ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ကားလေးကတော့ 2012 ခုနှစ်ထွက် "Thai"ကားလေးတစ်ကားဖြစ်ပါတယ် ...
ဇာတ်ကားနာမည်က "It gets better" ဖြစ်ပီး IMDB မှာ 7.6 ရရှိထားတဲ့ Drama , Romance ဇာတ်ကားလေးပါ ...
အဲ့ကားအကြောင်းမပြောခင် အရင်ဆုံးပြောချင်တာ ရုပ်ရှင်ထဲက Alew ဆိုတဲ့ ဘားမှာအလုပ်လုပ်တဲ့ ကောင်မလေးအကြောင်းပါ ... သူ့နာမည်အရင်းက Bell Nauntita ဖြစ်ပီး အပြင်မှာလည်းရုပ်ရှင်ထဲကလို ခွဲစိတ်ပြုပြင်ထားတဲ့ အဆိုတော် ၊ မင်းသမီးတစ်ယောက်ပါ ... စစချင်းမှာမိန်းကလေးအစစ်လို့ ထင်မိပါတယ် ... ဒီကားထဲမှာ သီချင်းကောင်းလေးတွေလည်း လေးငါးပုဒ်ပါပါတယ် ... ကောင်မလေးချောချောလေးတွေပါတဲ့ "Sugar Eyes" အဖွဲ့ဆိုထားတဲ့သီချင်းနှစ်ပုဒ်လောက်ပါတယ် ... ပီးခါနီးမှာ Bell ကိုယ်တိုင်ဆိုထားတဲ့ သီချင်းလေးကအတော်ကို ကောင်းမွန်ပါတယ် (သူတို့ဂေးတွေရဲ့ ဘဝအကြောင်းကို ဆိုထားတာလို့ထင်ပါတယ် )အဓိပ္ပါယ်လည်း တော်တော်ရှိပါတယ် ... Dokmai ဆိုတဲ့ဂေးမလေးကလည်းတော်တော်ချောပါတယ် ...
Tonmai လို့ခေါ်တဲ့ကောင်လေးဟာ နိုင်ငံခြားကနေ သူ့အဖေအမွေပေးခဲ့တဲ့ Fountain
ဘားကို ရောင်းဖို့လာခဲ့တယ် ... အဲ့ဒီဘားက ဂေးတွေဖျော်ဖြေတင်ဆက်တဲ့
ဂေးဘားပါ ... မန်နေဂျာကဆိုင်ဆက်ဖွင့်ဖို့ပြောပေမဲ့
ဂေးတွေကိုမကြိုက်တာကြောင့် ရောင်းပီးပိုက်ဆံယူမယ်လို့သူကတွေးတယ် ...
အဲ့မှာမြှုပ်ထားတာက သူ့အဖေဘယ်သူဆိုတာမပြထားသေးပါဘူး ....
သူ့အဖေကသူတို့သားအမိကို ပစ်ထားတယ်ဆိုပီး Tonmai ကမုန်းနေခဲ့တယ် ....Tonmaiက
ဘားဆိုင်မှာအလုပ်လုပ်တဲ့ ဂေးမလေးတစ်ယောက်နဲ့ပက်သက်မိသွားတယ် ...
နောက်တစ်ယောက်ကတော့ Din ဆိုတဲ့ကောင်လေးအကြောင်းပါ ... သူဂေး စိတ်ဝင်နေတာကို ပျောက်အောင်ဆိုပီး သူ့အဖေ က ဘုန်းကြီးဝတ်ခိုင်းလိုက်တယ် .... အဲ့မှာသူကကျောင်းထိုင်ဘုန်းကြီးကို စိတ်ဝင်စားသွားပါတယ် ... ကျောင်းထိုင်ဘုန်းကြီးကလည်း ငယ်ငယ်လေးဆိုတော့ကာ....
အဲ့မှာသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် အကြောင်းကိုပြောချင်ပါတယ် (အမှန်တော့သူကလည်း လိင်ပြောင်းခွဲစိတ်ထားတာပါ) ... သူကစလာတည်းကကားနဲ့ထွက်လာတာကိုပဲ ပြထားပါတယ် ... ဘယ်ကလာတယ် ဘယ်သွားမလဲဆိုတာမသိရပါဘူး ... အဲ့မှာသူက အဖိုးအိုတစ်ယောက်ကို ခဏခဏသွားသွားကြည့်ပါတယ် ... အဖိုးအိုကဇနီးဆုံးသွားပီး သားသမီးမရှိပဲ တစ်ယောက်တည်းလုပ်စားနေရသူပါ ...
Tonmai အဖေကဘယ်သူလဲ? သူကဘယ်မှာလဲ? Din ကရော ဘုန်းကြီးဝတ်ပီး ဘယ်လိုဖြစ်သွားမလဲ? သူ့ရဲ့စိတ်အခြေအနေကရော ပြောင်းသွားမလား? ဟိုမိန်းမနဲ့ အဖိုးအိုနဲ့ဘယ်လိုပက်သက်တာလဲ? စစချင်းမှာဟိုပြဒီပြနဲ့ဆိုတော့ ဘယ်လိုကြီးလဲဆိုပီးထင်နေမှာပါ ... ဒါပေမဲ့ ဆုံးခါနီးကျရင် အားလုံးရှင်းသွားပီး မထင်တာတွေဖြစ်လာပါတယ် ...
ဒီကားလေးရဲ့ပေးချင်တဲ့ message ကို အရမ်းသဘောကျမိပါတယ် .... ဂေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အားလုံးကလူသားတွေပါ ... အချစ်ရှိတယ် အမုန်းရှိတယ် နာကျင်တတ်ပါတယ် ... ဂေးဖြစ်နေရင်တောင် ကိုယ့်သားသမီးကိုချစ်စိတ် မိဘကိုချစ်မြတ်နိုးစိတ်ကတော့ ပြောင်းသွားမှာမဟုတ်ပါဘူး .... အကုန်လုံးကလူသားတွေဖြစ်တာကြောင့် သူတို့မှာလည်းအခွင့်အရေးတွေရှိသင့်ပါတယ် ... ဒီကားမှာအိုဗာအိုက်တင်တွေ သိပ်မလုပ်ကြပါဘူး ... ဇာတ်သိမ်းခါနီးအပိုင်းက အကောင်းဆုံးပါပဲ .... ဂေးတွေဆိုပေမဲ့လဲ တခြားကားတွေနဲ့မတူတဲ့ ဒီကားလေးကိုကြည့်ပီးရင် စိတ်ထဲမှာတစ်ခုခုကျန်ခဲ့မယ်ဆိုတာ သေချာပါတယ် ...
Translator - Khin July Moe
Encoder - Anonymous X
Quality - 720p
File Size -716 MB
Myanmar Asian TV Channel မှ တင်ဆက်သည် ။ ။

Comments
Post a Comment