"Love Arumirai(2015)"
Movie တွေမတင်ဆက်ဖြစ်တာကြာပီဖြစ်တဲ့အတွက် MMATV ရဲ့ချစ်လှစွာသောပရိတ်သတ်ကြီးကို 2015 ခုနှစ်ထွက် "Love Arumirai" ဆိုတဲ့ထိုင်းကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ရှင်။
Geng နဲ့ Bella လို့ခေါ်တဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲရှိပါတယ်။
Geng ကတော့ရဲတစ်ယောက်ဖြစ်ပီး Bellaကတော့ရုပ်ရည်လှပချောမောတဲ့ Fashionဆရာမကြီးတစ်ယောက်ပါ။
သူတို့နှစ်ယောက်က အလုပ်အမြဲရှုပ်တတ်ကြပီး တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်သိပ်မပြေကြဘူး။
ဒီလို့နဲ့တစ်ညမှာု့နှစ်ယောက်သားစကားများပီး အိပ်ပျော်သွားတဲ့အခါ မနက်မိုးလင်းတော့ ကိုယ်ချင်းလွဲနေတာကို သိလိုက်ရပါတယ်။
ဒါပေမဲ့လည်းသူတို့ရဲ့အလုပ်ကိစ္စတွေက အရေးကြီးတဲ့အတွက်ဟန်ဆောင်ပီး အလုပ်သွားကြပါတယ်။
မင်းသမီးကိုယ်နဲ့(မင်းသား)က fashion ကိစ္စတွေအတွက်သွားရသလို မင်းသားကိုယ်နဲ့(မင်းသမီး)က လူဆိုးဖမ်းဖို့်လုပ်ကြရတာကြောင့် ဘယ်လိုပေါက်ကရတလွဲတွေလုပ်မလဲ ၊သူတို့နှစ်ယောက်ရောချစ်သွားကြမလား၊နဂိုခန္တာကိုယ်တွေပြန်ရမလားဆိုတာတော့ movieလေးမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသအမြူးလေးဖြစ်တာကြောင့် သဘောကျနှစ်သက်မယ်လို့ ယုံကြည်မိပါတယ်။
အားလပ်ရက်လေးမှာရုပ်ရှင်တွေကြည့်ရင်း အမောတွေပြေနိုင်ကြပါစေလို့ Myanmar Asian TV Channel မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်
Translator : Khin July Moe
Encoder : MTK
American ဇာတ်ကား လည်းရှိတယ်မလား??အဲလိုဇာတ်လမ်းနဲ့
ReplyDelete