ဒီဇာတ်လမ်းလေးက Exo အဖွဲ့ ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Kris ပါဝင် သရုပ်ဆောင်ထားတဲ့
ဇာတ်လမ်းလေးပါ ... ဒီကားလေးဟာဆိုရင် တရုတ်ပြည်မှာ အရမ်းနာမည်ကြီးတဲ့
ကားလေးပါ ...
ဇာတ်လမ်းအကြောင်းက တော့ - ဘဝရဲ့အချိုးအကွေ့ဟာ ဘယ်လောက်ထိကြောက်စရာကောင်းလဲ ဆိုတာ သေချာမြင်နိုင်တဲ့
ကားတစ်ကားပါ ... ကိုယ့်အပေါ်ဘယ်တော့မှပြန်မချစ်နိုင်မှန်းသိပေမယ့် အချစ်ဆို တာ
ရယူခြင်းမဟုတ်ပဲ ပေးဆပ်ခြင်းသာဖြစ်ကြောင်း ကို လူငယ်လေးတစ်ယောက်က
ဖော်ပြသွားပါတယ် ...
ရဝမ် နဲ့ ရှောင်ထရန် ဟာအရမ်းချစ်ကြတဲ့ ချစ်သူတွေပါ ... ရှောင်မူဆိုတဲ့ ကောင်လေးရဲ့မိဘတွေဟာ ကုမ္ပဏီ ဒေဝါလီ ခံသွားလို့
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြပါတယ် ... လောကမှာတစ်ယောက်တည်းတာ
ကျန်ရှိတော့ခဲ့ ရှောင်မူ (kris) ဟာ အထီးကျန်ဆန်မှုများစွာနဲ့ စိတ်ဒဏ်ရာများ
စွားရရှိခဲ့ပါတယ် ... ရဝမ် ဟာ ရှောင်မူကို အမကြီးတစ်ယောက်လို
စောင့်ရှောက်ပျိုးထောင်ပေးရင်း ရှောင်မူရဲ့ အထီးကျန်မှုတွေကို လျော့ ကျအောင်
စောင့်ရှောက်ပေးခဲ့ပါတယ် ... ရှောင်မူ ကတော့ ရဝမ် အပေါ်မှာမထင်မှတ်ထားတဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။
ဒီဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်း
ပြီးသွားမဲ့ ဇာတ်လမ်းလေးတစ်ခု မဟုတ်တော့ ဧကန်အမှန်ပါ ... အလှည့်အပြောင်းလေးတွေ အများကြီးပါတဲ့
ဇာတ်လမ်းလေးတစ်ခုလဲ ဖြစ်ပါတယ် ... ကဲ ဒီတော့ ရဝမ် လေး ဘယ်သူနဲ့ ဘာတွေဖြစ်ပြီး
သူ့ဘဝဘယ်လိုများ ပြောင်းလဲသွား မလဲဆိုတာကိုတော့ '' Sweet Sixteen '' ဆိုတဲ့ ဒီဇာတ်လမ်းလေးထဲမှာ စီးမျောခံစားလိုက်ကြရအောင်နော် ...
thx
ReplyDelete