Skip to main content

Andante ( 2017 ) - မြန်မာစာတန်းထိုး




Andante ~ 안단테
ဒီတစ်ခါတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော် အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့
EXO အဖွဲ့ ၏ အဖွဲ့ ဝင်တစ်ဦးဖြစ်သူ Kai ( Kim Jong In ) ရဲ့ပထမဆုံးသော
Drama ကားလေးကို Erigom တစ်ယောက်အနေနှင့်
ကြိုးစားထားပါတယ်.... တနင်္ဂနွေနေ့တိုင်း မနက်
10:10 am KST Time ( မြန်မာအချိန် မနက်
၇း၃၀ ) တွင် MyK application မှ တဆင့်
တိုက်ရိုက်ကြည့်ရှု နိုင်ပါတယ်....viewer rating
တက်အောင် ကြည့်ပေးဖို့တောင်းဆိုပါတယ်....
မြန်မာစာတန်းထိုး အတွက်လည်း အတတ်နိုင်ဆုံး
အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားပေးပါ့မယ်...၂၄.
၉.၂၀၁၇ ကမှ စပြတာဆိုတော့ အပိုင်း ( ၁ )ပဲ
ရှိပါသေးတယ်နော် ... ...

Andante ကတော့ ဟာသ နှင့် အချစ်ရောထားတဲ့
ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်....
ကျောင်းစာမလုပ်ချင်ဘဲ အချိန်ပြည့်
ဂိမ်းကစားနေတတ်တဲ့ ရှီဂယောင်းဆိုတဲ့
ကောင်လေးက အမေ ၊ အဒေါ် နှင့် ခပ်စွာစွာ
ညီမလေး တစ်ယောက်ရှိတယ်...သူ
ကိုယ်တိုင်ကလည်း ခပ်စွာစွာပါပဲ.... :3

ခပ်စွာစွာရှိပေမယ့် အရမ်းကြောက်တတ်တဲ့
ကောင်လေးလည်းဖြစ်ပါတယ်....

ကျောင်းသွားမယ်ဆိုပြီး ဂိမ်းဆိုင်ရောက်နေလို့
အမေ နှင့်တည့်တည့်တိုးပြီး
ဆွဲခေါ်ခံလာရတာတွေ...ရှီဂယောင်းညီမလေး
ရှီယောင်းကလည်း ရန်ဖြစ်လွန်းလို့ ရဲစခန်းမှာ
ခဏခဏ အာမခံသွားထုတ်ရတာတွေအတွက်
ရှီဂယောင်းတို့အမေလည်း စိတ်တွေဖိစီးနေတုန်း၊
တိုက်တိုက်ဆိုင်ဆိုင် ရှီဂယောင်းတို့ဆိုင်လေးကို
အကြွေးရှင်တွေက ဖျက်ဆီးသွားလို့ မနေရဲတော့ပဲ
ရှီဂယောင်းတို့ အဖွားရှိတဲ့တောရွာလေးကို
ထွက်ပြေးကြရင်း
ထူးထူးဆန်းဆန်းလေးတွေကြုံတွေ့ ရတာတွေကို
ဟာသ ဆန်ဆန့် တွေ့ မြင်နိုင်မှာပါ........မောင်နှမ
နှစ်ယောက် ဆိုးလ်ကို ထွက်ပြေးရာမှ ရှီဂယောင်း
လူသေအခေါင်းထဲကို ဘယ်လိုရောက်သွားမလဲ
ဘာတွေဆက်ဖြစ် မလဲဆိုတာကို
စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုနိုင်မှာပါ ... ...

( Review - Dolphin K )


Translator : Dolphin K
Encoder : Anonymous X
Quality : 720p



Comments

Post a Comment

Popular posts from this blog

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ့ကား

Animal Farm ( 1954 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးက Rebellion တစ်ခုကို တိရစ္ဆာန် လေးတွေနဲ့ ပုံဖော်ပြီး ရိုက်ထားတဲ့ ကားလေးပါ ... ဒီကားထဲမှာ ခြံရှင်ကြီး မာစတာ ဂျုန်း , Snowball , Napoleon နဲ့ Squealer လို့ခေါ်တဲ့ ဝက်ကလေး သုံးကောင် , Boxerဆိုတဲ့ မြင်းလေးနဲ့ Benjamin ဆိုတဲ့ မြည်းလေးတို့ပါဝင်ထားပါတယ် ... စာအုပ်ထဲမှ သင်ရတဲ့ Boxerရဲ့ ဇနီး Cloverတော့ မပါလာဘူး ... စာအုပ်ထဲကနဲ့ကွဲလွဲ ချက်လေးတွေ နည်းနည်း ရှိပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကဇာတ်လမ်းလေးပါ ... Asian Movie မဟုတ်ပေမယ့် အချို့တက္ကသိုလ် ကျောင်းသားတွေ သင်ရတဲ့ သင်ရိုးညွှန်းတန်းမှာပါလို့ သင်ထောက်ကူတစ်ခုအနေနဲ့ ကြည့်နိုင်ဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ... သခင်ဘသောင်း ဘာသာပြန်ဆိုထားတဲ့ "ခြေလေးချောင်း တော်လှန်ရေး"ဆိုတဲ့ စာအုပ်လည်းထွက်ထားတဲ့ ကားလေးပါ ... သူ့ခေတ်နဲ့သူ့အခါမှာတော့ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းလေးပါ ... ဒီကားလေးက လုပ်ရတာ လွယ်တယ်ထင်ရပေမယ့် တော်တော်ကို ခေါင်းစားခဲ့ရပါတယ် ... ကဲကဲ..ပိုပြီး သိရအောင်George Orwell ရေးတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်လိုက်ကြပါ ... ဗဟုသုတ ရစေမယ့် ကားလေးဖြစ်ပါတယ် ... Translator - Hsu Sandar Aung Encoder - Ka

Bride Of The Water God (2017) -မြန်မာစာတန်းထိုး

Bride Of The Water God (2017)-မြန်မာစာတန်းထိုး Bride of the Water God ( 하백의 신부 )👑👒 မကြာသေးခင်ကမှ ဆက်ကျော်သက်တွေကြားထဲ ရေပန်းစားခဲ့တဲ့ စားနေဆဲ မင်းသားချောတစ်လက်ဖြစ်တဲ့  Nam Joo Hyuk ရဲ့ နောက်ထပ် အောင်မြင် မှုတွေ ထပ်ဆောင်းပေးနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်.... ဒီကားမှာဆိုရင် ပရိသတ်အချစ်တော် F(X) အဖွဲ့ ဝင် Krystal ကလည်း နတ်ဘုရားမလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်....... ပုံမှန်အချစ်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နတ်ဘုရားတစ်ပါး နှင့် သာမန် လူသားမိန်းကလေး တစ်ဦးတို့ ချစ်ကြိုက်မိရာကနေဘယ်လိုမျိုး စိတ်လှုပ်ရှားမှု တွေ ဘယ်လိုပေးစွမ်းနိုင်မလဲဆိုတာ သိအောင် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်ပါတယ်....... နတ်ဘုရားနိုင်ငံတော်ကို အုပ်စိုးဖို့အတွက် လူ့ လောကမှာ သိမ်းထားတဲ့ အရေးကြီးတဲ့ ရတနာကို လာရှာရင်း လူသားမိန်းကလေးတစ်ဦးနှင့် တွေ့ ဆုံရာက နေ စိတ်ဝင်စားဖွယ်တွေ ပေါ်ပေါက်လာပါတော့တယ်.... လူ့ လောကထဲရောက်လာပြီး အစွမ်းတွေပျောက်ဆုံးသွားတဲ့ နတ်ဘုရားတစ်ပါး နှင့် စိတ်ကျန်းမာရေးဆိုင်ရာပြုစုပေးတဲ့ ဆရာဝန်မလေးတို့ရဲ့ အလွဲလွဲ အချော်ချော်တွေ့ ဆုံမှုတွေကနေ ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရာ အခ

Kiss Me ( 2015 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​လမ်းတွဲ​လေးက​တော့ Korea ဇာတ်​လမ်းတွဲတစ်​ခုဖြစ်​တဲ့ " Playful Kiss " ကိုပြန်​ရိုက်​ထားတဲ့ ဇာတ်​ကား​လေးတစ်​ခုပါ .. ထိုင်းမင်းသား​ချော​လေး Mike D. Angelo နဲ့ ထိုင်းမင်းသမီး​ချော​လေး Aom Susher ပါဝင်​ထားပြီး ​ကျောင်းသား​တွေကြားထဲက သူငယ်​ချင်းအချင်းချင်း ရင်းနှီးမှုသံ​ယောဇဉ်​​တွေနဲ့ အဲ့ဒီကြားကဖြစ်​​ပေါ်လာတဲ့ ရင်​ခုန်​သံ​တွေကို Drama ဆန်​ဆန်​ Comedy ပုံစံဖြင့်​ရိုက်​ကူထား​​တဲ့ Thai series ​လေးတစ်​ခုပဲ ဖြစ်​ပါတယ်​ .. Rating အ​နေနဲ့က​တော့ mydramalist မှာ 8.4/10 ရရှိထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တယ့် ဇာတ်လမ်းတွဲလေးပါ .. Country       : Thailand Genre          : Drama , Romance , School Type           : Series Episode       :20 Translator    : ENN Encoder      : LoL Episode 1(Pcloud Link) Episode 2(Pcloud Link) Episode 3(Pcloud Link) Episode 4(Pcloud Link) Episode 5(Pcloud Link) Episode 6(Pcloud Link) Episode 7(Pcloud Link) Episode 8(Pcloud Link) Episode 9(Pcloud Link) Episode 10(Pclou