ဒီတစ်ခေါက်မှာတော့ Korea Web Drama လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ....
ဒီဇာတ်လမ်းလေးကတော့ Kim Sun Kwon ရဲ့ webtoon တစ်ခုဖြစ်တဲ့ " Survivors of Those Days " ကို အခြေခံပြီးရိုက်ကူးထားတာလေး ဖြစ်ပါတယ် ...
Season 1 နဲ့ 2 ရှိပြီး Season 1 မှာ အပိုင်း ၅ ပိုင်း ပါဝင်ပါတယ် ... တပိုင်းဆီမှာ ကြာမြင့်ချိန်. 8 - 9 မိနစ် ခန့် ရှိမှာဖြစ်ပါတယ် ....
NaverTVCast က sponsored ပေးထားပြီး Oasis Pictures က ထုတ်လုပ်ထားတာဖြစ်ပါတယ် ...
သိပ်မကြာသေးခင်ကမှ တင်ဆက်ခဲ့တဲ့ ဇတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Fashion King ဇာတ်လမ်းတွဲကို ရိုက်ကူးထားတဲ့ Director Kim Yang Hee က ပဲ ရိုက်ကူးထားပါတယ် ...
Main Cast အနေဖြင့် Kim Dong Joon နဲ့ Kim Min Suk တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ - အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဒဲယွန်း ( Kim Dong Joon ) က accident တစ်ခုဖြစ်ပြီး ဆေးရုံမှာ အချိန်အတော်ကြာအောင် မေ့မြောနေခဲ့ပါတယ် ... ပြန်လည်သတိရလာတဲ့နောက်မှာတော့ ထူးခြားတဲ့ စွမ်းအင်တချို့ကိုပါ တပြိုင်နက် ရရှိလာခဲ့တာဖြစ်ပါတယ် ...
သူ့ရဲ့ အစွမ်းကတော့ ဘယ်သူက မကြာခင်သေတော့မယ့်သူ ...
ဘယ်သူက လူသတ်မှုကို ကြူးလွန်တော့မယ့်သူ စသည်ဖြင့် လူတွေရဲ့ မျက်စိသားငယ်အိမ် ရဲ့ အရောင်ကို ကြည့်ပြီး သိမြင်လာနိုင်တဲ့ အစွမ်းပေါ့ ...
( မျက်စိသားငယ်အိမ် အနီရောင်ဆို မကြာခင် သေရတောမယ့်သူ ... အပြာရောင်ဆို လူသတ်မှုကို ကြူးလွန်တော့မယ့်သူ စသည်ဖြင့်ပေါ့ )
သူ့ရဲ့ မမျှော်လင့်ပဲ ရရှိလာတဲ့ အစွမ်းကို အသုံးချပြီး လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဆုံးဖြတ်ချက် ချပြီးလိုက်တဲ့နောက်မှာတော့ ... ဒဲယွန်း တစ်ယောက် လူတွေကို ဘယ်လိုကယ်တင်မလဲ ... ဘယ်လို အခက်အခဲတွေ ရင်ဆိုင်လာရမလဲ ဆိုတာကိုတော့ " Aftermath " ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ကြရအောင်နော် ...
Translator - KLP
Encoder - Anonymous X
Quality - 720p
2 to 5 Links repair please
ReplyDeleteep 2,3,4 Link repair please
ReplyDelete