတင်ပါတယ်
    အားပေးနေပါတယ် ^^

    ReplyDelete
  2. Plzzz ep 6
    စောင့်ရတာလယ်ပင်းရှည်နေဘီ😃😃😃

    ReplyDelete
  3. အဇမ်းကျေးဇူးတင်တာပဲ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အပိုင်းဆက်လေး plz

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. http://myasiantv.se/drama/fight-for-my-way/episode-1/

    ReplyDelete
  8. အပိုင်း၈ကိုမျော်နေပါတယ်ကျေးဇူးတင်ပါတယ်

    ReplyDelete
  9. အပိုင်းသစ်တွေကဘယ်တော့တင်တာလဲ စောင့်ရတာသစ်ကုလားအုတ်ဖြစ်တော့မှာမို့လို့ပါ :-):-D

    ReplyDelete
  10. 10 & 11 လာသေးဘူးလား

    ReplyDelete
  11. 10&11ကိုမျှော်နေပါတယ်လို့


    ReplyDelete
  12. 10နဲ့၁၁ ကိုမျှော်နေတုန်းပဲ

    ReplyDelete
  13. 15 လာသေးဘူးလား :)

    ReplyDelete
  14. ကျန်တဲ့အပိုင်းလေးတွေလဲ ဆက်ပါဦးနော် ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. new episode plzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz

    ReplyDelete
  17. 155555555555555555555555555555555555555555555555555555555

    ReplyDelete
  18. အသစ်မတင်တော့ဖူးလားဗျာ

    ReplyDelete

Post a Comment

Popular posts from this blog

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Uncontrollably Fond ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​ကား​လေးကို​တော့ နာမည်​ကြီးမင်းသားတ​ယောက်​ဖြစ်​တဲ့ Kim Woo-bin နှင့်​ " Miss A " K Pop အဖွဲ့မှ မင်းသမီး Bae Suzy တို့ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​လမ်းတွဲ​လေးပါ ...လက်​ရှိ ​တောင်​ကိုရီးယားမှာ ထုတ်​လွှင့်​​နေတဲ့ ဇာတ်​လမ်းတွဲ​တွေထဲမှာ hot အဖြစ်​​နေဆုံး series ​လေးတစ်​ခုပါ  ... DOTS လို့ အများသိကြတဲ့ Descendants of the Sun ကို​တောင်​ ဖြတ်​​ကျော်​နိုင်​မယ်​လို့ ထင်​​ကြေး​ပေး​နေကြတဲ့ ဇာတ်​လမ်းတွဲ​လေးတစ်​ခုပါ ... အစ အဆုံး ရိုက်​ကူးပြီးမှ ထုတ်​လွှင့်​ခြင်းလဲ ဖြစ်​ပါတယ်​ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - မင်းသား Woo-bin နဲ့ မင်းသမီး Suzy တို့ ငယ်​စဉ်​အခါထဲက ချစ်​သူ​တွေဖြစ်​ခဲ့ကြပြီး ကံကြမ္မာရဲ့ အ​ပြောင်းအလဲတစ်​ခု​ကြောင့်​ ​ဝေးကွာသွားခဲ့ရပါတယ်​ .. အရွယ်​​ရောက်​လာ​သောအချိန်​မှာ​တော့ Woo-bin က နာမည်​ကြီး top star တ​ယောက်​ဖြစ်​လာပြီး​တော့ Suzy က​တော့ PD တ​ယောက်​ဖြစ်​လာခဲ့ပါတယ်​ ... ဘယ်​လို အ​ကြောင်းအရာ​တွေက သူတို့ကို ပြန်​ဆုံ​စေမလဲ ? အရင်​တုန်းကလိုပဲ သူတို့ ပြန်​ချစ်​​နေသွားကြမှာလား ? သူတို့ နှစ်​ဦး မထင်​မှတ်​ထားတဲ့ အရာ​နဲ့ ရင်​ဆိုင်​ရတဲ့ ဘာ​တွေ ဆက်​ဖြစ်​သွားမလဲ ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ေ...