English Title - From Me to You
ပရိတ်သတ်ကြီးကို ဂျပန်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ... ဒီကားလေးကတော့ manga series ကိုအခြေခံပီးရိုက်ကူးထားတဲ့ ရိုမန့်ကားလေးတစ်ကားဖြစ်ပါတယ် ... 2010 ခုနှစ်မှာထွက်ခဲ့ပီး IMDB မှာ 7.2 ရထားတဲ့rating မြင့်ကားလေးတစ်ကားပါ ....
ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆာဝါကိုလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကို သရဲကားထဲကသရဲမနဲ့တူလို့ ဆာဒါကို လို့ခေါ်ကြပါတယ် ... သူနဲ့မျက်လုံးချင်းသုံးစက္ကန့်လောက် ကြည့်မိရင်ကျိန်စာသင့်တယ်လို့ယုံကြည်ကြတယ် ... တစ်နေ့ကျတော့ ကာဇဲဟာယ လို့ခေါ်တဲ့ ကျောင်းသားသစ်တစ်ယောက် ပြောင်းလာခဲ့တယ် ... အပေါင်းအသင်းမရှိရှာတဲ့ ဆာဝါကို ကိုကာဇဲဟာယ ကကြင်နာပါတယ် ... ဒါ့အပြင် ဆာဝါကိုမှာ ယိုရှီဒ နဲ့ ယန်နိုဆိုတဲ့ သူငယ်ချင်းကောင်မလေးနှစ်ယောက်လည်းရှိလာပါတယ် ...
အဲ့လိုနဲ့ပဲ အချိန်တွေက စကားပြောလာတဲ့အခါ ကာဇဲဟာယ နဲ့ ဆာဝါကို နဲ့ ကြိုက်သွားမှာလား?
သူငယ်ချင်းကောင်မလေးနှစ်ယောက်ကရော သူ့အတွက်သူငယ်ချင်းကောင်းတွေ ဖြစ်လာမလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ...
လူငယ်ကျောင်းသားကားလေးဖြစ်တာကြောင့် အကြိုက်တွေ့စေမှာလဲ အသေအချာပါပဲ ... rating ကလည်းမဆိုးလှတဲ့ကားလေးမို့ ကြည့်ရှုလိုက်ကြပါဦးလို့ ...
Translator - Khin July Moe
Encoder - Anonymous X
Quality - 720p
Myanmar Asian TV Channel မှ တင်ဆက်သည် ။ ။ ။

please link with openload....
ReplyDelete