~ To The Fore(2015) ~
To the fore ဇာတ်ကားလေးဟာ ရည်မှန်းချက်ကိုယ်စီနဲ့ ဘဝကို ပုံဖော်နေကြတဲ့ လူငယ်တွေရဲ့ မိမိတို့ ရည်မှန်းချက် အောင်မြင်မှု အိပ်မက်အကောင်အထည်ဖော်ရာ ဘယ်လိုကြိုးစားရတယ်။
ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ ရည်မှန်းချက်တွေ အောင်မြင်အောင် မလျှော့သော ဇွဲအားမာန်သတ္တိတို့နဲ့ ဘဝကိုရင်ဆိုင်သင့်ကြောင်း လမ်းညွှန်ထားတဲ့ စိတ်ဓာတ်မြှင့်တင်ရေးကားလေးပါ။
ဒီကားလေးဟာလူငယ် စက်ဘီးစီးသမားတစ်ယောက်အနေနဲ့ မိမိအားကျရတဲ့ idol ရှိသည့် အဖွဲ့ဝင်တစ်ယောက်ဖြစ်လာအောင် ကြိုးစားရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ပုံဖော်ထားတာပါ။
ဒါ့အပြင် သူငယ်ချင်းသံယောဇဉ် ၊ ၁၅၀၀ ချစ်မေတ္တာနဲ့ မိသားစုအတွင်းရေးများကို ရသစုံရောနှော တင်ဆက်ထားတာမို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ပြောပါရစေ။။
ပျိုမေအသည်းကျော် super junior ရဲ့ နှင်းဆီခိုင်ကြီး choi siwon ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေလည်းပါတယ်နော်။။ suju fan တို့ အပြေးဒေါင်းလိုက်တော့နော်
Translator - Babe Princess Chu
Encoder - MTK
Comments
Post a Comment