Skip to main content

Princess Hours - Thai Ver. ( 2017 ) - မြန်မာစာတန်းထိုး



တရုတ်သံတွေ ထိုင်ဝမ်သံတွေ ဂျပန်သံတွေ ကိုရီးယားသံ တွေကို ကြားနေမြင်နေ ကြည့်နေရမှာ ငြီးငွေ့လာမှာစိုးလို့ 2017 ခုနှစ်ထွက် အသစ်စက်စက် Thai Drama လေး တစ်ခုကို တင်ဆက်လိုက်ရပါတယ် ...

မနေ့က Trailer video တုန်းက ပြောပြခဲ့တဲ့ အတိုင်း ဒီဇာတ်လမ်းလေးဟာ တစ်ခေတ်တစ်ခါ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင် ( Princess Hours ) ကို အခြေပြုပြီး Thai တွေမှ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

25.04.2017 က စပြီး ထိုင်းနိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ True4U ရုပ်သံလိုင်း မှ ထုတ်လွှင့်ပြသလျက်ရှိပြီး ယနေ့နဲ့ဆို 3 ပိုင်း တိတိ ထုတ်လွှင့်ပြီးလျက်ရှိပါပြီ  ...

Main Cast တွေ အနေနဲ့ကတော့ မင်းသား Phiangphor Sarasathapheng နှင့် မင်းသမီးချောလေး Ungsumalynn Sirapatsakmetha တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဘူတင် နိုင်ငံက် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး သာဒါ မှာ သားတော်တစ်ပါးရှိတယ် ... သူကတော့ မင်းသားလေး အင် ပေါ့ ... ဘုရင်ကြီး နာမကျန်းဖြစ်တဲ့အချိန်မှာ England နိုင်ငံမှာ ပညာပြန်သင်ကြားနေတဲ့ အင် ကို ပြန်ခေါ်ပြီး ... အရင် မင်းကြီး ထားခဲ့တဲ့ ကတိစကားတစ်ခုအရ အမျိုးသမီးငယ် တစ်ဦးနဲ့ လက်ဆပ်ပေးဖို့ ပြောပါတော့တယ် ... ထို အမျိုးသမီးငယ်လေးကတော့ အနုပညာ ဘာသာရပ်ကို လေ့လာဆည်းပူးနေပြီး ပျော်ပျော်ပါးပါး ရွှတ်ရွှတ်နောက်နောက် နေတတ်ပြီး အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကျောင်းသူလေး ခနင် ပါ ...

ထိုအသက် ၁၉ နှစ်သာရှိသေးပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ခနင် ဟာ ရုတ်တရက် လက်ထပ်ရတော့မယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုကြီးနဲ့ ရင်ဆိုင်ရသောအခါ ... ထိုအမျိုးသားမှာလဲ ဘူတင် နိုင်ငံရဲ့ မင်းသားလေး ဖြစ်နေမှန်း သိလိုက်ရသောအခါ ... ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Princess Hours ( Thai Ver. ) လေးကို ကြည့်ရှုလိုက်ကြရအောင်နော် ...

Romance , Comedy သီးသန့်မဟုတ်ပဲ တခြား ဘာတွေပါလာမလဲဆိုတာကိုတော့ ရင်ခုန်စွာ ကြည့်ရှုခံစားလိုက်ကြရအောင်နော် ...

Rating အရလဲ MyDramaList မှာ 7.6/10 ရရှိထားတဲ့ rating ကောင်း Drama လေး တစ်ခုဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်နော် ...


Translator - Myat Shweyeai Khine | Anonymous X
Encoder - Anonymous X
Quality - 720p
File Size - 300+ MB




Comments

  1. အရမ်းကောင်းပါတယ်
    ကေျးဇူးတင်ပါတယ်
    အားပေးနေပါတယ် ^^

    ReplyDelete
  2. Plzzz ep 6
    စောင့်ရတာလယ်ပင်းရှည်နေဘီ😃😃😃

    ReplyDelete
  3. အဇမ်းကျေးဇူးတင်တာပဲ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အပိုင်းဆက်လေး plz

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. http://myasiantv.se/drama/fight-for-my-way/episode-1/

    ReplyDelete
  8. အပိုင်း၈ကိုမျော်နေပါတယ်ကျေးဇူးတင်ပါတယ်

    ReplyDelete
  9. အပိုင်းသစ်တွေကဘယ်တော့တင်တာလဲ စောင့်ရတာသစ်ကုလားအုတ်ဖြစ်တော့မှာမို့လို့ပါ :-):-D

    ReplyDelete
  10. 10 & 11 လာသေးဘူးလား

    ReplyDelete
  11. 10&11ကိုမျှော်နေပါတယ်လို့


    ReplyDelete
  12. 10နဲ့၁၁ ကိုမျှော်နေတုန်းပဲ

    ReplyDelete
  13. 15 လာသေးဘူးလား :)

    ReplyDelete
  14. ကျန်တဲ့အပိုင်းလေးတွေလဲ ဆက်ပါဦးနော် ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. new episode plzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz

    ReplyDelete
  17. 155555555555555555555555555555555555555555555555555555555

    ReplyDelete
  18. အသစ်မတင်တော့ဖူးလားဗျာ

    ReplyDelete

Post a Comment

Popular posts from this blog

The Legend of Zu ( 2015 ) - မြန်မာစာတန်းထိုး

တရုတ်သိုင်းကား တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် .... အပိုင်း ၅၅ ပိုင်း ပါဝင်ပြီး တကယ်ကို ကောင်းတဲ့ ဇာတ်လမ်းတွဲလေး တစ်ခုပါလို့ ပထမဆုံးအာမခံပါရစေ ... မင်းသား မင်းသမီးတွေကလဲ နာမည်ကြီးဆိုရင်လဲ မှားနိုင်မည်မထင်ပါဘူး ... ဇာတ်လမ်းအကျဉ်းကတော့ - နတ်ဆိုးလောကမှာ သခင်လေးရဲ့ အချစ်ခြင်းကိုခွဲခဲ့ တဲ့သူက သန့်စင်တယ်ဆိုတဲ့ဇူးဇန်းဂိုဏ်းချုပ်ဖြစ်နေတဲ့သူပေါ့ .... နတ်ဆိုးသခင်က လောကမှာ မှော်စွမ်းအင်ကိုလက်ခံနိုင်မယ့်ကောင်လေးတစ်ယောက်ကို ဇူးဇန်းကိုပို့ခဲ့တယ် .... မှော်စွမ်းအင်ကိုနိုးဆော်ပေးဖို့ ကောင်လေးရဲ့ဇနီးရုပ်နဲ့တူနေတဲ့ကောင်မလေး တစ်ယောက်ကိုထပ်လွှတ်ပေးခဲ့တယ် ... အဲ့လို အရှုပ်အထွေးတွေနဲ့ အချစ်အမုန်းကလဲစားချေတာကိုကြည့်ရှုရမှာဖြစ်ပြီး ... မှော်လောကရဲ့ သခင်အဖြစ် မင်းသားချော (Chinese Scarlet Heart ရဲ့ခေါင်းဆောင်မင်းသား) Nicky Wu သရုပ်ဆောင်ထားပြီး ... မှော်စွမ်းအင်ကိုလက်ခံမယ်သူနေရာမှာတော့ William Chan က သရုပ်ဆောင်ကာ .... မှော်ဓာတ်ကိုနိုးဆော်ပေးမယ့် သူနေရာမှာ (The Journey of Flower ဇာတ်ကားနဲ့အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးချောလေး ) Zhao Liying တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .... Rating အနေနဲ့ကေ...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

Kiss Me ( 2015 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​လမ်းတွဲ​လေးက​တော့ Korea ဇာတ်​လမ်းတွဲတစ်​ခုဖြစ်​တဲ့ " Playful Kiss " ကိုပြန်​ရိုက်​ထားတဲ့ ဇာတ်​ကား​လေးတစ်​ခုပါ .. ထိုင်းမင်းသား​ချော​လေး Mike D. Angelo နဲ့ ထိုင်းမင်းသမီး​ချော​လေး Aom Susher ပါဝင်​ထားပြီး ​ကျောင်းသား​တွေကြားထဲက သူငယ်​ချင်းအချင်းချင်း ရင်းနှီးမှုသံ​ယောဇဉ်​​တွေနဲ့ အဲ့ဒီကြားကဖြစ်​​ပေါ်လာတဲ့ ရင်​ခုန်​သံ​တွေကို Drama ဆန်​ဆန်​ Comedy ပုံစံဖြင့်​ရိုက်​ကူထား​​တဲ့ Thai series ​လေးတစ်​ခုပဲ ဖြစ်​ပါတယ်​ .. Rating အ​နေနဲ့က​တော့ mydramalist မှာ 8.4/10 ရရှိထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တယ့် ဇာတ်လမ်းတွဲလေးပါ .. Country       : Thailand Genre          : Drama , Romance , School Type           : Series Episode       :20 Translator    : ENN Encoder      : LoL Episode 1(Pcloud Link) Episode 2(Pcloud Link) Episode 3(Pcloud Link) Episode 4(Pcloud Link) Episode 5(Pcloud Link) Episode 6(P...

Three Lives Three Worlds , Ten Miles of Peach Blossoms ( 2017 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ ... တရုတ်ဇာတ်လမ်းတွဲတွေကို ပြန်နေကြဖြစ်တဲ့ အစ်မ Hsu Min Min Hlaing က လဲ သူ့ကား Novoland : The Castle in the Sky လေးပြီးလို့ နောက်တစ်ကား ဘာပြန်ရမလဲမသိပဲ ဒွိဟဖြစ်နေချိန် ဒီကားလေး ထွက်လာလို့ ... မရ ရအောင် အပူက ပ် မဲဆွယ်ပြီး ဘာသာပြန်ခိုင်းဖြစ်လိုက်ပါတယ် ... အခုချိန်မှာတော့ မြန်မာစာတန်းထိုး လေးနဲ့ ကြည့်ရှုနိုင်ပါပြီ ... ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ '' Three Lives Three World, Ten Miles of Peach Blossoms '' ဖြစ်ပါတယ် ... Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ပိုင်ချင်းကအဆင့်မြင့်နတ်ဘုရားမဖြစ်ပြီး ကောင်းကင် ဘုံဆိုင်ရာနယ်ပယ်ထဲကတိုင်းပြည်တစ်ခုဖြစ်တဲ့ ချင်ချိုရဲ့လက်ရှိအမျိုးသမီးဧကရာဇ်လဲဖြစ်တယ် ... ပိုင်ချင်း က ခွန်လွန်တောင်ရဲ့တပည့်တယောက်ဖြစ်ပြီး အသူရာသခင် ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာသေမျိုးနယ်ပယ်ထဲကျရောက်သွားတယ် ... သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကိုလျစ်လျူရှုပြီး သေမျိုးနယ်ပယ်ထဲမှာ ...

Let's Flight Ghost ( 2016 ) - မြန်မာစာတန်းထိုး

ဒီကား​လေးက​တော့ 2016 July မှာ မှ ထွက်​ရှိလာတဲ့ အသစ်​စက်​စက်​ ဇာတ်​လမ်းတွဲ​လေးပါ ... ဇာတ်​လမ်းအမျိုးအစားက​တော့ Horror , Supernatural , Comedy , Romance ပုံစံ​လေးပါ ... Main Actor က​တော့ ​တောင်​ကိုရီးယားမှ K Pop band တစ်​ခုဖြစ်​တဲ့ 2PM အဖွဲ့က Main Rapper " Ok Taec Yeon " ပါ ... အားလုံး ကြည့်​ဖူးလိမ့်​မယ်​လို့လဲ ထင်​မိတဲ့ Dream High ဇာတ်​လမ်းတွဲထဲ မင်းသားတ​ယောက်​ပါ ... Main Actress က​တော့ အသက်​ ၁၇ နှစ်​သာ ရှိ​သေးတဲ့ Kim So-Hyun ပါ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - ကင်​အွန်​ဂျီ ဟာ လူ့ဘဝက ဘယ်​ပုံဘယ်​နည်းနဲ့ ​သေခဲ့မှန်းမသိပဲ ဝိဥာဉ်​ဘဝသို့ ​ရောက်​ရှိ​နေရရှာပါတယ်​ .. မင်းသား ပတ်​ဘုံပဲ က​တော့ ဝိဥာဉ်​​တွေ သရဲ​တွေကို မြင်​နိုင်​တဲ့ အစွမ်းသတ္တိ ပိုင်​ဆိုင်​ထားတဲ့ တ​ယောက်​ပါ ထိုအစွမ်းကိုအသုံးချပြီး သရဲနှိမ်​နင်းတဲ့ ဆရာ တ​ယောက်​အဖြစ်​ လုပ်​ကိုင်​ကာ ဝင်​​ငွေရှာ​နေသူတစ်​ဦးပါ ... တစ်​​နေ့​တော့ ပတ်​ဘုံပဲထံ သရဲနှိမ်​နင်း​ပေးရန်​ ​တောင်းဆိုလာသည့်​ Mail တစ်​​စောင်​ ​ရောက်​ရှိလာခဲ့ပါတယ် ထိုMail က ဝိဥာဉ်​ဖြစ်​​နေတဲ့ ကင်​အွန်​ဂျီ က ပို့ခဲ့ခြင်းဖြစ်​ပြီး သူမ ​ကြောက်​ရတယ...