Skip to main content

Neighborhood ( 2012 ) - မြန်မာစာတန်းထိုး




စိတ္တဇ သတ်ဖြတ်မှု ရုပ်ရှင်တွေနဲ့ အောင်မြင်ကြော်ကြားတဲ့ ကိုရီးယားရုပ်ရှင်လောကဟာ နှစ်စဉ်နှစ်တိုင်းလိုလို စိတ္တဇဆန်ဆန် ဇာတ်အိမ်တွေနဲ့ ရုပ်ရှင်ကားတွေကို  တင်ဆက်ထုတ်လုပ်လေ့ရှိပါတယ် ... ယခု ရုပ်ရှင်ကားကလည်း ကိုရီးယားစိတ္တဇလူသတ်ကားကောင်းထဲမှာ တစ်ကားအပါအဝင် ဖြစ်မယ့်ကားလို့ သတ်မှတ်လို့ရနိုင်ပါတယ် ... 

လွတ်လပ်တဲ့ ဇာတ်အိမ်ဖွဲ့စည်းပုံ (ပရိသတ်နားမလည်မှာ စိုးရိမ်၍ သူဟာ ဘာကြောင့် အခုလို လူသတ်သမားဖြစ်နေရတယ် ... မကောင်းမှု ပြု ကျင့်တဲ့သူကို ကောင်းမှု တွေဖန်တီးလုပ်ဆောင်နေတဲ့ အရာတွေက အနိုင်ယူသွားရတယ် ... ခံစားသူထံကို လက်တွေ့လူလောကထဲမှာ သင်ခန်းစာကောင်းတွေ ... ဒသနတွေဂ, ဆောင်ပုဒ်တွေ , အမှားမြင် အမှန်ယူရမယ် စတဲ့ အချက်တွေ ... မင်းသား ဗီလိန် ပြု ကျင့်သူ ပြု ကျင့်ခံရသူ ယင်းသို့သော တသမတ်တည်း ဖွဲ့စည်းမှု မျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားမျိုးတွေ မဟုတ်တာကို ဆိုလိုရင်းဖြစ်ပါတယ်) ... အကွက်စေ့တဲ့ ဇာတ်လမ်းအကူးအပြောင်းတွေကြောင့် ယခု ဇာတ်ကားဟာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတဲ့မျှော်လင့်မှု မျိုးကို ခိုင်ခိုင်မာမာ လှု ပ်နှိုးသွားနိုင်ခဲ့ပါတယ် ... စိတ္တဇသတ်ဖြတ်မှု ကို အခြေခံပေမယ့် အဓိက သတ်ဖြတ်သူရဲ့ ရှု့ ထောင့်နဲ့ ပြု ကျင့်ခံရသူတွေရဲ့ အခြေအနေတွေကို အဓိကထားပြီး ဇာတ်လမ်းသွားကို ပုံဖော်ထားတာမျို မဟုတ်ပဲ ရုပ်ရှင်ထဲမှာပါဝင်တဲ့ ဇာတ်ကောင်အားလုံးရဲ့ ကိုယ်စီကိုယ်င ပဋိပက္ခဖြစ်နေတဲ့ စိတ်ခံစားမှု ပြသာနာတွေနဲ့ မူရင်းပြု မူသတ်ဖြတ်သူရဲ့ နေထိုင်ဖြတ်သန်းပုံတို့ကို ကိုရီးယားရုပ်ရှင်တွေစတိုင်လ်အတိုင်း ဘယ်ဘက်ကိုမှ အားပြု ပုံဖော်ထားမျို မပါဝင်ပါဘူး ... အထပ်မြင့်တိုက်ခန်းတွဲနရန်းပတ်လည်အတွင်းမှာ ဖြစ်ပျက်နေတာကလေးတွေကိုသာ မှန်ကူကွက်လို ဇာတ်လမ်းသွားနဲ့ ဟိုတစ်စ ဒီတစ်စ ချိတ်ဆက်ပြီးတော့သာ ပုံဖော်ထားတာဖြစ်ပါတယ် ...

အခုရုပ်ရှင်မှာ လူသားအများစု ကရုဏာ သက်လွယ်တဲ့  ... မျက်ရည်လွယ်စေမယ့် ဇာတ်ကွက်မျိုးနဲ့ မညှာမတာ ရိုက်ပြပါတယ် ... ဘာလဲဆိုတော့ ခလေးအရွယ် သာသာလောက်သာ ရှိသေးမယ့် မိန်းကလေးငယ်လေးကို စိတ္တဇ လူသတ်သမားက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ပုံနဲ့ တင်ပြထားလိုက်ပါတယ် ...

ရပ်ကွက်တစ်ခုထဲက တိုက်ခန်းတွေမှာ နေထိုင်ကြတဲ့ မိသားစုတွေရဲ့ အဖြစ်အပျက်တစ်ခုလို့ ယေဘုယျ ပြောရမယ် ... တိုက်ခန်းနံပါတ် 101 /102 စလို့ နံပါတ်တွေရှိတဲ့ တိုက်ခန်းတွဲတွေမှာ မိသားစုတွေ နေထိုင်ကြတယ် ... ရပ်ကွက်ထိပ်မှာ တိုက်တာအိမ်ရာထဲက ရေမီးကိစ္စအတွက် တာဝန်ယူပြု ပြင်ပေးရတဲ့ ဌာနတစ်ခုရှိတယ် .... မလှမ်းမကမ်းမှာတော့ ခရီးဆောင်အိတ်တွေရောင်းတဲ့ အရောင်းဆိုင်တစ်ခုရှိသလို ပီဇာလည်ပို့ရတဲ့ မုန့်ဆိုင်တစ်ဆိုင်လည်းရှိပါတယ် ... နောက် တိုက်ခန်းတွဲတွေက နေထိုင်မှု တွေနဲ့ပတ်သက်လို့ အဆင်ပြေမှု ရှိမရှိတွေကို ညှိနှိုင်းဆွေးနွေးပေးရတဲ့ အလုပ်ကို လုပ်ဆောင်ရတဲ့ သားအမိနှစ်ယောက်လည်းရှိတယ် ... အဲဒီကတိုက်ခန်းထဲမှာ လူမိုက်တစ်ယောက်လည်း နေထိုင်ပါသေးတယ် ... နောက်ဆုံး အဓိကကျတဲ့ လူတစ်ယောက်ကတော့ စိတ္တဇလူသတ်သမားတစ်ယောက်ပါပဲ ... လူမသတ်ရရင် မနေနိုင်တဲ့ သူ့အတွက် မကြာခဏဆိုသလို သတ်ဖြတ်ပစ်ရမှ ကျေနပ်တဲ့သူမျိုးပါ ...

တုတ်ထိုးရေခဲမုန့်တဲ့ ဆင်တူတဲ့ သစ်သားလုံးကြီးနဲ့ သူဖမ်းမိထားတဲ့ သားကောင်ကို ရိုက်နှက်သတ်ဖြတ်လေ့ရှိပါတယ် ... သူက အခန်းနံပါတ် 102 မှာ နေထိုင်ပြီးတော့ လူသတ်မှု တွေကို အခွင့်အခါသင့်တိုင်း ကျူးလွန်လေ့ရှိသူပါ ... ဖမ်းမိတဲ့သားကောင်ကို ပီဇာကျွေးမယ်။ပြီးရင် ထုနှက်သတ်မယ် ... နောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ်ပြီးတော့ ဝယ်ယူထားတဲ့ နံပါတ်နဲ့ လှည့်ဖွင့်ရတဲ့ အိတ်ထဲကိုထည့်ပြီး စွန့်ပစ်မယ် ... သွေးအေးလူသတ်သမားပီပီ အစစအရာရာ သတိကြီးသလို လက်စဖျောက်လည်း သေသပ်သူဖြစ်လို့ ဘယ်သူမှ သူ့ကို မရိပ်မိကြပါဘူး ... 

အဲဒီနေ့က မိုးတွဲဖွဲဖွဲရွာနေတယ် ... သူဖြေးလေးစွာ ကားမောင်းလာရင်းနဲ့ လာကြို သူ မရှိလို့ မိုးရေတွေ စိုရွှဲနေတဲ့ သူ့အခန်းဘေးက တိုက်ခန်းမှာ နေထိုင်တဲ့ အလယ်တန်းကျောင်းသူမလေး ဆွန်ယောင်းကို တွေ့လို့ အိမ်နီးချင်းလို့ပြောပြီး ညာခေါ်ခဲ့တယ် ... ဆွန်ယောင်း ဆိုတဲ့ကလေးမလေးက အမေမရှိတော့ပဲ ဖခင်ရဲ့ နောက်အိမ်ထောင် မိထွေးဖြစ်သူနဲ့ အတူနေထိုင်ရရှာသူလေးဖြစ်ပေမယ့် မိထွေးကတော့ မိခင်ရင်းချာပမာ ချစ်ရှာပါတယ် ... ဆွန်ယောင်းကလည်း ချစ်စရာကောင်းတဲ့ မိန်းကလေးလေးပဲကို ... ...

လူသတ်သမားအနေနဲ့ ပြန်လွှတ်ပေးဖို့ စဉ်းစားပေမယ့် အခြေအနေက သူနဲ့အတူပါလာတာ ဘယ်သူမှသိကြတာမဟုတ်လို့ အခန်းထဲ ညာခေါ်ပြီး သတ်ပစ်လိုက်တော့တယ် ... 

ဇာတ်လမ်းက အခုမှ စတော့တာလို့ ပြောရမယ် ... ကောင်မလေးရဲ့ မိထွေးဖြစ်သူဟာ သွားမကြို မိခဲ့လို့ ဖြစ်ခဲ့တဲ့ ကိစ္စအပေါ် ယူကျုံးမရ ဖြစ်နေတုန်းပဲ ... နောက်ထပ်ဆိုးတာတစ်ခုက သူမလင်ပါ သမီးလေးဟာ ညနေကျောင်းဆင်းချိန်တိုင်း ဝိဥာတ်လေးအဖြစ်နဲ့ ပြန်ပြန်လာတာပါပဲ ...

လူသတ်မှု ဟာ ဟိုးလေးတစ်ကြော်ကြော်ဖြစ်နေပြီ ... အိတ်ရောင်းတဲ့ ဆိုင်ရှင်ကြီးက သူရောင်းတဲ့အိတ်ကို တီဗီထဲမှာ မြင်ရကတည်းက အိတ်လာလာဝယ်လေ့ရှိတဲ့ မျက်နှာသေနဲ့လူစိမ်းကောင်ကို သံသယဝင်နေတော့တယ် ...

နောက်ထပ်တစ်ခုက အိမ်ရေမီးဝန်ဆောင်မှု လုပ်ငန်းက အမှို က်သိမ်းသမားဟာ အမှို က်သိမ်းရင်းနဲ့ လူသတ်သမား ပစ်ထားတဲ့ အမှို က်အိတ်ထဲက မိန်းကလေးဝတ် အင်္ကျီလေး တွေ့ရလို့ လူသတ်သမားဆီ သွားပြောချိန် ... အမှို က်သိမ်းဌာနက ဦးစီးလုပ်တဲ့ ပုဂ္ဂို လ်ကြီးမှာလည်း အတိတ်ဆိုးတစ်ခုက ရှိနေသေးပါတယ် .... 

လူသတ်သမားအနေနဲ့ ဘယ်လောက်ပဲ လက်ယဉ် လက်ယဉ် တွေ့တိုင်း အရိုက်ခံရတဲ့ ပြန်လုပ်လည်း မနိုင်တဲ့ တိုက်ခန်းနားနီးချင်း လူမိုက်ကြီးလည်း ရှိပါသေးတယ် ... သူက ဒီကိစ္စတွေမှာ ဘယ်လိုပါဝင်လာနိုင်သလဲ ...

နောက်ဆုံး အံ့အားသင့်ဖွယ်အချက်က နေထိုင်မှု အဆင်ပြေမပြေ ညှို နှို င်းဆောင်ရွက်ပေးရတဲ့ အလုပ်ကို လုပ်ကိုင်ရတဲ့ အမျိုးသမီးကြီးရဲ့ သမီးကလေးက သေသွားတဲ့ ကောင်မလေးနဲ့ ရုပ်ချင်းဆင်တူနေတာပါပဲ ... 

ဒီအချက်အလက်တွေအားလုံးက လူသတ်သမားအတွက် သတိထားရမယ့် အခြေအနေတွေပေါ့ ... လူသတ်သမားအနေနဲ့ ဘယ်လို ပြု လုပ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာသေချာသလို အဆုံးသတ်ကလည်း ကျွန်တော်တို့ ထင်မှတ်သလို သိမ်းမသွားဘူးဆိုတာ တွေ့ရမှာပါ ... 

ဒီကားမှာ ကိုရီယားရုပ်ရှင်ရေပန်းစားစပြု စဉ်ကာလက ခေတ်စားခဲ့တဲ့ Shiri ရုပ်ရှင်ထဲက မင်းသမီး ယွန်ဂျီ ကင်ကို မိထွေးအပူသည် အမျိုးသမီးတစ်ယောက်အဖြစ်ပီပြင်စွာ တွေ့မြင်ရမှာ ဖြစ်သလို 

နောက်ထပ် ချီးကျူးရမယ့် သူတစ်ယောက်က တော့ သေဆုံးသွားတဲ့ ကလေးမလေးနေရာက သရုပ်ဆောင်တဲ့ ကင်ဆေ ရွန် ဆိုတဲ့ ကောင်မလေးပါ ...

အခုဆိုရင်တော့ ကလေးသရုပ်ဆောင်တဲ့နေရာကနေ ကူးပြောင်းလို့ရတဲ့ အရွယ်ရောက်ပြီလို့ ပြောလို့ရနိုင်ပါတယ် ... ဆယ့်ခြောက်နှစ်ရှိပါပြီ ... The Man From Nowhere ကနေ မျက်နှာငယ်လေးနဲ့ ကရုဏာသက်ဖွယ် သွင်ပြင်ကို သရုပ်ဆောင်ပြခဲ့တဲ့ ကလေးမလေးက နောက်ပိုင်း ကိုရီးယားရုပ်ရှင်အများစုမှာ နေရာရဝင်ဆန့်လာတာတွေ့ရသလို သိပ်မကြာသေးခင်ကထွက်ထားတဲ့Manhole လို (သိပ်ကြီးမကောင်း)စိတ္တဇလူသတ်ရုပ်ရှင်ကားမှာလည်း သရုပ်ဆောင်ထားပါသေးတယ် ... အခုကားမှာလည်း သူ့ရဲ့ကရုဏာသက်ဖွယ် သဏ္ဍာန်လေးနဲ့ ဇာတ်တစ်ခုလုံး ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ ...

လူမိုက်ကြီးဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားတဲ့ Ma Dong-seok ဆိုတာကိုတော့ Train To Busan ကားနဲ့ သိကြမှာပါ ... ကိုယ်ဝန်ဆောင်မိန်းမအပေါ်ကာကွယ်သွားတဲ့ ဇာတ်ရုပ်နဲ့ လူကြို က်များခဲ့တာဖြစ်ပေမယ့် ဟိုးအရင်ကတည်းက ဇာတ်ပို့တစ်ယောက်အဖြစ် သူပါဝင်တဲ့ဇာတ်ကားတိုင်း အောင်မြင်မှု ရခဲ့တာချည်းပါပဲ ... ဘယ်လိုပဲရုပ်တည်ကြီးနဲ့ပဲရိုက်ရိုက် မုန်းစရာပုံစံမပျောက်တဲ့ ဘဲကြီးက ဒီကားမှာလည်း လူမိုက်ကြီးအဖြစ် မျက်နှာထားသုန်သုန်မှု န်မှု န်နဲ့  သရုပ်ဆောင်ထားပေမယ့် ရယ်ရွှင်ဖွယ်ကောင်းတုန်းပါပဲ ... 2016မှာလည်း  No Way To Go ဆိုတဲ့ အက်ရှင်ကားတစ်ကားထွက်ထားပါသေးတယ် ... 

အခုကားထဲမှာ အဓိကလူသတ်ကောင်အဖြစ် ပါဝင်ထားတဲ့ ကင်ဆောင်ကျွမ်းကလည်း ဇာတ်ပို့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး မျက်နှာထားသေသေ မြင်ရသူ ရွံကြောက်ကြောက်စေတဲ့ လူတစ်ယောက်အဖြစ် ယခင် Nameless Gangster ရုပ်ရှင်ထဲက ထက်ပိုပြီး လက်ရှိကားတစ်ခုလုံး သူ့ရဲ့ ပြု မူဆောင်ရွက်ပုံ ... စိတ္တဇဖြစ်နေတဲ့ လူတစ်ယောက်အဖြစ် အားလုံးမြင်တွေ့ကြရမှာဖြစ်ပါတယ် ... 

ထိတ်လန့်သည်းဖို ဖြစ်စေမယ့်စိတ်ခံစားမှု ဘက်ကို အားထုတ်ပုံဖော်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပေမယ့် လူတိုင်းရဲ့ ပတ်ဝန်းကျင်အနေအထားအလိုက် ဖြစ်ပျက်နေတဲ့ စိတ်နေခံယူမှု တွေကို ဒါရိုက်တာဖြစ်သူဟာ မဖျောက်ဖျက်ခဲ့ပါဘူး ...

အိပ်မက်ဆန်ဆန် စိတ်ကျဝေဒနာသည်များမြင်ရတဲ့ စိတ်မြင်ကွင်း အမှောင်ရိပ်တွေ ... အံတကြိတ်ကြိတ်ဖြစ်စေမယ့် အခန်းအကူးအပြောင်းလေးတွေကို အရင်က နာမည်ကြီး ကားတွေဖြစ်တဲ့ The Chaser |Memories Of Murder ကားတွေထဲက ပုံစံမျို (အဲဒီကားတွေကို မမှီနိုင်ပေမယ့်)ပိုထွက်နေတဲ့ ဇာတ်ဆောင်မျိုးတွေ မပါဝင်ပဲ အိမ်နီးချင်းလေးတွေရဲ့ ထိတ်လန့်သွေးပျက်ဖွယ် အကြောင်းအရာတွေကို အားပါးတရ ကြည့်ရှု ကြရပါမယ်ဟု ပြောရင်းနဲ့ ... 

Rating
IMDb
6.5/10
RottenTomatoes 
73%


( *Credit : ကိုညီလင်းအိမ် fb wall မှကူးယူဖော်ပြပါသည်


Translator : Khin July Moe
Encoder : Anonymous X
Quality : 720 p
File Size : 508 MB



Comments

Popular posts from this blog

The Legend of Zu ( 2015 ) - မြန်မာစာတန်းထိုး

တရုတ်သိုင်းကား တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် .... အပိုင်း ၅၅ ပိုင်း ပါဝင်ပြီး တကယ်ကို ကောင်းတဲ့ ဇာတ်လမ်းတွဲလေး တစ်ခုပါလို့ ပထမဆုံးအာမခံပါရစေ ... မင်းသား မင်းသမီးတွေကလဲ နာမည်ကြီးဆိုရင်လဲ မှားနိုင်မည်မထင်ပါဘူး ... ဇာတ်လမ်းအကျဉ်းကတော့ - နတ်ဆိုးလောကမှာ သခင်လေးရဲ့ အချစ်ခြင်းကိုခွဲခဲ့ တဲ့သူက သန့်စင်တယ်ဆိုတဲ့ဇူးဇန်းဂိုဏ်းချုပ်ဖြစ်နေတဲ့သူပေါ့ .... နတ်ဆိုးသခင်က လောကမှာ မှော်စွမ်းအင်ကိုလက်ခံနိုင်မယ့်ကောင်လေးတစ်ယောက်ကို ဇူးဇန်းကိုပို့ခဲ့တယ် .... မှော်စွမ်းအင်ကိုနိုးဆော်ပေးဖို့ ကောင်လေးရဲ့ဇနီးရုပ်နဲ့တူနေတဲ့ကောင်မလေး တစ်ယောက်ကိုထပ်လွှတ်ပေးခဲ့တယ် ... အဲ့လို အရှုပ်အထွေးတွေနဲ့ အချစ်အမုန်းကလဲစားချေတာကိုကြည့်ရှုရမှာဖြစ်ပြီး ... မှော်လောကရဲ့ သခင်အဖြစ် မင်းသားချော (Chinese Scarlet Heart ရဲ့ခေါင်းဆောင်မင်းသား) Nicky Wu သရုပ်ဆောင်ထားပြီး ... မှော်စွမ်းအင်ကိုလက်ခံမယ်သူနေရာမှာတော့ William Chan က သရုပ်ဆောင်ကာ .... မှော်ဓာတ်ကိုနိုးဆော်ပေးမယ့် သူနေရာမှာ (The Journey of Flower ဇာတ်ကားနဲ့အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးချောလေး ) Zhao Liying တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .... Rating အနေနဲ့ကေ...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

Kiss Me ( 2015 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​လမ်းတွဲ​လေးက​တော့ Korea ဇာတ်​လမ်းတွဲတစ်​ခုဖြစ်​တဲ့ " Playful Kiss " ကိုပြန်​ရိုက်​ထားတဲ့ ဇာတ်​ကား​လေးတစ်​ခုပါ .. ထိုင်းမင်းသား​ချော​လေး Mike D. Angelo နဲ့ ထိုင်းမင်းသမီး​ချော​လေး Aom Susher ပါဝင်​ထားပြီး ​ကျောင်းသား​တွေကြားထဲက သူငယ်​ချင်းအချင်းချင်း ရင်းနှီးမှုသံ​ယောဇဉ်​​တွေနဲ့ အဲ့ဒီကြားကဖြစ်​​ပေါ်လာတဲ့ ရင်​ခုန်​သံ​တွေကို Drama ဆန်​ဆန်​ Comedy ပုံစံဖြင့်​ရိုက်​ကူထား​​တဲ့ Thai series ​လေးတစ်​ခုပဲ ဖြစ်​ပါတယ်​ .. Rating အ​နေနဲ့က​တော့ mydramalist မှာ 8.4/10 ရရှိထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တယ့် ဇာတ်လမ်းတွဲလေးပါ .. Country       : Thailand Genre          : Drama , Romance , School Type           : Series Episode       :20 Translator    : ENN Encoder      : LoL Episode 1(Pcloud Link) Episode 2(Pcloud Link) Episode 3(Pcloud Link) Episode 4(Pcloud Link) Episode 5(Pcloud Link) Episode 6(P...

Three Lives Three Worlds , Ten Miles of Peach Blossoms ( 2017 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ ... တရုတ်ဇာတ်လမ်းတွဲတွေကို ပြန်နေကြဖြစ်တဲ့ အစ်မ Hsu Min Min Hlaing က လဲ သူ့ကား Novoland : The Castle in the Sky လေးပြီးလို့ နောက်တစ်ကား ဘာပြန်ရမလဲမသိပဲ ဒွိဟဖြစ်နေချိန် ဒီကားလေး ထွက်လာလို့ ... မရ ရအောင် အပူက ပ် မဲဆွယ်ပြီး ဘာသာပြန်ခိုင်းဖြစ်လိုက်ပါတယ် ... အခုချိန်မှာတော့ မြန်မာစာတန်းထိုး လေးနဲ့ ကြည့်ရှုနိုင်ပါပြီ ... ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ '' Three Lives Three World, Ten Miles of Peach Blossoms '' ဖြစ်ပါတယ် ... Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ပိုင်ချင်းကအဆင့်မြင့်နတ်ဘုရားမဖြစ်ပြီး ကောင်းကင် ဘုံဆိုင်ရာနယ်ပယ်ထဲကတိုင်းပြည်တစ်ခုဖြစ်တဲ့ ချင်ချိုရဲ့လက်ရှိအမျိုးသမီးဧကရာဇ်လဲဖြစ်တယ် ... ပိုင်ချင်း က ခွန်လွန်တောင်ရဲ့တပည့်တယောက်ဖြစ်ပြီး အသူရာသခင် ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာသေမျိုးနယ်ပယ်ထဲကျရောက်သွားတယ် ... သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကိုလျစ်လျူရှုပြီး သေမျိုးနယ်ပယ်ထဲမှာ ...

Let's Flight Ghost ( 2016 ) - မြန်မာစာတန်းထိုး

ဒီကား​လေးက​တော့ 2016 July မှာ မှ ထွက်​ရှိလာတဲ့ အသစ်​စက်​စက်​ ဇာတ်​လမ်းတွဲ​လေးပါ ... ဇာတ်​လမ်းအမျိုးအစားက​တော့ Horror , Supernatural , Comedy , Romance ပုံစံ​လေးပါ ... Main Actor က​တော့ ​တောင်​ကိုရီးယားမှ K Pop band တစ်​ခုဖြစ်​တဲ့ 2PM အဖွဲ့က Main Rapper " Ok Taec Yeon " ပါ ... အားလုံး ကြည့်​ဖူးလိမ့်​မယ်​လို့လဲ ထင်​မိတဲ့ Dream High ဇာတ်​လမ်းတွဲထဲ မင်းသားတ​ယောက်​ပါ ... Main Actress က​တော့ အသက်​ ၁၇ နှစ်​သာ ရှိ​သေးတဲ့ Kim So-Hyun ပါ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - ကင်​အွန်​ဂျီ ဟာ လူ့ဘဝက ဘယ်​ပုံဘယ်​နည်းနဲ့ ​သေခဲ့မှန်းမသိပဲ ဝိဥာဉ်​ဘဝသို့ ​ရောက်​ရှိ​နေရရှာပါတယ်​ .. မင်းသား ပတ်​ဘုံပဲ က​တော့ ဝိဥာဉ်​​တွေ သရဲ​တွေကို မြင်​နိုင်​တဲ့ အစွမ်းသတ္တိ ပိုင်​ဆိုင်​ထားတဲ့ တ​ယောက်​ပါ ထိုအစွမ်းကိုအသုံးချပြီး သရဲနှိမ်​နင်းတဲ့ ဆရာ တ​ယောက်​အဖြစ်​ လုပ်​ကိုင်​ကာ ဝင်​​ငွေရှာ​နေသူတစ်​ဦးပါ ... တစ်​​နေ့​တော့ ပတ်​ဘုံပဲထံ သရဲနှိမ်​နင်း​ပေးရန်​ ​တောင်းဆိုလာသည့်​ Mail တစ်​​စောင်​ ​ရောက်​ရှိလာခဲ့ပါတယ် ထိုMail က ဝိဥာဉ်​ဖြစ်​​နေတဲ့ ကင်​အွန်​ဂျီ က ပို့ခဲ့ခြင်းဖြစ်​ပြီး သူမ ​ကြောက်​ရတယ...