Skip to main content

Sky of Love ( 2007 ) - မြန်မာစာတန်းထိုး



ကိုရီးယားသံ တရုတ်တွေသံတွေပဲ ကြားနေရတဲ့ သူတွေ ငြီးငွေ့လာမှာဆိုးလို့ ဂျပန်ကားလေး တစ်ကား တင်ဆက်လိုက်ရပါတယ်  ... Japan Drama လေးတွေကိုလဲ အထင်မသေးပါနဲ့ ... ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားပါတယ် ... တင်ခဲ့ဖူးတဲ့ Japan ကားလေးတွေကို ကြည့်မိသူတိုင်း စိတ်ထဲမှာ ခံစားချက်တစ်ခုခုတော့ ကျန်ခဲ့ကြတယ်မလား ? 

ဇာတ်လမ်းအကြောင်းလေးမပြောခင် ပြောချင်တာလေးရှိပါတယ် ... ပြောချင်တာထက် မေးချင်တာပေါ့နော် ... လူသားတိုင်း အချစ်ဆိုတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပေါ့ ... လူတိုင်း တယောက်ယောက်ကိုတော့ ချစ်ခဲ့ဖူးကြမှာပါ ... ကိုယ့်ချစ်ခဲ့ဖူးတဲ့ အချစ်မျိုးက ဘယ်လိုမျိုး ? ရယူခဲ့ခြင်းမျိုးလား ? ပေးဆပ်ခဲ့ခြင်းမျိုးလား ? လူတိုင်းတော့ ကိုယ်ချစ်တဲ့သူနဲ့ အသက်ထက်ဆုံးသည့်အထိ မခွဲအတူတူနေချင်မှာပေါ့နော် ... သို့သော် လောကမှာ ဘယ်အရာကမှ တည်မြဲတာမှ မဟုတ်တာ ... ကိုယ်ချစ်ခင်နှစ်သက်ရတဲ့သူက ကိုယ့်အပေါ် မချစ်မနှစ်သက်တော့တဲ့အခါ ... ငြီးငွေ့လာတဲ့အခါ ... ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်နှလုံးသားကို ရင်းပြီး သူ့ကို စွန့်လွှတ်ပေးလိုက်မိမလား ? ဒါမှမဟုတ် အချစ်ဆိုတဲ့ ခံစားချက်ကို ခုတုံးလုပ်ပြီး အတ္တနဲ့ ဆွဲထားမိမလား? ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲက ဇာတ်ရံတစ်ယောက်က ပြသ သွားပါလိမ့်မယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟီရို ဆိုတဲ့ ကောင်လေး နဲ့ မီကာ ဆိုတဲ့ ကောင်မလေး တယောက်အကြောင်းပေါ့ ... အရမ်းချစ်ကြတဲ့ ကောင်လေး နဲ့ ကောင်မလေး ပေါ့ ... ဘယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းဘယ်ကစတင်သလဲလို့မေးရင် ... ဆဲလ်ဖုန်း တစ်ခုကနေပေါ့ ... တစ်နေ့မှာ မီကာ ရဲ့ ဖုန်းလေးဟာ စာကြည့်တိုက်မှာ ကျန်ခဲ့ပါတယ် ... အဲ့ဒါကို မီကာ ရှာမတွေ့ခင်မှာပဲ ဟီရို က ရှာတွေ့ပြီး ဖုန်းထဲက contact list တွေ ဖျက်သွားပြီး ဖုန်းနံပါတ်ကို ယူခဲ့ပါတယ် ... မီကာ ပြန်လည်ရှာတွေ့သွားပြီးတဲ့နောက်မှာတော့ အချိန်တိုင်း ဟီရို က ဖုန်းတွေဆက်နေခဲ့ပြီး မီကာနဲ့ ရင်းနှီးမှုကို ရယူခဲ့ပါတယ် ... အဲ့နောက်မှာတော့ ခင်မင်ရင်းနှီးမှု အဖြူရောင် သံယောဇဉ်ကြိုးလေးတွေကနေ အရောင်ပြောင်းကာ ၁၅၀ဝ ချစ်ခြင်းတွေ အစားဝင်ရောက်လာပါတယ် ... ဟီရို ကလဲ မီကာ ကို အရမ်းချစ်သလို မီကာ ကလဲ ဟီရို ကို အရမ်းချစ်ပါတယ် ... ဒါကို မကျေနပ်သူကတော့ ဟီရို နဲ့ ပြတ်စဲပြီးဖြစ်တဲ့ ဟီရို့ ရည်းစားဟောင်းပေါ့ ... မီကာ က ဟီရို ကို သူ့လက်ထဲမှ လုယူတယ်ဆိုတဲ့ အတွေးကြောင့် မီကာ နဲ့ ဟီရို ကြား ပြဿနာတွေ ဒုက္ခတွေကို ဆောင်ကြဉ်းလာစေခဲ့တယ် ... လူမိုက်တစ်အုပ် ငှါးပြီး မီကာ ကို အဓမ္မပြုကျင့်စေပါတယ် ... ဒီအကြောင်းကို ဟီရို သိတော့ လက်ရှိချစ်သူဘက်ကနေပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ် ... သိပ်မကြာဘူး မီကာ နဲ့ ဟီရို တို့အတွက် ဘုရားသခင်က လက်ဆောင်တစ်ခုအနေနဲ့ မီကာ ဝမ်းဗိုက်ထဲကို ပေးခဲ့တယ် ... ထို လက်ဆောင် ဟီရို ရဲ့ အရင်ရည်းစားကြောင့် ဆုံးရှုံးခဲ့ရပြန်တယ် ... အဲ့အချိန်မှာတော့ ဟီရို ဘက်က ဘယ်လို ဖြေရှင်းမလဲ? မီကာ နဲ့ ဟီရို ကြား ဘာတွေဆက်ဖြစ်မလဲ? သူတို့နှစ်ယောက် အရင်လိုပဲ တစ်ယောက် အပေါ် တစ်ယောက် ဆက်ချစ်နေသွားကြမလား? ကျွန်တော် အပေါ်မှာ review ရှေ့က ရေးထားသလို ဇာတ်ရံ တယောက်ပေါ်လာတဲ့အခါမှာ သူတို့နှစ်ယောက် ချစ်ခြင်းတွေ ဘယ်လိုပြောင်းလဲ သွားကြမလဲ? ဆိုတာကိုတော့ '' Sky of Love '' ဆိုတဲ့ ဒီ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ...

သေချာပြောနိုင်တာကတော့ ဒီ review လေးထက် က ဇာတ်ကားထက် အများကောင်းပါတယ် ... ကြည့်ရှုသူတွေရဲ့ ရင်ထဲကို ဒီဇာတ်လမ်းလေးက ရသ တစ်ခုခု ပေးနိုင်မယ်ဆိုတာကတော့ ကြိမ်းသေပါတယ် ....
Ratings အနေနဲ့ IMDb မှာ 7.1/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ... ကဲ အားလုံး တစ်ရှူးလေးတွေ လက်ကိုင်ပုဝါလေးတွေ ကိုင်ပြီး ကြည့်ရှုဖို့တော့ အကြံပေးလိုက်ပါရစေဗျာ ....


Translator : ^Amy^ & Anonymous X
Encoder : Anonymous X
Quality : 720p
File Size : 872 MB



 


Comments

Popular posts from this blog

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Uncontrollably Fond ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​ကား​လေးကို​တော့ နာမည်​ကြီးမင်းသားတ​ယောက်​ဖြစ်​တဲ့ Kim Woo-bin နှင့်​ " Miss A " K Pop အဖွဲ့မှ မင်းသမီး Bae Suzy တို့ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​လမ်းတွဲ​လေးပါ ...လက်​ရှိ ​တောင်​ကိုရီးယားမှာ ထုတ်​လွှင့်​​နေတဲ့ ဇာတ်​လမ်းတွဲ​တွေထဲမှာ hot အဖြစ်​​နေဆုံး series ​လေးတစ်​ခုပါ  ... DOTS လို့ အများသိကြတဲ့ Descendants of the Sun ကို​တောင်​ ဖြတ်​​ကျော်​နိုင်​မယ်​လို့ ထင်​​ကြေး​ပေး​နေကြတဲ့ ဇာတ်​လမ်းတွဲ​လေးတစ်​ခုပါ ... အစ အဆုံး ရိုက်​ကူးပြီးမှ ထုတ်​လွှင့်​ခြင်းလဲ ဖြစ်​ပါတယ်​ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - မင်းသား Woo-bin နဲ့ မင်းသမီး Suzy တို့ ငယ်​စဉ်​အခါထဲက ချစ်​သူ​တွေဖြစ်​ခဲ့ကြပြီး ကံကြမ္မာရဲ့ အ​ပြောင်းအလဲတစ်​ခု​ကြောင့်​ ​ဝေးကွာသွားခဲ့ရပါတယ်​ .. အရွယ်​​ရောက်​လာ​သောအချိန်​မှာ​တော့ Woo-bin က နာမည်​ကြီး top star တ​ယောက်​ဖြစ်​လာပြီး​တော့ Suzy က​တော့ PD တ​ယောက်​ဖြစ်​လာခဲ့ပါတယ်​ ... ဘယ်​လို အ​ကြောင်းအရာ​တွေက သူတို့ကို ပြန်​ဆုံ​စေမလဲ ? အရင်​တုန်းကလိုပဲ သူတို့ ပြန်​ချစ်​​နေသွားကြမှာလား ? သူတို့ နှစ်​ဦး မထင်​မှတ်​ထားတဲ့ အရာ​နဲ့ ရင်​ဆိုင်​ရတဲ့ ဘာ​တွေ ဆက်​ဖြစ်​သွားမလဲ ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ေ...