ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် 2016 နှစ်ဆန်းပိုင်းမှာ ထွက်ရှိခဲ့တယ့် ဇာတ်ကားလေးပါ ...
ဟုတ်ပါတယ် မင်းသားကတော့ မွန်း တစ်မွန်းထဲမှာ ခေတ်စားသွားခဲ့တယ့် Kang Ha-neul ပါဝင်ထားပါတယ် ... ဟိုတစ်နေ့ကလဲ Kang Ha-neul ပါဝင်တဲ့ '' Twenty '' ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ခဲ့ပါတယ် ... အဲ့ကားမှာ timing လွဲမှားမှုများ ဖြစ်ခဲ့တဲ့အတွက် အနူးညွတ် တောင်းပန်လိုပါတယ် ... အခုတခေါက်မှာတော့ '' Like for Likes '' လို့ အမည်ရတဲ့ ဇာတ်ကားလေးပါ ...
Romance Comedy ဇာတ်လမ်းအမျိုးအစားလေးပါ ...
ဇာတ်လမ်းအကျဉ်းလေးကတော့ - လေယာဉ်မယ် နဲ့ စားဖိုမှူး
မင်းသား နဲ့ စာရေးဆရာမ
သီချင်းရေးဆရာ နဲ့ ရုပ်ရှင်တည်းဖြတ်တဲ့ ပီဒီ
အစရှိတဲ့ စုံတွဲ သုံးတွဲရဲ့ ဇာတ်လမ်းလေးပါ ... အဲ့လို စုံတွဲ သုံးတွဲ Genre ကလဲ Romance , Comedy ဆိုတော့ ဇာတ်လမ်းသဘောကို မပြောလဲ နားလည်ကြလိမ့် ထင်ပါတယ်... ဇာတ်လမ်းကောင်းလေး တစ်ခုပါ ... သေချာပေါက် ကြိုက်နှစ်သက်ကြမယ်လို့လဲ မျှော်လင့်ပါတယ် ....
အားလုံး မင်္ဂလာ ညချမ်းလေးပါ ...

Comments
Post a Comment