Skip to main content

Sky of Love ( 2007 ) - မြန်မာစာတန်းထိုး



ကိုရီးယားသံ တရုတ်တွေသံတွေပဲ ကြားနေရတဲ့ သူတွေ ငြီးငွေ့လာမှာဆိုးလို့ ဂျပန်ကားလေး တစ်ကား တင်ဆက်လိုက်ရပါတယ်  ... Japan Drama လေးတွေကိုလဲ အထင်မသေးပါနဲ့ ... ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားပါတယ် ... တင်ခဲ့ဖူးတဲ့ Japan ကားလေးတွေကို ကြည့်မိသူတိုင်း စိတ်ထဲမှာ ခံစားချက်တစ်ခုခုတော့ ကျန်ခဲ့ကြတယ်မလား ? 

ဇာတ်လမ်းအကြောင်းလေးမပြောခင် ပြောချင်တာလေးရှိပါတယ် ... ပြောချင်တာထက် မေးချင်တာပေါ့နော် ... လူသားတိုင်း အချစ်ဆိုတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပေါ့ ... လူတိုင်း တယောက်ယောက်ကိုတော့ ချစ်ခဲ့ဖူးကြမှာပါ ... ကိုယ့်ချစ်ခဲ့ဖူးတဲ့ အချစ်မျိုးက ဘယ်လိုမျိုး ? ရယူခဲ့ခြင်းမျိုးလား ? ပေးဆပ်ခဲ့ခြင်းမျိုးလား ? လူတိုင်းတော့ ကိုယ်ချစ်တဲ့သူနဲ့ အသက်ထက်ဆုံးသည့်အထိ မခွဲအတူတူနေချင်မှာပေါ့နော် ... သို့သော် လောကမှာ ဘယ်အရာကမှ တည်မြဲတာမှ မဟုတ်တာ ... ကိုယ်ချစ်ခင်နှစ်သက်ရတဲ့သူက ကိုယ့်အပေါ် မချစ်မနှစ်သက်တော့တဲ့အခါ ... ငြီးငွေ့လာတဲ့အခါ ... ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်နှလုံးသားကို ရင်းပြီး သူ့ကို စွန့်လွှတ်ပေးလိုက်မိမလား ? ဒါမှမဟုတ် အချစ်ဆိုတဲ့ ခံစားချက်ကို ခုတုံးလုပ်ပြီး အတ္တနဲ့ ဆွဲထားမိမလား? ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲက ဇာတ်ရံတစ်ယောက်က ပြသ သွားပါလိမ့်မယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟီရို ဆိုတဲ့ ကောင်လေး နဲ့ မီကာ ဆိုတဲ့ ကောင်မလေး တယောက်အကြောင်းပေါ့ ... အရမ်းချစ်ကြတဲ့ ကောင်လေး နဲ့ ကောင်မလေး ပေါ့ ... ဘယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းဘယ်ကစတင်သလဲလို့မေးရင် ... ဆဲလ်ဖုန်း တစ်ခုကနေပေါ့ ... တစ်နေ့မှာ မီကာ ရဲ့ ဖုန်းလေးဟာ စာကြည့်တိုက်မှာ ကျန်ခဲ့ပါတယ် ... အဲ့ဒါကို မီကာ ရှာမတွေ့ခင်မှာပဲ ဟီရို က ရှာတွေ့ပြီး ဖုန်းထဲက contact list တွေ ဖျက်သွားပြီး ဖုန်းနံပါတ်ကို ယူခဲ့ပါတယ် ... မီကာ ပြန်လည်ရှာတွေ့သွားပြီးတဲ့နောက်မှာတော့ အချိန်တိုင်း ဟီရို က ဖုန်းတွေဆက်နေခဲ့ပြီး မီကာနဲ့ ရင်းနှီးမှုကို ရယူခဲ့ပါတယ် ... အဲ့နောက်မှာတော့ ခင်မင်ရင်းနှီးမှု အဖြူရောင် သံယောဇဉ်ကြိုးလေးတွေကနေ အရောင်ပြောင်းကာ ၁၅၀ဝ ချစ်ခြင်းတွေ အစားဝင်ရောက်လာပါတယ် ... ဟီရို ကလဲ မီကာ ကို အရမ်းချစ်သလို မီကာ ကလဲ ဟီရို ကို အရမ်းချစ်ပါတယ် ... ဒါကို မကျေနပ်သူကတော့ ဟီရို နဲ့ ပြတ်စဲပြီးဖြစ်တဲ့ ဟီရို့ ရည်းစားဟောင်းပေါ့ ... မီကာ က ဟီရို ကို သူ့လက်ထဲမှ လုယူတယ်ဆိုတဲ့ အတွေးကြောင့် မီကာ နဲ့ ဟီရို ကြား ပြဿနာတွေ ဒုက္ခတွေကို ဆောင်ကြဉ်းလာစေခဲ့တယ် ... လူမိုက်တစ်အုပ် ငှါးပြီး မီကာ ကို အဓမ္မပြုကျင့်စေပါတယ် ... ဒီအကြောင်းကို ဟီရို သိတော့ လက်ရှိချစ်သူဘက်ကနေပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ် ... သိပ်မကြာဘူး မီကာ နဲ့ ဟီရို တို့အတွက် ဘုရားသခင်က လက်ဆောင်တစ်ခုအနေနဲ့ မီကာ ဝမ်းဗိုက်ထဲကို ပေးခဲ့တယ် ... ထို လက်ဆောင် ဟီရို ရဲ့ အရင်ရည်းစားကြောင့် ဆုံးရှုံးခဲ့ရပြန်တယ် ... အဲ့အချိန်မှာတော့ ဟီရို ဘက်က ဘယ်လို ဖြေရှင်းမလဲ? မီကာ နဲ့ ဟီရို ကြား ဘာတွေဆက်ဖြစ်မလဲ? သူတို့နှစ်ယောက် အရင်လိုပဲ တစ်ယောက် အပေါ် တစ်ယောက် ဆက်ချစ်နေသွားကြမလား? ကျွန်တော် အပေါ်မှာ review ရှေ့က ရေးထားသလို ဇာတ်ရံ တယောက်ပေါ်လာတဲ့အခါမှာ သူတို့နှစ်ယောက် ချစ်ခြင်းတွေ ဘယ်လိုပြောင်းလဲ သွားကြမလဲ? ဆိုတာကိုတော့ '' Sky of Love '' ဆိုတဲ့ ဒီ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ...

သေချာပြောနိုင်တာကတော့ ဒီ review လေးထက် က ဇာတ်ကားထက် အများကောင်းပါတယ် ... ကြည့်ရှုသူတွေရဲ့ ရင်ထဲကို ဒီဇာတ်လမ်းလေးက ရသ တစ်ခုခု ပေးနိုင်မယ်ဆိုတာကတော့ ကြိမ်းသေပါတယ် ....
Ratings အနေနဲ့ IMDb မှာ 7.1/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ... ကဲ အားလုံး တစ်ရှူးလေးတွေ လက်ကိုင်ပုဝါလေးတွေ ကိုင်ပြီး ကြည့်ရှုဖို့တော့ အကြံပေးလိုက်ပါရစေဗျာ ....


Translator : ^Amy^ & Anonymous X
Encoder : Anonymous X
Quality : 720p
File Size : 872 MB



 


Comments

Popular posts from this blog

The Legend of Zu ( 2015 ) - မြန်မာစာတန်းထိုး

တရုတ်သိုင်းကား တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် .... အပိုင်း ၅၅ ပိုင်း ပါဝင်ပြီး တကယ်ကို ကောင်းတဲ့ ဇာတ်လမ်းတွဲလေး တစ်ခုပါလို့ ပထမဆုံးအာမခံပါရစေ ... မင်းသား မင်းသမီးတွေကလဲ နာမည်ကြီးဆိုရင်လဲ မှားနိုင်မည်မထင်ပါဘူး ... ဇာတ်လမ်းအကျဉ်းကတော့ - နတ်ဆိုးလောကမှာ သခင်လေးရဲ့ အချစ်ခြင်းကိုခွဲခဲ့ တဲ့သူက သန့်စင်တယ်ဆိုတဲ့ဇူးဇန်းဂိုဏ်းချုပ်ဖြစ်နေတဲ့သူပေါ့ .... နတ်ဆိုးသခင်က လောကမှာ မှော်စွမ်းအင်ကိုလက်ခံနိုင်မယ့်ကောင်လေးတစ်ယောက်ကို ဇူးဇန်းကိုပို့ခဲ့တယ် .... မှော်စွမ်းအင်ကိုနိုးဆော်ပေးဖို့ ကောင်လေးရဲ့ဇနီးရုပ်နဲ့တူနေတဲ့ကောင်မလေး တစ်ယောက်ကိုထပ်လွှတ်ပေးခဲ့တယ် ... အဲ့လို အရှုပ်အထွေးတွေနဲ့ အချစ်အမုန်းကလဲစားချေတာကိုကြည့်ရှုရမှာဖြစ်ပြီး ... မှော်လောကရဲ့ သခင်အဖြစ် မင်းသားချော (Chinese Scarlet Heart ရဲ့ခေါင်းဆောင်မင်းသား) Nicky Wu သရုပ်ဆောင်ထားပြီး ... မှော်စွမ်းအင်ကိုလက်ခံမယ်သူနေရာမှာတော့ William Chan က သရုပ်ဆောင်ကာ .... မှော်ဓာတ်ကိုနိုးဆော်ပေးမယ့် သူနေရာမှာ (The Journey of Flower ဇာတ်ကားနဲ့အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးချောလေး ) Zhao Liying တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .... Rating အနေနဲ့ကေ...

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

Kiss Me ( 2015 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​လမ်းတွဲ​လေးက​တော့ Korea ဇာတ်​လမ်းတွဲတစ်​ခုဖြစ်​တဲ့ " Playful Kiss " ကိုပြန်​ရိုက်​ထားတဲ့ ဇာတ်​ကား​လေးတစ်​ခုပါ .. ထိုင်းမင်းသား​ချော​လေး Mike D. Angelo နဲ့ ထိုင်းမင်းသမီး​ချော​လေး Aom Susher ပါဝင်​ထားပြီး ​ကျောင်းသား​တွေကြားထဲက သူငယ်​ချင်းအချင်းချင်း ရင်းနှီးမှုသံ​ယောဇဉ်​​တွေနဲ့ အဲ့ဒီကြားကဖြစ်​​ပေါ်လာတဲ့ ရင်​ခုန်​သံ​တွေကို Drama ဆန်​ဆန်​ Comedy ပုံစံဖြင့်​ရိုက်​ကူထား​​တဲ့ Thai series ​လေးတစ်​ခုပဲ ဖြစ်​ပါတယ်​ .. Rating အ​နေနဲ့က​တော့ mydramalist မှာ 8.4/10 ရရှိထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တယ့် ဇာတ်လမ်းတွဲလေးပါ .. Country       : Thailand Genre          : Drama , Romance , School Type           : Series Episode       :20 Translator    : ENN Encoder      : LoL Episode 1(Pcloud Link) Episode 2(Pcloud Link) Episode 3(Pcloud Link) Episode 4(Pcloud Link) Episode 5(Pcloud Link) Episode 6(P...

Three Lives Three Worlds , Ten Miles of Peach Blossoms ( 2017 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းတွဲလေးကတော့ မထွက်ခင်တည်းက နာမည်လေးမြင်ပြီး အရမ်းစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပေါ့ ... တရုတ်ဇာတ်လမ်းတွဲတွေကို ပြန်နေကြဖြစ်တဲ့ အစ်မ Hsu Min Min Hlaing က လဲ သူ့ကား Novoland : The Castle in the Sky လေးပြီးလို့ နောက်တစ်ကား ဘာပြန်ရမလဲမသိပဲ ဒွိဟဖြစ်နေချိန် ဒီကားလေး ထွက်လာလို့ ... မရ ရအောင် အပူက ပ် မဲဆွယ်ပြီး ဘာသာပြန်ခိုင်းဖြစ်လိုက်ပါတယ် ... အခုချိန်မှာတော့ မြန်မာစာတန်းထိုး လေးနဲ့ ကြည့်ရှုနိုင်ပါပြီ ... ဇာတ်လမ်းလေးရဲ့ နာမည်ကတော့ '' Three Lives Three World, Ten Miles of Peach Blossoms '' ဖြစ်ပါတယ် ... Drama , Romance , Fantasy & Wuxia အမျိုးအစားဖြစ်ပြီး အပိုင်းရေ စုစုပေါင်း ၅၈ ပိုင်း ပါဝင်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ပိုင်ချင်းကအဆင့်မြင့်နတ်ဘုရားမဖြစ်ပြီး ကောင်းကင် ဘုံဆိုင်ရာနယ်ပယ်ထဲကတိုင်းပြည်တစ်ခုဖြစ်တဲ့ ချင်ချိုရဲ့လက်ရှိအမျိုးသမီးဧကရာဇ်လဲဖြစ်တယ် ... ပိုင်ချင်း က ခွန်လွန်တောင်ရဲ့တပည့်တယောက်ဖြစ်ပြီး အသူရာသခင် ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာသေမျိုးနယ်ပယ်ထဲကျရောက်သွားတယ် ... သူမရဲ့နတ်မျိုးနွယ်ဖြစ်တဲ့အတိတ်ကိုလျစ်လျူရှုပြီး သေမျိုးနယ်ပယ်ထဲမှာ ...

Let's Flight Ghost ( 2016 ) - မြန်မာစာတန်းထိုး

ဒီကား​လေးက​တော့ 2016 July မှာ မှ ထွက်​ရှိလာတဲ့ အသစ်​စက်​စက်​ ဇာတ်​လမ်းတွဲ​လေးပါ ... ဇာတ်​လမ်းအမျိုးအစားက​တော့ Horror , Supernatural , Comedy , Romance ပုံစံ​လေးပါ ... Main Actor က​တော့ ​တောင်​ကိုရီးယားမှ K Pop band တစ်​ခုဖြစ်​တဲ့ 2PM အဖွဲ့က Main Rapper " Ok Taec Yeon " ပါ ... အားလုံး ကြည့်​ဖူးလိမ့်​မယ်​လို့လဲ ထင်​မိတဲ့ Dream High ဇာတ်​လမ်းတွဲထဲ မင်းသားတ​ယောက်​ပါ ... Main Actress က​တော့ အသက်​ ၁၇ နှစ်​သာ ရှိ​သေးတဲ့ Kim So-Hyun ပါ ... ဇာတ်​လမ်းအကျဉ်း​လေးက​တော့ - ကင်​အွန်​ဂျီ ဟာ လူ့ဘဝက ဘယ်​ပုံဘယ်​နည်းနဲ့ ​သေခဲ့မှန်းမသိပဲ ဝိဥာဉ်​ဘဝသို့ ​ရောက်​ရှိ​နေရရှာပါတယ်​ .. မင်းသား ပတ်​ဘုံပဲ က​တော့ ဝိဥာဉ်​​တွေ သရဲ​တွေကို မြင်​နိုင်​တဲ့ အစွမ်းသတ္တိ ပိုင်​ဆိုင်​ထားတဲ့ တ​ယောက်​ပါ ထိုအစွမ်းကိုအသုံးချပြီး သရဲနှိမ်​နင်းတဲ့ ဆရာ တ​ယောက်​အဖြစ်​ လုပ်​ကိုင်​ကာ ဝင်​​ငွေရှာ​နေသူတစ်​ဦးပါ ... တစ်​​နေ့​တော့ ပတ်​ဘုံပဲထံ သရဲနှိမ်​နင်း​ပေးရန်​ ​တောင်းဆိုလာသည့်​ Mail တစ်​​စောင်​ ​ရောက်​ရှိလာခဲ့ပါတယ် ထိုMail က ဝိဥာဉ်​ဖြစ်​​နေတဲ့ ကင်​အွန်​ဂျီ က ပို့ခဲ့ခြင်းဖြစ်​ပြီး သူမ ​ကြောက်​ရတယ...