Skip to main content

I Am Sorry , I Love You ( 2015 ) - မြန်မာစာတန်းထိုး



The Lost Tomb နဲ့ Buzzer Beat လေး ပြီးသွားပြီဆိုတော့ နောက်ထပ် series လေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ ...

ဒီဇတ်ကားလေးဟာ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Taiwan Series လေး တစ်ခုဖြစ်ပြီး အပိုင်းရေ ၁၃ ပိုင်း ပါဝင်ထားပါတယ် ...

Jasper Liu , Bryant Chang & Andrea Chen တို့က အဓိက Main Cast တွေ အနေဖြင့် ပါဝင်ထားပါတယ် ... ဇာတ်လမ်းအမျိုးအစားလေးကတော့ Fantasy , Romance လေးပါ ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟန်​စီရီ ( Andrea Chen ) ဆိုတဲ့​ကောင်​မ​လေးဟာ သူချစ်​သူ​ကောင်​​လေး ​ပေးခဲ့တဲ့နာရီလေးဟာ အခြေအနေတစ်ရပ်ကြောင့် ပျက်ဆီးခဲ့ရပါတယ် ... ဘယ်​ဆိုင်​မှာလိုက်​ပြင်၍မရတော့ပဲ ... ​နောက်​​တော့ သူ့သူငယ်​ချင်း တန်​ကျန့်​နန်​ က ၀န်​ရှုဟိုင်​ ( Bryant Channel ) ဆိုတဲ့အင်​ဂျင်​နီယာ​လေးကိုသွားပြင်​ခိုင်းပါတယ်​ ...

ကံ​ကောင်း​ထောက်​မစွာနဲ့ပဲ ၀န်​ရှုဟိုင်​ကပြင်​လို့ရသွားပြီး ... သူအဲ့နာရီကို စမ်းဝတ်​ကြည့်​လိုက်​တဲ့အခါမှာ​တော့ နာရီ ထဲက​နေ ၀ိဥာဉ်​တစ်​ခ ဝုန်းခနဲ ထွက်ပေါ်လာပါတယ် ...

ဟန်​စီရီ (Andrea Chen ) နှင့်​ ၀ိဥာဉ်​ နှင့်​ဘယ်​လိုပတ်​သက်​မှုရှိလဲ ?
ဘာလို့ ၀န်​ရှုဟိုင်​ နာရီဝတ်​လိုက်​​တော့မှ ၀ိဥာဉ်​ ကထွက်​ပေါ်လာရတာလဲ ?
ဆိုတာကိုတော့ " I Am Sorry , I Love You " ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်ပြီး အဖြေရှာလိုက်ရအောင်နော် ...

Fantasy ဆန်ဆန် ဇာတ်လမ်းလေးကို Romance , Comedy လေးတွေနဲ့ ရောနှေပြသထားတာမို့ Fantasy ကြိုက်နှစ်သက်သူတွေအတွက်ရော ... Romance ဇာတ်လမ်းတွေကို ခုံမင်နှစ်သက်သူတွေ အတွက်ရော အကြိုက်တွေ့စေလိမ့်မယ်လို့ ရဲရဲကြီးကြီး အာမခံလိုက်ရပါတယ် ...

Rating အရ ကြည့်မယ်ဆိုရင်လဲ Viki မှာ 9.2/10 နှင့် MyDramaList မှာ 7.6/10 ရရှိထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးလို့ပဲ ထပ်ညွှန်းလိုက်ပါရစေနော် ...


Translator - Sandar Lwin
Encoder - Anonymous X
Quality - 720p

Comments

  1. ဇာတ်ကားတွေ အားပေးပါတယ်ဗျ
    Bollywood ဇာတ်ကားလေးတွေလဲ တင်ပေးစေချင်ပါတယ်❤️❤️

    ReplyDelete
  2. အားပေးတယ်တင်ပေးပါအဆုံးထိ

    ReplyDelete
  3. အပိုင်းဆက်လေးတွေထပ်တင်ပေးပါအုံး ဘယ်သူတွေဘဲ ကြည်ကြည်မကြည်ကြည် ကျနော်ကတော MA TV C ရဲ့ ထာဝရ ပရိတ်သတ် တစ်ယောက် အနေနဲ့ အမြဲတန်းအားပေနေပါတယ် ဗျာ

    ReplyDelete
  4. မျော်နေတယ် ဗျာ ပိုင်းဆက်လေးတွေ တင်ပေးပါအုံး

    ReplyDelete
  5. တင်​​ပေးပါအုံး​ခင်​​ဗျာ

    ReplyDelete
  6. ထပ်ဖြည်းပေးပါအုံး ဗျာ ကောင်းကွက်လေးတွေရောက်လာပီ

    ReplyDelete
  7. ep 12'13 please please please

    ReplyDelete
  8. can't download episode 9. please upload episode 9 again

    ReplyDelete
  9. ep 9 မရဘူးလေ


    ReplyDelete

Post a Comment

Popular posts from this blog

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

Bride Of The Water God (2017) -မြန်မာစာတန်းထိုး

Bride Of The Water God (2017)-မြန်မာစာတန်းထိုး Bride of the Water God ( 하백의 신부 )👑👒 မကြာသေးခင်ကမှ ဆက်ကျော်သက်တွေကြားထဲ ရေပန်းစားခဲ့တဲ့ စားနေဆဲ မင်းသားချောတစ်လက်ဖြစ်တဲ့  Nam Joo Hyuk ရဲ့ နောက်ထပ် အောင်မြင် မှုတွေ ထပ်ဆောင်းပေးနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်.... ဒီကားမှာဆိုရင် ပရိသတ်အချစ်တော် F(X) အဖွဲ့ ဝင် Krystal ကလည်း နတ်ဘုရားမလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်....... ပုံမှန်အချစ်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နတ်ဘုရားတစ်ပါး နှင့် သာမန် လူသားမိန်းကလေး တစ်ဦးတို့ ချစ်ကြိုက်မိရာကနေဘယ်လိုမျိုး စိတ်လှုပ်ရှားမှု တွေ ဘယ်လိုပေးစွမ်းနိုင်မလဲဆိုတာ သိအောင် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်ပါတယ်....... နတ်ဘုရားနိုင်ငံတော်ကို အုပ်စိုးဖို့အတွက် လူ့ လောကမှာ သိမ်းထားတဲ့ အရေးကြီးတဲ့ ရတနာကို လာရှာရင်း လူသားမိန်းကလေးတစ်ဦးနှင့် တွေ့ ဆုံရာက နေ စိတ်ဝင်စားဖွယ်တွေ ပေါ်ပေါက်လာပါတော့တယ်.... လူ့ လောကထဲရောက်လာပြီး အစွမ်းတွေပျောက်ဆုံးသွားတဲ့ နတ်ဘုရားတစ်ပါး နှင့် စိတ်ကျန်းမာရေးဆိုင်ရာပြုစုပေးတဲ့ ဆရာဝန်မလေးတို့ရဲ့ အလွဲလွဲ အချော်ချော်တွေ့ ဆုံမှုတွေကနေ ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရ...

Animal Farm ( 1954 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးက Rebellion တစ်ခုကို တိရစ္ဆာန် လေးတွေနဲ့ ပုံဖော်ပြီး ရိုက်ထားတဲ့ ကားလေးပါ ... ဒီကားထဲမှာ ခြံရှင်ကြီး မာစတာ ဂျုန်း , Snowball , Napoleon နဲ့ Squealer လို့ခေါ်တဲ့ ဝက်ကလေး သုံးကောင် , Boxerဆိုတဲ့ မြင်းလေးနဲ့ Benjamin ဆိုတဲ့ မြည်းလေးတို့ပါဝင်ထားပါတယ် ... စာအုပ်ထဲမှ သင်ရတဲ့ Boxerရဲ့ ဇနီး Cloverတော့ မပါလာဘူး ... စာအုပ်ထဲကနဲ့ကွဲလွဲ ချက်လေးတွေ နည်းနည်း ရှိပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကဇာတ်လမ်းလေးပါ ... Asian Movie မဟုတ်ပေမယ့် အချို့တက္ကသိုလ် ကျောင်းသားတွေ သင်ရတဲ့ သင်ရိုးညွှန်းတန်းမှာပါလို့ သင်ထောက်ကူတစ်ခုအနေနဲ့ ကြည့်နိုင်ဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ... သခင်ဘသောင်း ဘာသာပြန်ဆိုထားတဲ့ "ခြေလေးချောင်း တော်လှန်ရေး"ဆိုတဲ့ စာအုပ်လည်းထွက်ထားတဲ့ ကားလေးပါ ... သူ့ခေတ်နဲ့သူ့အခါမှာတော့ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းလေးပါ ... ဒီကားလေးက လုပ်ရတာ လွယ်တယ်ထင်ရပေမယ့် တော်တော်ကို ခေါင်းစားခဲ့ရပါတယ် ... ကဲကဲ..ပိုပြီး သိရအောင်George Orwell ရေးတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်လိုက်ကြပါ ... ဗဟုသုတ ရစေမယ့် ကားလေးဖြစ်ပါတယ် ... Translator - Hsu Sandar Aung Encoder - Ka...

Kiss Me ( 2015 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​လမ်းတွဲ​လေးက​တော့ Korea ဇာတ်​လမ်းတွဲတစ်​ခုဖြစ်​တဲ့ " Playful Kiss " ကိုပြန်​ရိုက်​ထားတဲ့ ဇာတ်​ကား​လေးတစ်​ခုပါ .. ထိုင်းမင်းသား​ချော​လေး Mike D. Angelo နဲ့ ထိုင်းမင်းသမီး​ချော​လေး Aom Susher ပါဝင်​ထားပြီး ​ကျောင်းသား​တွေကြားထဲက သူငယ်​ချင်းအချင်းချင်း ရင်းနှီးမှုသံ​ယောဇဉ်​​တွေနဲ့ အဲ့ဒီကြားကဖြစ်​​ပေါ်လာတဲ့ ရင်​ခုန်​သံ​တွေကို Drama ဆန်​ဆန်​ Comedy ပုံစံဖြင့်​ရိုက်​ကူထား​​တဲ့ Thai series ​လေးတစ်​ခုပဲ ဖြစ်​ပါတယ်​ .. Rating အ​နေနဲ့က​တော့ mydramalist မှာ 8.4/10 ရရှိထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တယ့် ဇာတ်လမ်းတွဲလေးပါ .. Country       : Thailand Genre          : Drama , Romance , School Type           : Series Episode       :20 Translator    : ENN Encoder      : LoL Episode 1(Pcloud Link) Episode 2(Pcloud Link) Episode 3(Pcloud Link) Episode 4(Pcloud Link) Episode 5(Pcloud Link) Episode 6(P...