အခုတစ်ခါတင်ဆက်မှာကတော့ 2011 မှာ ထွက်ရှိခဲ့တဲ့ Hong Kong ရုပ်ရှင်ဇာတ်ကားလေးပါ ... ဇာတ်ကားအမျိုးအစားကတော့ fantasy , comedy အမျိုးအစားလေးပါ ...
ဇာတ်ဆောင်တွေအနေနဲ့ကတော့ မင်းသား Wu Chun , Wu Jing နဲ့ Raymond Wong Pak-ming တို့က အဓိကပါဝင်အားဖြည့်ထားပြီး မင်းသမီးအနေနဲ့ကတော့ Hong Kong မင်းသမီးချောလေး Karena Ng က ပါဝင်ထားပါတယ် ...
ဇာတ်လမ်းလေးကတော့ ကားနာမည်အတိုင်း မှော်ကားလေးပါပဲ ... မှော်ဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ အကြိုက်တွေ့စေမယ်လို့ အာမခံပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် - မှော်ဆရာတွေနဲ့ စမိတ်ဆက်ပေးရမှာပေါ့နော် ...
ရေ ၊ မြေ ၊ မီး ၊ သစ်သား ၊ သတ္ထု စသည်ဖြင့် ဓာတ်ကြီးငါးပါး မှော်ဆရာ ငါးယောက် ...
ထိုမှော်ဆရာငါးယောက်ရဲ့ အစွမ်းတွေကိုငှါးပြီး ခေတ္တအသုံးပြုကာ အတိတ်ကာလတစ်ခုကို ပြန်သွားအောင် ကြိုးစားနေတဲ့ မီးမှော်ဆရာ ...
တက္ကသိုလ်ကျောင်းတစ်ခုရဲ့ မိန်းကလေး ကျောင်းဘော်လီဘောအသင်း ...
မိမိကိုယ့်ကိုကိုယ် ရေ မှော်ဆရာမှန်း အများမသိအောင် တိတ်တဆိတ် နေတဲ့ ပါမောက္ခ Kang ...
မမျှော်လင့်ပဲ ပါမောက္ခ Kang ဆီကနေ မှော်စွမ်းအားတွေ ရသွားတဲ့ ကျောင်းသူမလေး ...
ခန္ဓာ နဲ့ ဝိဥာဉ် ကွဲနေပြီး မှော်စွမ်းအင်တွေ ပျောက်ဆုံးနေသဖြင့် ထိုကောင်မလေးဆီ အကူအညီလိုက်တောင်းနေတဲ့ မြေ မှော်ဆရာ ...
စသည်ဖြင့် ဇာတ်လမ်းလေးကို တကားလုံးပြီးတဲ့အထိ ပျင်းရိခြင်းမရှိပဲ ... ရီမောစရာလေးတွေ ရင်တုန်စရာလေးတွေနဲ့ ရိုက်ကူးဖော်ပြထားပါတယ် ...
မီးမှော်ဆရာရဲ့ အကြံအစည်အတိုင်း ကျန်တဲ့ လောက လေးပါးဆီက မှော်စွမ်းအားတွေ ရပြီး အတိတ်ကာလကို ရောက်သွားမလား ?
ကျန်တဲ့မှော်ဆရာလေးဦးကပဲ မီးမှော်ဆရာကို တားဆီနိုင်မလား ?
မြေ မှော်ဆရာကရော ခန္ဓာ နဲ့ ဝိဥာဉ် ပြန်ကပ်သွားမလား ? ဆိုတာကိုတော့ Magic to Win ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦးနော် ...
Rating အနေနဲ့ကတော့ IMDb မှာ 4.8/10 နှင့် Rotten Tomatoes မှာ 25% ရရှိထားပါတယ် ... rating နည်းပေမဲ့ တကယ်ကြည့်လို့ကောင်းတယ့် ဇာတ်လမ်းလေးဆိုတာ ကြည့်ရှုပြီးမှ သိမှာပါ ...
Translator - Eain Dray
Encoder - Anonymous X
Quality - 720p
File Size - 990 MB
Myanmar Asian TV Channel မှ တင်ဆက်သည် ။ ။

Comments
Post a Comment