ဒီဇာတ်ကားလေးကတော့2007လောက်တုန်းက ထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားEye In The Skyကိုပြန်ပြီး Remakeလုပ်ထားတဲ့Actionကားကောင်းလေးပါ ...
ဟာယွန်းဂျူဆိုတဲ့မိန်းကလေးဟာ ရဲအရာရှိအဖြစ်ပထမဆုံးအလုပ်ဝင်ဝင်ချင်းမှာပဲ ဘဏ်ဓားပြမှုနဲ့ရင်ဆိုင်ရပါတော့တယ် ...
အဲဒီအခါမှာ သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့
ဇာတ်ကားလေးကြည့်ပြီးတော့ပဲ ခံစားလိုက်ပါတော့နော်
ဒီဇာတ်ကားလေးထဲမှာ ရဲတွေရဲ့အသက်ပေးကြိုးပမ်းမှုနဲ့ ကြေးစားလူသတ်သမားရဲ့ဥာဏ်ထက်မှုတို့ အားပြိုင်ပုံကို ရင်သပ်ရှုမောဖွယ်ခံစားနိုင်မှာပါ
ဒီဇာတ်ကားထဲမှာ ဝါရင့်မင်းသားကြီးများဖြစ်တဲ့
Sol Kyung Gu, Jung Woo Sung နဲ့ Wထဲကမင်းသမီးချောHan Hyo Joo တို့အပြင် Kpopအဖွဲ့ 2pmအဖွဲ့ဝင် Junho ကလည်းပါဝင်သရုပ်ဆောင်ထားပါတယ်
2013 Toronto International Film Festivalမှာပြသခြင်းခံရပြီး 2013 Busan International Film Festivalမှာလည်းပြသခြင်းခံခဲ့ရတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ...
IMDb rating အနေနဲ့လဲ 7.2/10 ရရှိထားပါတယ် ...
ကဲ ဆက်ညွှန်းမနေတော့ဘူး ... အားလုံးပဲ ကြည့်ရှုလိုက်ကြရအောင်နော် ...

Comments
Post a Comment