Skip to main content

Touching You ( 2016 ) - မြန်မာစာတန်းထိုး



တနေ့လာလဲ Moon တွေ တနေ့လာလဲ စင်ဒရဲလားတွေ အဲ့ဇာတ်လမ်းတွေကိုပဲ ကြည့်ရတာ ငြီးငွေ့လာတဲ့ သူတွေအတွက်ပါ ...

Touching You လို့ခေါ်တဲ့ Web Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ... Romance , Comedy , Supernatural ဇာတ်လမ်းပုံစံလေးပါ ... မင်းသား အနေနဲ့ 2PM အဖွဲ့ အဆိုတော်တယောက်ဖြစ်တဲ့ Ok Taec Yeon ပါ ... အရင်ကတင်ထားခဲ့ဖူးတဲ့ Let's Fight Ghost ကားထဲက မင်းသားဆိုလဲ မမှားပါဘူး ... ခေါင်းဆောင်မင်းသမီးအနေနဲ့ကတော့ ချစ်စရာကောင်းလွန်းလှတဲ့ မင်းသမီး Song Ha Yoon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ... ...

ဇာတ်လမ်းအကျဉ်းကတော့ - ဒိုဂျင်ဝူး ( Ok Tae Yeon ) တယောက်သာ လူတယောက်ကို ထိလိုက်တာနဲ့ ထို သူရဲ့မကြာခင်ဖြစ်လာမယ့် အနာဂတ်ကို ကြိုမြင်နိုင်တဲ့ သူတယောက်ပါ ... တနေ့ ဂျင်ဟေးရောင်း ( Song Ha Yoon ) က ဒိုဂျင်ဝူး ဆီမှာ ဗေဒင်လာမေးတဲ့အခါမှာတော့ ... ဒိုဂျင်ဝူး အနေနဲ့ သိပ်မကြာခင်မှာပဲ ဂျင်ဟေးရောင်း တယောက် လှေကားပေါ်ကနေပြုတ်ကျပြီး သေမယ်ဆိုတဲ့ အမြင်အာရုံတစ်ခုကို ခံစားလိုက်ရပါတယ် ... ဒါ့ကြောင့် ဂျင်ဟေးရောင်း ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် ချဉ်းကပ်ပြီး ကြိုးစားပါတော့မယ် ... ဂျင်ဟေးရောင်း ကလဲ ချစ်ရတဲ့သူရှိပြီး ချစ်ရသူထံမှ လက်ထပ်ခွင့်တောင်းလာမယ့်အချိန်ကို စောင့်ရင်း ဘူ နေသူတယောက်ဖြစ်ပါတယ် ... နောက်ပိုင်းမှာ ဒိုဂျင်ဝူး ကလဲ ဂျင်ဟေးရောင်း ကို ဘယ်လို ကာကွယ်ပေးသွားမလဲ .... ဂျင်ဟေးရောင်း ရဲ့ အချစ်ရေးကရော ဘယ်ဆက်ဖြစ်သွားဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်

ဇာတ်လမ်းတွဲအရှည်ကြီးတွေလို မဟုတ်ပဲ Web Drama ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဇာတ်လမ်းအမျိုးအစားလေးပါလို့ အကြံပေးပါရစေ.... အားလုံး ၁၂ ပိုင်းရှိပြီး မကြာခင်မှာပဲ အပိုင်းစုံ တင်ပေးသွားပါ့မယ် ...


Country             : Korean
Type                 :  Web Drama
Episodes           : 12
Genre               :  Romance , Youth , Comedy , Supernatural
Translator         :  KAUNG MIN SET
Encoder            :  LoL




Comments

  1. good
    ဖြစ်နိုင်ရင် တစ်နေ့တစ်ပိုဒ်တော့တင်ပေးပါ

    ReplyDelete
  2. P CLOUD LINKနဲ့လည်းတင်ပေးပါလား

    ReplyDelete
  3. အပိုင်း၁ကနေ၈အထိ VIP Link နဲ့တင်ပေးပါလားplease

    ReplyDelete
  4. အပိုင်း11 downလို့မရဘူး

    ReplyDelete
    Replies
    1. Uploading လုပ်တုန်းမို့ပါ sis

      Delete
    2. ရသွားပီ။thanks bro

      Delete
  5. Hello admin,i have to request for episode 11 & 12 uploaded by p cloud link!!Thanks!!

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. Episode 12 က ဇာတ်သိမ်းပီလား

    ReplyDelete
  8. အကို အပိုင်း ၁၁ ၁၂ pcloud link တင်ပေးပါလား

    ReplyDelete
  9. ကျေးဇူးပဲ အကို

    ReplyDelete

Post a Comment

Popular posts from this blog

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

U Prince Series : The Handsome Cowboy ( 2016 ) - မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ Thai ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်လိုက်ရပါတယ် ... '' U Prince Series : The Handsome Cowboy '' လို့ ခေါ်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - IUCA(University) ရဲ့ model (12)ယောက်ထဲမှ စိုက်ပျိုးရေးဋ္ဌာနရဲ့ စော်ကြည်တဲ့ကောင်းဘွိုင်လေး P'Sibtis(Puttichai Kasetsin) နှင့် ကျောင်းလည်းတက် DJ လည်းတီးတဲ့ DJ PK or Prikkang (Esther Supreeleela) တို့နှစ်ယောက်ကြားက မတည့်အတူနေရတာလေးတွေကို ရယ်စရာဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ် .... Romance School Drama ဇာတ်လမ်းလေးဖြစ်တာကြောင့် လူငယ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းလေးဖြစ်မှာ ကြိမ်းသေပါတယ် ... မင်းသားတွေ မင်းသမီးတွေကလဲ ချောချောလေးတွေနော် ( အာ့က အပိုကြေငြာတာ 😝 😝 ) Episode (1)                                                          ...

Uncontrollably Fond ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​ကား​လေးကို​တော့ နာမည်​ကြီးမင်းသားတ​ယောက်​ဖြစ်​တဲ့ Kim Woo-bin နှင့်​ " Miss A " K Pop အဖွဲ့မှ မင်းသမီး Bae Suzy တို့ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​လမ်းတွဲ​လေးပါ ...လက်​ရှိ ​တောင်​ကိုရီးယားမှာ ထုတ်​လွှင့်​​နေတဲ့ ဇာတ်​လမ်းတွဲ​တွေထဲမှာ hot အဖြစ်​​နေဆုံး series ​လေးတစ်​ခုပါ  ... DOTS လို့ အများသိကြတဲ့ Descendants of the Sun ကို​တောင်​ ဖြတ်​​ကျော်​နိုင်​မယ်​လို့ ထင်​​ကြေး​ပေး​နေကြတဲ့ ဇာတ်​လမ်းတွဲ​လေးတစ်​ခုပါ ... အစ အဆုံး ရိုက်​ကူးပြီးမှ ထုတ်​လွှင့်​ခြင်းလဲ ဖြစ်​ပါတယ်​ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - မင်းသား Woo-bin နဲ့ မင်းသမီး Suzy တို့ ငယ်​စဉ်​အခါထဲက ချစ်​သူ​တွေဖြစ်​ခဲ့ကြပြီး ကံကြမ္မာရဲ့ အ​ပြောင်းအလဲတစ်​ခု​ကြောင့်​ ​ဝေးကွာသွားခဲ့ရပါတယ်​ .. အရွယ်​​ရောက်​လာ​သောအချိန်​မှာ​တော့ Woo-bin က နာမည်​ကြီး top star တ​ယောက်​ဖြစ်​လာပြီး​တော့ Suzy က​တော့ PD တ​ယောက်​ဖြစ်​လာခဲ့ပါတယ်​ ... ဘယ်​လို အ​ကြောင်းအရာ​တွေက သူတို့ကို ပြန်​ဆုံ​စေမလဲ ? အရင်​တုန်းကလိုပဲ သူတို့ ပြန်​ချစ်​​နေသွားကြမှာလား ? သူတို့ နှစ်​ဦး မထင်​မှတ်​ထားတဲ့ အရာ​နဲ့ ရင်​ဆိုင်​ရတဲ့ ဘာ​တွေ ဆက်​ဖြစ်​သွားမလဲ ...

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုက ေ...