Skip to main content

Big Bang MADE the Movie ( 2016 ) - မြန်မာစာတန်းထိုး



ဒီ poster နဲ့ နာမည်ကို တွေ့လိုက်တာနဲ့ ဘယ်လိုမျိုးလဲ သိတဲ့သူကတော့ သိကြမှာပါနော် ... အထူးသဖြင့် Big Bang Fan တွေအနေနဲ့ကတော့ ရုံတင်တုန်းကလဲ သွားကြည့်ပြီးသား ဖြစ်ကြမှာပါ ... အခုချိန်မှာတော် ကျွန်တော် MyanmarAsianTV Channel ကနေ မြန်မာစာတန်းထိုးဖြင့် တင်ဆက်လိုက်ရပါတယ် ... Blue-ray ကွာလတီ မဖြစ်သေးပဲ DVD rip အထိသာ ရှိသေးတာကြောင့် Quality ကတော့ အရင် တင်နေကြ ဇာတ်ကားတွေလောက် ကောင်းမှာမဟုတ်ပါဘူး ... Blue-ray ထပ်ထွက်ဖြစ်ခဲ့ရင်လဲ Blue-ray ကွာလတီ နဲ့ အကောင်းဆုံး တတ်စွမ်းသလောက် encode လုပ်ပြီး ကြည်ကြည်လင်လင် ကြည့်လို့ရအောင် ထပ်မံ တင်ဆက်ပေးသွားပါ့မယ် ...
BIG BANG MADE Movie ဟာဆိုရင်ဖြင့် BIG BANG ရဲ့ ၁၀နှစ်တာ ခရီး အဖြစ် ကမ္ဘာ အရပ်ရပ်က ပရိသတ် တွေအတွက် ကြိုးစားလုပ်ထားတာပါ ဒီ Movieကနေ အဖွဲ့ဝင်၅ဦးရဲ့ နောက်ကွယ်က ဘဝ တစေ့တစောင်းကို သိနိုင်မှာပါ ...
ပရိသတ်ကို ဟန်ဆောင်ပန်ဆောင်ရိုက်ထားတာမဟုတ်ဘဲ သူတို့ရဲ့ တစ်နှစ်ကျော်ကြာတဲ့ MADE Tour တောက်လျှောက် မှတ်တမ်းတင်ရိုက်ကူးမှုတွေရယ် အပိုင်းတိုင်းနဲ့ ကိုက်ညီတဲ့ သူတို့ရဲ့ သီချင်းတွေနဲ့ Tour တောက်လျှောက်ဖျော်ဖြေမှုတွေရယ်ကို ရောမွှေပြီး ကြည်နူးစရာ ရယ်မောစရာ ဝမ်းနည်းစရာ ရသစုံကို ပေးစွမ်းနိုင်မှာပါ ...
တကယ့်ရှိုးကြည့်နေသလို ရသအပြည့်ကို ခံစားရမှာပါ ...
Ratings အနေနဲ့ကတော့ IMDb မှာ 9/10 ထိတောင် ရရှိထားပါတယ် ... Documentary Film ပုံစံမျိုး ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ... အားလုံးခံစားကြည့်ရှုလိုက်ကြပါဦးနော် ...






Comments

Post a Comment

Popular posts from this blog

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Uncontrollably Fond ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​ကား​လေးကို​တော့ နာမည်​ကြီးမင်းသားတ​ယောက်​ဖြစ်​တဲ့ Kim Woo-bin နှင့်​ " Miss A " K Pop အဖွဲ့မှ မင်းသမီး Bae Suzy တို့ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​လမ်းတွဲ​လေးပါ ...လက်​ရှိ ​တောင်​ကိုရီးယားမှာ ထုတ်​လွှင့်​​နေတဲ့ ဇာတ်​လမ်းတွဲ​တွေထဲမှာ hot အဖြစ်​​နေဆုံး series ​လေးတစ်​ခုပါ  ... DOTS လို့ အများသိကြတဲ့ Descendants of the Sun ကို​တောင်​ ဖြတ်​​ကျော်​နိုင်​မယ်​လို့ ထင်​​ကြေး​ပေး​နေကြတဲ့ ဇာတ်​လမ်းတွဲ​လေးတစ်​ခုပါ ... အစ အဆုံး ရိုက်​ကူးပြီးမှ ထုတ်​လွှင့်​ခြင်းလဲ ဖြစ်​ပါတယ်​ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - မင်းသား Woo-bin နဲ့ မင်းသမီး Suzy တို့ ငယ်​စဉ်​အခါထဲက ချစ်​သူ​တွေဖြစ်​ခဲ့ကြပြီး ကံကြမ္မာရဲ့ အ​ပြောင်းအလဲတစ်​ခု​ကြောင့်​ ​ဝေးကွာသွားခဲ့ရပါတယ်​ .. အရွယ်​​ရောက်​လာ​သောအချိန်​မှာ​တော့ Woo-bin က နာမည်​ကြီး top star တ​ယောက်​ဖြစ်​လာပြီး​တော့ Suzy က​တော့ PD တ​ယောက်​ဖြစ်​လာခဲ့ပါတယ်​ ... ဘယ်​လို အ​ကြောင်းအရာ​တွေက သူတို့ကို ပြန်​ဆုံ​စေမလဲ ? အရင်​တုန်းကလိုပဲ သူတို့ ပြန်​ချစ်​​နေသွားကြမှာလား ? သူတို့ နှစ်​ဦး မထင်​မှတ်​ထားတဲ့ အရာ​နဲ့ ရင်​ဆိုင်​ရတဲ့ ဘာ​တွေ ဆက်​ဖြစ်​သွားမလဲ ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ေ...