Skip to main content

Posts

Showing posts from February, 2017

Animal Farm ( 1954 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးက Rebellion တစ်ခုကို တိရစ္ဆာန် လေးတွေနဲ့ ပုံဖော်ပြီး ရိုက်ထားတဲ့ ကားလေးပါ ... ဒီကားထဲမှာ ခြံရှင်ကြီး မာစတာ ဂျုန်း , Snowball , Napoleon နဲ့ Squealer လို့ခေါ်တဲ့ ဝက်ကလေး သုံးကောင် , Boxerဆိုတဲ့ မြင်းလေးနဲ့ Benjamin ဆိုတဲ့ မြည်းလေးတို့ပါဝင်ထားပါတယ် ... စာအုပ်ထဲမှ သင်ရတဲ့ Boxerရဲ့ ဇနီး Cloverတော့ မပါလာဘူး ... စာအုပ်ထဲကနဲ့ကွဲလွဲ ချက်လေးတွေ နည်းနည်း ရှိပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကဇာတ်လမ်းလေးပါ ... Asian Movie မဟုတ်ပေမယ့် အချို့တက္ကသိုလ် ကျောင်းသားတွေ သင်ရတဲ့ သင်ရိုးညွှန်းတန်းမှာပါလို့ သင်ထောက်ကူတစ်ခုအနေနဲ့ ကြည့်နိုင်ဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ... သခင်ဘသောင်း ဘာသာပြန်ဆိုထားတဲ့ "ခြေလေးချောင်း တော်လှန်ရေး"ဆိုတဲ့ စာအုပ်လည်းထွက်ထားတဲ့ ကားလေးပါ ... သူ့ခေတ်နဲ့သူ့အခါမှာတော့ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းလေးပါ ... ဒီကားလေးက လုပ်ရတာ လွယ်တယ်ထင်ရပေမယ့် တော်တော်ကို ခေါင်းစားခဲ့ရပါတယ် ... ကဲကဲ..ပိုပြီး သိရအောင်George Orwell ရေးတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်လိုက်ကြပါ ... ဗဟုသုတ ရစေမယ့် ကားလေးဖြစ်ပါတယ် ... Translator - Hsu Sandar Aung Encoder - Ka...

Jinx ( 2013 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကတော့ 2013 ခုနှစ်မှာ ထွက်ရှိတဲ့ Japan ဇာတ်ကားလေးပါ ... ဇာတ်အိမ်လေးကတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ ... လူငယ်ကြိုက် Drama / Romance ပုံစံ ဇာတ်လမ်းမျိုးလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ဂျီဟို က ကိုရီးယား သူလေးတစ်ယောက်ပေါ့ ... သူမ ချစ်သူ ထယ်ဝန်း နဲ့ သူ နဲ့က တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြပြီး ... အရမ်း romance ဆန်တဲ့ စုံတွဲလေးပါ ... သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း anni တစ်ခုပြည့်တိုင်း သူတို့ သဘောကျနှစ်ခြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲက romance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်သရုပ်ဆောင် ဖြစ်ကြပါတယ် ... ပြောရရင်တော့ အရမ်းကို romance ဆန်ပြီး ချစ်ကြတဲ့ စုံတွဲပေါ့ ... ဒါပေမဲ့လဲ သူတို့နှစ်ဦးရဲ့ anniversary date တစ်ခုမှာ '' Honeymoon on Ice '' ဆိုတဲ့ ဇာတ်လမ်းထဲက romance ဆန်တဲ့ ဇာတ်ဝင်ခန်းကို ပြန်လည်သရုပ်ဆောင်ဖို့ ချိန်းထားတဲ့နေ့မှာ ထယ်ဝန်း က ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားရပါတယ် ... ဒီလိုနဲ့ပဲ ဂျီဟို က ကိုရီးယားမှာဆိုရင် ထယ်ဝန်း ရဲ့ အငွေ့အသက်တွေကြောင့် အတိတ်ကို မမေ့နိုင်ပဲ ပူဆွေးမနေချင်တာကြောင့် ဂျပန်ကို ပညာတော်သင်သွားခဲ့ပါတယ် ... ဂျပန်ရောက်တော့ အမြဲတ...

The Legend of Monster ( 2016 ) - မြန်မာစာတန်းထိုး

အခုတခေါက်ကတော့ သာမန် တင်ဆက်ပေးနေကြ Drama / Romance တွေမျိုး မဟုတ်ပဲ .... Viki မှာ 9.9/10 တောင် ရရှိထားတဲ့ Action / Fantasy ဇာတ်လမ်းတွဲလေးပါ ... ( ကောင်းလားမကောင်းဘူးလားဆိုတာကတော့ rating ကိုပဲ ရှိုးတော့နော် ) ဇာတ်လမ်းအကျဉ်းလေးကတော့ - ခရစ်နှစ် 3018 မှာ လူသားတွေ နဲ့ မိစ္ဆာတွေ ရောနှောပြီး နေထိုင်ကြပါတယ် ... မိစ္ဆာတွေက လူသားတွေကို ဖမ်းစားပြီး လူသားအသွင်ယူကာ ကမ္ဘာမြေပေါ်မှာ ရှင်သန်နေပါတယ် ... ဒါပေမဲ့ မတူညီတဲ့ အသွင်သဏ္ဍန်ရှိပြီး မျိုးနွယ်မတူတဲ့ Vampire , Shadow Demon နဲ့ Earth Wolf ဆိုတဲ့ သူငယ်ချင်း ၃ ယောက်ကတော့ မိစ္ဆာတွေကလဲ လူသားတွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ် ... ကျန်တဲ့ မိစ္ဆာတွေကလဲ လူသားတွေဆိုတာ သူတို့အတွက် အစာလို့ ယုံကြည်ထားကြပါတယ် ... ဒီလိုနဲ့ပဲ မတူညီတဲ့ ယုံကြည်မှုတွေကို ကိုင်ဆွဲပြီး တိုက်ပွဲဖြစ်ကြကာ ငြိမ်းချမ်းမှုကို ဖော်ဆောင်ချင်တဲ့ သူငယ်ချင်း သုံးယောက် ရဲ့ ကြိုးစားပုံလေးပေါ့ ... ထူးခြားကောင်းမွန်တဲ့ effect တွေနဲ့အတူ asian ကားတွေထဲမှာမှ ရှားရှားပါးပါး type လေးပါ ... Cast တွေအဖြစ်ကတော့ Vampire အဖြစ် Zheng Ya Wen , Shadow Demon အြ...

Three Lives Three Worlds , Ten Miles of Peach Blossoms ( 2017 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ ... တရုတ်ဇာတ်လမ်းတွဲတွေကို ပြန်နေကြဖြစ်တဲ့ အစ်မ Hsu Min Min Hlaing က လဲ သူ့ကား Novoland : The Castle in the Sky လေးပြီးလို့ နောက်တစ်ကား ဘာပြန်ရမလဲမသိပဲ ဒွိဟဖြစ်နေချိန် ဒီကားလေး ထွက်လာလို့ ... မရ ရအောင် အပူက ပ် မဲဆွယ်ပြီး ဘာသာပြန်ခိုင်းဖြစ်လိုက်ပါတယ် ... အခုချိန်မှာတော့ မြန်မာစာတန်းထိုး လေးနဲ့ ကြည့်ရှုနိုင်ပါပြီ ... ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ '' Three Lives Three World, Ten Miles of Peach Blossoms '' ဖြစ်ပါတယ် ... Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ပိုင်ချင်းကအဆင့်မြင့်နတ်ဘုရားမဖြစ်ပြီး ကောင်းကင် ဘုံဆိုင်ရာနယ်ပယ်ထဲကတိုင်းပြည်တစ်ခုဖြစ်တဲ့ ချင်ချိုရဲ့လက်ရှိအမျိုးသမီးဧကရာဇ်လဲဖြစ်တယ် ... ပိုင်ချင်း က ခွန်လွန်တောင်ရဲ့တပည့်တယောက်ဖြစ်ပြီး အသူရာသခင် ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာသေမျိုးနယ်ပယ်ထဲကျရောက်သွားတယ် ... သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကိုလျစ်လျူရှုပြီး သေမျိုးနယ်ပယ်ထဲမှာ ...

The Universe's Star ( 2017 ) - မြန်မာစာတန်းထိုး

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ 2017 မှာ ထွက်ရှိခဲ့တဲ့ “ The Universe’s Star ” လို့ ခေါ်တဲ့ ဇာတ်လမ်းလေးပါ … ဒီဇာတ်လမ်းလေးကို   Splash Splash Love ကို ရိုက်ကူးထားတဲ့ဒါရိုက်တာ Kim Ji Hyun ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး သူကိုယ်တိုင်ရိုက်ကူးထားတဲ့ Mini Dramaလေးပါ … Cast အနေနဲ့ကတော့ Suho ( Exo ) နဲ့ Ji Woo ( အရင်ကChannel 7မှာည၁၀နာရီလာတဲ့ရင်ခုန်သံတဒိတ် ဒိတ်ကမင်းသမီးလေး ) တို့ က အဓိကပါဝင်ထားပါတယ် … Three Colour Fantasy Series ဖြစ်ပြီး “ The Universe’s Star ” ကတော့ ပထမပိုင်း ( White ) ပါ … နောက်ထပ် “ Green ” နဲ့ “ Gold ”ဆိုပြီး ကျန်ရှိပါသေးတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ - တနေ့မှာအထက်တန်းကျောင်းသူကောင် မလေးတစ်ယောက် မမျှော်လင့်ဘဲရု တ်တရက်သေသွားတဲ့အခါ သူမှတ်ဥာဏ်ထဲ မှာတစ်ခုပဲကျန်ခဲ့တယ် … သ အရူးအမူး ကြိုက်တဲ့အဆိုတော် ဝူဂျူး ပါ …ေ သပြီးတော့ သေမင်းဖြစ်သွားတဲ့ကော င်မလေး က သူ့အဆိုတော်လေး ကို တကောက်ေ ကာက်လိုက်ပြီး အားပေးနေဆဲပါ … အဲ့ ဒီအချိန်မှာ တမလွန်က ဝူဂျူး ကိုသိ ပ်လိုချင်နေပါတယ် … ကောင်မလေးကလဲ ဝူဂျူး ကို သိပ်ကယ်တင်ချင်ပါတယ် … ပထမဆုံးနှင်းကျရင် ကောင်လေးသေရမှာပ...

100 Days with Mr. Arrogant ( 2004 ) - မြန်မာစာတန်းထိုး

ဒီကားလေးကတော့ 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ Korea romantic comedy ကားလေးပဲဖြစ်ပါတယ် ... မင်းသမီး Ha Ji-won နဲ့ မင်းသား Kim Jae Won တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ကျောင်းသူလေး Ha-yeong ဟာ သူ့ကောင်လေးကို လမ်းခွဲပြီး အပြန်မှာ Hyun-Jun လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ မတော်တဆဆုံမိပြီး ... Ha-yeong ကြောင့် Hyun-jun ရဲ့ lexusကား ခြစ်ရာထင်သွားပါတော့တယ် ... Ha-yeong ဟာ မိဘတွေ သိသွားမှာကို စိုးရိမ်တာတစ်ကြောင်း ... လျော်ကြေးမပေးနိုင်တာတစ်ကြောင်း စတဲ့ အကြောင်းတွေကြောင့် Hyun-jun တောင်းဆိုတဲ့ ကျေးကျွန်အငှားစာချုပ်မှာ ရက် ၁၀၀ စာကျေးကျွန်အဖြစ်နေဖို့ သဘောတူလိုက်ရပါတယ် ... အဲ့ဒီနောက် ရက် ၁၀၀ အငှားကျေးကျွန်အဖြစ် လုပ်ကိုင်ရင်း Ha-yeong က သူ့ကို လိမ်ပြီး ခိုင်းတယ်ဆိုတာ သိသွားတဲ့ အခါ ဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုတွေ ရယ်မောရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦးနော် ... Rating အနေနဲ့ကတော့ IMDb မှာ 6.2/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ... Translator - KLP Encoder - Anonymous X Quality - 360p File Size - 498 MB Download on V.I.P Link ( 489 MB )   Download ...

Magic to Win ( 2011 ) - မြန်မာစာတန်းထိုး

အခုတစ်ခါတင်ဆက်မှာကတော့ 2011 မှာ ထွက်ရှိခဲ့တဲ့ Hong Kong ရုပ်ရှင်ဇာတ်ကားလေးပါ ... ဇာတ်ကားအမျိုးအစားကတော့ fantasy , comedy အမျိုးအစားလေးပါ ... ဇာတ်ဆောင်တွေအနေနဲ့ကတော့ မင်းသား Wu Chun , Wu Jing နဲ့ Raymond Wong Pak-ming တို့က အဓိကပါဝင်အားဖြည့်ထားပြီး မင်းသမီးအနေနဲ့ကတော့ Hong Kong မင်းသမီးချောလေး Karena Ng က ပါဝင်ထားပါတယ် ... ဇာတ်လမ်းလေးကတော့ ကားနာမည်အတိုင်း မှော်ကားလေးပါပဲ ... မှော်ဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ အကြိုက်တွေ့စေမယ်လို့ အာမခံပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် - မှော်ဆရာတွေနဲ့ စမိတ်ဆက်ပေးရမှာပေါ့နော် ... ရေ ၊ မြေ ၊ မီး ၊ သစ်သား ၊ သတ္ထု စသည်ဖြင့် ဓာတ်ကြီးငါးပါး မှော်ဆရာ ငါးယောက် ... ထိုမှော်ဆရာငါးယောက်ရဲ့ အစွမ်းတွေကိုငှါးပြီး ခေတ္တအသုံးပြုကာ အတိတ်ကာလတစ်ခုကို ပြန်သွားအောင် ကြိုးစားနေတဲ့ မီးမှော်ဆရာ ... တက္ကသိုလ်ကျောင်းတစ်ခုရဲ့ မိန်းကလေး ကျောင်းဘော်လီဘောအသင်း ... မိမိကိုယ့်ကိုကိုယ် ရေ မှော်ဆရာမှန်း အများမသိအောင် တိတ်တဆိတ် နေတဲ့ ပါမောက္ခ Kang ... မမျှော်လင့်ပဲ ပါမောက္ခ Kang ဆီကနေ မှော်စွမ်းအားတွေ ရသွားတဲ့ ကျောင်းသူမလေး ... ခန...