Fabricated City (2017)
ဒီဇာတ်ကားလေးက K2 မင်းသားလေးJi Chang Wook ရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊
ဇာတ်လမ်းမှာ Ji Chang Wook က အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ဂိမ်းထဲမှာတော့ သူက ကွန်မန်ဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။
တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။
သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက နောက်တစ်နေ့မှာ မုဒိမ်းကျင့်ပြီး အသတ်ခံရလိုက်ရတယ်။
နောက်ပြီး မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာ သူ့ကို အမှုတရားခံအဖြစ်တွန်းပို့လိုက်တယ်။
နောက်ဆုံး ဘယ်လိုမှ ငြင်းမရဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။
မင်းသား အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုးစားပေးနေရှာတယ်။
သူကိုယ်တိုင်လည်း ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေချိန်မှာ သူ့အမေ ရုတ်တရက် ကွယ်လွန်သွားတာကို သိလိုက်ရတဲ့အခါမှာတာ့……………..
ဒီလို အကွက်ကျကျ အမှုဆင်ပြီး သက်သေအပြည့်အစုံနဲ့ ထောင်ကျအောင် လုပ်ခဲ့ရတာလဲ…….
မှုခင်းဆေးပညာဆိုင်ရာစစ်ဆေးချက် ဆိုတာ နိုင်ငံ့တကာမှာ သိပ္ပံနည်းကျ မှုခင်းဖော်ထုတ်တဲ့နေရာမှာ မရှိမဖြစ်ကို အရေးပါအရာရောက်တဲ့ ပညာရပ်ပါ။
ဒီပညာရပ်မှာ အငြင်းပွါးစရာကိစ္စရပ်တွေရှိနေပေမယ့် အားကိုးယုံကြည်နေရတဲ့ပညာရပ်ပါ။
ဒီဇာတ်ကားမှာ ဒီမှုခင်းဆေးပညာရပ်ကို ဘယ်လိုနည်းပညာတွေနဲ့ စိန်ခေါ်ထားလည်းဆိုတာကိုလည်း တွေ့မြင်ရမှာပါ။
နောက်ပြီး Computer Hacking နည်းပညာနဲ့ Computer နည်းပညာရပ်တွေဟာ ဘယ်လောက်တောင် အရေးပါအရာရောက်လည်း သိရမှာပါ
ဘယ်လို Hacker သမားတွေ ဘယ်လိုနည်းပညာနဲ့များ အကွက်ဆင်နိုင်တာလဲ…………
မင်းသားကရော ဒီလောက်သက်သေတွေ ပြည့်စုံနေတဲ့ အမှုလက်အောက်က ရုန်းထွက်လို့ ရနိုင်ပါဦးမလား။
ဒီလို အချက်ကျကျ အကွက်ဆင်တဲ့သူတွေကို ဘယ်လိုများ ဖော်ထုတ်ကြရမှာလဲဆိုတာကို
ဇာတ်ကားကိုကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားလိုက်ကြရအောင်……….
Translator - Babe Princess Chu
Encoder - MTK
Quality - 720p
ဘာလို့ CM ကဇာတ်ကားအညွန်းအတိုင်း အတူတူ ကူးချထားတာလဲ credict လည်းပေးမထားဘူး
ReplyDelete