ကဲ MMATV Channel ကို အားပေးနေတဲသူတွေ ဇာတ်လမ်းတွဲချည်းပဲ ကြည့်နေရတာပျင်းမှာဆိုးလို့ ကြားဖြတ်အနေနဲ့ Japanese Movie လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ...
ဇာတ်ကားနာမည်ကတော့ L❤DK ဟို့ အမည်ရပါတယ် ... ယခု Japan ကား ကြည့်ရှုသူများ၏ ပါးစပ်ဖျားတွေ ရေပန်စားပြီး popular ဖြစ်နေတဲ့ kento ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ .... 2014 က ထွက်ရှိခဲ့ခြင်းဖြစ်ပြီး Romance , Comedy ပုံစံ ကျောင်းသား ကားလေးပါ ....
ဇာတ်လမ်းအကျဉ်းလေးကတော့ - ရှုဇီ ဆိုတဲ့ ကောင်လေးကတော့ ကျောင်းမှာအရမ်း popular ဖြစ်နေတဲ့ သူတယောက်ပေါ့ .... တနေ့ ကောင်မလေး တစ်ယောက်က လူလည်ခေါင်မှာ ရှုဇီ ကို သဘောကျကြောင်း ဝန်ခံလိုက်တယ် ... ရှုဇီ ကတော့ သိပ်ဂရုမစိုက်တဲ့ပုံနဲ့ သူမကို ထား ထားခဲ့ပါတယ် ... ပြောရ ရင်တော့ ချေတာပေါ့ ... အဲ့နောက် ကောင်မလေးရဲ့ သူငယ်ချင်း အွိုင် က မကျေမနပ်ဖြစ်ကာ ရှုဇီ ကို ကွိုင်သွားရှာရင်း မတောတဆ တွန်းမိပြီး ရှုဇီ ခြေထောက်ထိခိုက်သွားပါတယ် .. အဲ့နောက် အွိုင် က ရှုဇီ ရဲ့ ဝေယျာဝစ္စ ကို လုပ်ပေးရင်း .. ဘာတွေဖြစ်လာကြမလဲ ? ဒါနဲ့ သူတို့ အဆောင်လဲ တူတယ်ဗျ ... ကံကြမ္မာက ဖန်လာတော့ တခန်းထဲတောင် တူတူနေကြရတာ ... အဲ့လိုနဲ့ ဘာတွေဆက်ဖြစ်လာမလဲ ? သူတို့ နှစ်ယောက် တစ်ဦးအပေါ် တစ်ဦး ချစ်မိသွားမလား ? ချစ်မိသွားရင်ရော အရင်က ရှုဇီ ကို ဝန်ခံခဲ့တယ့် အွိုင် ရဲ့ BFF ကရော ဘာပြောမလဲ ? ကြားထဲမှာ ဘယ်လို အနှောက်ယှက်လေးတွေပေါ်လာမလဲ ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားကြည့်နော် ....
Romance , Comedy ကျောင်းသား ကားလေးမို့လို့ လူငယ်တွေကြိုက်ကြမယ်လို့တော့ ထင်ပါတယ် ... အားပေးကြပါဦးနော် ... Japan ကားကို ပထမဆုံးအကြိမ် စကြည့်ဖူးပြီး ဘာသာပြန်ရတာမို့လို့ အမှားပါရင်လဲ သည်းခံပေးကြပါဦးနော် ....
Country : Japan
Genre : Romance , School
Type : Movie
Translator : LoL
Encoder : LoL

Small sizeလေးတင်ပေးပါလား please!
ReplyDeleteSmall sizeလေးတင်ပေးပါလား please!
ReplyDelete