Japanese idol လည်းဖြစ် singer လည်းဖြစ် TV host လည်းဖြစ်တဲ့ မင်းသား တိုမိုဟီစ ရာမရှီတ ( Tomohisa Yamashida ) နဲ့ အသက် ၂၀ သာရှိသေးတဲ့ Japanese actress လည်းဖြစ် model လည်းဖြစ်တဲ့ နန ကိုမစု ( Nana Komatsu ) တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ...
နန က အလွန်စိတ်ထိခိုက်လွယ်သူတစ်ဦးဖြစ်သော်လည်း လူအများရဲ့အမြင်မှာ မျက်နှာထား မာကျောလှသူလို့သတ်မှတ်ခံရသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ် ... နန ဟာ ဘာသာရပ်အားလုံးမှာထူးချွန်သော်လည်း English တစ်ဘာသာတည်းသာလျှင် အမှတ် ၄၅ မှတ်ကျော်အောင် မလုပ်နိုင်သူ တစ်ဦးဖြစ်ပါတယ် ... သူမရဲ့ရည်မှန်းချက်က California မှာရှိတဲ့ တက္ကသိုလ် မှာပညာသင်ယူချင်သူတစ်ယောက်ဖြစ်ဖို့ပါ ... သူမ၏ ရည်မှန်းချက် ကို အကောင်အထည်ဖော်ပေးရန် ကျောင်းသို့ပြောင်းလာသူ English ဆရာအဖြစ် တိုမိုဟီစ ကသရုပ်ဆောင်ထားပါတယ် ... နန က အစမှာတော့ တိုမိုဟီစကို အလွန်မုန်းသော်လည်း စာသင်တာကို ဂရုစိုက်နားထောင်သောကြောင့် တိုမိုဟီစ က နန ကို ဂရုတစိုက်သင်ကြားပြသခဲ့ပါတယ် ...
ဇာတ်ကားရဲ့နာမည်နဲ့လိုက်အောင် အနေနီးပြီးတော့ အချစ်စိတ်များပေါက်ဖွားလာကြပါတယ့်အခါ ဘာတွေ ဆက်ဖြစ်ဲမလဲ ဆိုတာကိုတော့ ဒီ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ကြပေါ့နော် ...
Rating အနေနဲ့ကတော့ IMDb rating အနေနဲ့ 6.4/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ... ကဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော် ...
Comments
Post a Comment