ဒီတခေါက် တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2012 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Another လို့ အမည်ရတဲ့ ဇာတ်လမ်းလေးပါ ...
ဒီဇာတ်ကားလေးကတော့ Anime ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ Live Action လေးလဲ ဖြစ်ပါတယ် ...
Main Cast တွေ အနေနဲ့ကတော့ JMovie ပရိတ်သတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ မင်းသား Kento Yamazaki နဲ့ မင်းသမီး Ai Hashimoto တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ -
ဆကကိဘာရ ကိုအိချိ ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ အဖေဖြစ်သူ အလုပ်ကိစ္စနဲ့ ခရီးသွားရတာကြောင့် တိုကျို မြို့ကနေ အဘွားရှိရာ မြို့လေးကို ပြောင်းလာခဲ့ပါတယ် ... အဲ့ဒီမြို့လေးမှာ ရှိတဲ့ ယောမိယာမ အထက်ကျောင်းက တတိယနှစ် အခန်း၃ ကို ကျောင်းပြောင်းလာပါတယ် ... ဒါပေမယ့် အတန်းထဲက အတန်းသူ အတန်းသားတွေက အခြားသာမန်လို မဟုတ်ဘူး ထူးဆန်းနေပါတယ် ... သူဟာ မျက်လုံးတစ်ဖက်ကန်းနေတဲ့ ကောင်မလေးကို မြင်ရပေမယ့် အခြားကျောင်းသားတွေကတော့ အဲဒီကောင်မလေးကို မသိကြပါဘူး ...
ဆကကိဘာရဟာ ဇဝေဇဝါဖြစ်မှုတွေနဲ့ အဲဒီကောင်မလေးက သရဲမလေးလား လူလားဆိုတာ လိုက်စုံစမ်းကြည့်တာတွေ ... သူစုံစမ်းလို့ အဲဒီအတန်းထဲမှာ ဘာတွေ ဖြစ်ပျက်လာမလဲဆိုတာတွေ ကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ...
Horror , Teen , School ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး rating အရ IMDb မှာ 6.1/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ...
Translator : Stitchky Shun
Encoder : Anonymous X
Quality : 720p
File Size : 570 MB

Comments
Post a Comment