English Title - Blue Spring Ride
အခုတစ်လော Completed Series တွေ Encode ချင် စိတ်မရှိသေးလို့ J Movie လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ....
ဒီကားလေးကိုတော့ 2014 ခုနှစ်မှာထွက်ရှိထားတာဖြစ်ပြီး manga ကို ပြန်ရိုက်ကူးထားတဲ့ japanese school romance အမျိုးအစား movie လေးဖြစ်ပါတယ် ...
ယိုရှိအိုက ဖုတဘဟာ အလယ်တန်းကျောင်းသူဘဝမှာ တနခ ကိုးဆိုတဲ့ ကြင်နာတတ်တဲ့ ကျောင်းသားလေးကို သဘောကျခဲ့တယ် ... သူတို့ နီးစပ်တော့မယ့်အချိန်မှာပဲ တနခ ကိုးက ကျောင်းပြောင်းသွားလို့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ် ... အထက်တန်းကျောင်းရောက်တဲ့အခါ ဖုတဘ က ကိုးနဲ့ ပြန်တွေ့ခဲ့ပေမယ့် .... တနခ ကိုးအဖြစ်နဲ့မဟုတ်ပဲ မဘုချိ ကိုးအဖြစ်နာမည်ပြောင်းထားပြီး အလယ်တန်းတုန်းကနဲ့ မတူပဲ ပြောင်းလဲသွားတယ် ....
သူဘာလို့ပြောင်းလဲသွားတာလဲ ?
အလယ်တန်းတုန်းကရော ဘယ်ကို ဘာလို့ပြောင်းသွားတာလဲ ?
သူကရော ဖုတဘ ကို သဘောကျနေသေးလား ?
ပြိုင်ဘက်ရှိလာဦးမှာလား ?
ဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ပြီးပဲ အဖြေရှာလိုက်ပါနော် ....
ဆယ်ကျော်သက်ကျောင်းသားကားလေးဖြစ်တာကြောင့် ကျောင်းပြီးသွားတဲ့သူတွေ ကြည့်ရင်လည်း ... ကျောင်းသားဘဝ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တာတွေ ... သူတို့ရဲ့ စိတ်ဓာတ်ကောင်းလေးတွေနဲ့ ကူညီပေးခဲ့တာတွေကို ပြန်ပြီး သတိတရဖြစ်လာစေမှာဖြစ်တဲ့အတွက် ကြည့်ရှုပေးဖို့ ဖိတ်ခေါ်ပါရစေ ....
Translator : Nwehnin Thet
Encoder : Anonymous X
Quality : 720p
File Size : 548 MB
thanks
ReplyDeletethank
ReplyDelete