ဒီဇာတ်လမ်းလေးကတော့ 2001 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Drama / Melodrama & Comedy ဇာတ်လမ်းအမျိုးအစားလေးပါ ....
Main Cast တွေအနေနဲ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် The Legend of Blue Sea
ဇာတ်လမ်းထဲက ရေသူမလေး Jun Ji-hyun နဲ့ မင်းသား Cha Tae-hyun တို့က
ပါဝင်သရုပ်ဆောင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ -
ဂွမ်ဝူး ဆိုတဲ့ ကောင်လေးက ကောလိပ်ကျောင်းသားတယောက်ပါ ... သူကအမြဲတမ်းသူအပာပေါင်းအသင်းတွေနဲ့ အရက်အတူတူသောက်တတ်ပီး သူ့အမေဆီကနေ ဆဲဆိုရိုက်နှက်တာတွေခံရတဲ့သူ ...
တနေ့မှာတော့ သူကမမျှော်လင့်ပဲ ရထားဘူတာတခုမှာ အရက်မူးနေတဲ့ကောင်မလေး တယောက်နဲ့တွေ့ဆုံပီး သူ့ဘဝကံကြမ္မာ ပြောင်းလဲသွားခဲ့ပါတယ် ... သူမက ရထားပေါ်မှာအရမ်းမူးနေပီးတော့ လူကြီးတယောက်ပေါ်ကိုအန်ချလိုက်တယ် ... ဒါပေမယ့်သူမက မူးမလဲခင် ဂွမ်ဝူး ဆီကိုကတယိမ်းတယိုင်နဲ့သွားခဲ့တော့ ... အားလုံးက သူမကို ဂွမ်ဝူး ရဲ့ကောင်မလေးလို့ထင်ခဲ့ကြပါတယ် ... ဂွမ်ဝူး ဟာ သူ မမျှော်လင့်ထားတဲ့ချစ်သူတယောက်ကိုရခဲ့ပီးတော့ ဒီငရှုပ်မလေးနဲ့တသက်လုံးလက်တွဲသွားနိုင်မှာလား?
ဒီငရှုပ်မလေးနဲ့ရောဘယ်လိုတွေဖြစ်ကြဦးမလဲ? ဆိုတာကိုတော့ ဒီ My Sassy Girl ဆိုတဲ့ ဇာတ်လမ်းလေးထဲမှာ ဝင်ရိုက်ခံစားလိုက်ကြရအောင်နော် ...
Rating အနေနဲ့ကတော့ IMDb မှာ 8.1/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုလဲ ဖြစ်ပါတယ် ...
Translator - Pink Panther
Encoder - Anonymous X
Quality - 360p
Size - 668.1 MB

Comments
Post a Comment