ဒီတစ်ခေါက်မှာတော့ American Fantasy / Adventure ဇာတ်ကားလေး တစ်ကားကို မိတ်ဆက်ပေးလိုက်ရပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ - ဒီကားလေးက ပိဒ် ဆိုတဲ့ကောင်လေးနဲ့ တစ်ယောက်နဲ့ အားလီးယက် လိုခေါ်တဲ့နဂါးလေးတစ်ကောင်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ကားလေးပါ ... ပိဒ်လေးဟာ သူ့မိဘတွေနဲ့ တောတွင်းခရီးထွက်လာရင်းက ကားမှောက်ပြီး သူ့ရဲ့မိဘနှစ်ပါစလုံးကွယ်လွန်သွားကြပါတယ် ... သူတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ် ... အဲ့အချိန်မှာ မိဘတွေနဲ့ ကွဲပြီး တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးလေး အားလီယက် နဲ့တွေ့ကြတယ် ... ဘဝ အခြေအနေချင်း လာတူနေတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝဟာ တောထဲမှာပဲ အချိန်ကုန်ဆုံးရင်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် တွေတိုးခဲ့တာပေါ့နော် ... အဲ့ဒီအချိန်မှာပဲ မျှော်လင့်မထားတဲ့ဘဝကံကြမ္မာ အလှည့်အပြောင်းတစ်ခုကို ကြုံလာရပါတယ် ...
သူတို့နှစ်ယောက် ဘယ်လိုကွဲကွာသွားကြမှာလဲ ? နဂါးတစ်ကောင်ဖြစ်တဲ့ အားလီယက် ကို လူတွေတွေ့ရင် ဘာလုပ်ကြမှာလဲ ?
သူတို့နှစ်ယောက်ရဲ့ အိမ်ကိုရော ပြန်နိုင်ကြမှာလား ? ဆိုတာကတော့ ဒီကားလေးထဲမှာပဲကြည့်လိုက်ကြပါနော် ...
Rating အရ IMDb မှာ 6.8/10 , Rotten Tomatoes မှာ 87% နဲ့ Roger Ebert မှာ 3.5/4 အသီးသီး ရရှိထားတဲ့ ဇာတ်ကားကောင်းလို့ လက်မလွှတ်တမ်း ကြည့်ရှုဖို့ အကြံပြုလိုက်ရပါတယ် ...
Translator - Hsu Sandar Aung
Encoder - Anonymous X
Quality - 720p
File Size - 641.6 MB

Comments
Post a Comment