အခုတစ်ခေါက်တင်ဆက်ပေးမယ့်
ဇာတ်ကားလေးကတော့ 2010 မှာ ထွက်ရှိခဲ့တဲ့ Romance နဲ့ Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့
“ Love is Diguise ” လို့ ခေါ်တဲ့ ဇာတ်လမ်းလေးပါ …
Main
Cast တွေ အနေနဲ့ကတော့ ဂီတလောကမှာနာမည်ကြီးနေတဲ့ မင်းသား Wang Leehom နဲ့ မြန်မာပြည်မှာတော့
ဂူးဂူး ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက MWD မှာ လွှင့်တဲ့ သိန်းငှက်သူရဲကောင်းထဲမှာ
လူသိများခဲ့တဲ့ မင်းသမီး Liu Yifei တို့က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ် …
ဇာတ်လမ်းပုံစံလေးကတော့
- ဂီတအနုပညာလောကမှာ နာမည်ကြီးနေတဲ့ Du Ming Han (Wang Leehom) က ဂီတဖျော်ဖြေပွဲအပြီး
အပြန်လမ်းမှာ … Song Xiao Qin ( Liu Yifei ) က Du Ming Han ကားကိုဝင်တိုက်မိပါတယ် ...
အဲ့နောက်ပိုင်းမှာ Du Ming Han က Song Xiao Qin နဲ့ ရင်းနှီးဖို့အတွက် အနုပညာတက္ကသိုလ်ကို
ရုပ်ဖျက်ပြီးဝင် ခဲ့ပါတယ် ... အဲ့အကြောင်းကို Song Xiao Qin သိသွားတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့
ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုဖို့ကို ဖိတ်ခေါ်လိုက်ပါတယ်နော် … လူငယ် ဇာတ်လမ်းလေး ဖြစ်တာကတစ်ကြောင်း
မိန်းကလေး ပရိသတ်အနေနဲ့ရော ယောက်ျားလေး ပရိသတ်အနေနဲ့ရော အားပေးမှုအများဆုံးရထားတဲ့ ကျွန်တော်တို့ရဲ့
Childhood Love လေးဖြစ်တဲ့ ဂူးဂူး ( Liu Yifei ) ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်
…
Rating
အနေနဲ့ကတော့ IMDb မှာ 5.9/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ … ဟာသပုံစံဖြစ်တဲ့အပြင် တရုတ်ရှေးဂီတတူရိယာတွေရဲ့သီချင်းသံစဉ်တွေပါနား
ထောင်လို့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ...
It looks like you were using an adflt in your links. Adfly UK teams promote 23 november to 31 December , that is you can get 100 viewers per 5 dollars everyday. Login under the given link.
ReplyDeletehttps://sites.google.com/view/adflyserviceuk/login