ဒီကားကတော့ ပရိသတ်ကြီးကို surprise များ ဖြစ်မလားဆိုပြီး လုပ်ကြည့်တာပါ ( MoonLover မှာ Lee JoonGi ပရိသတ်များတော့ ကြိုက်မလားလို့ပါ မဖြစ်လဲမတတ်နိုင်

ဇာတ်လမ်းအကျဉ်းလေးကတော့ - နိုင်ငံတွေ လူမျိုးတွေ မတူပေမယ့် တကယ်ချစ်လာပြီဆိုရင် လူနှစ်ဦးရဲ့ နှလုံးသားက တစ်ယောက် ခံစားချက်ကို တစ်ယောက်သိလာကြပါတယ် ... ဒီဇာတ်ကားလေးမှာဆိုရင်လဲ မင် ( Lee JoonGi ) က သူ့ အဖေရှိတဲ့ ဂျပန်ကိုလိုက်ပြီး ကျောင်းတက်ရင်း ဂျပန်ကောင်မလေးတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားပါတော့တယ် ... နှစ်ယောက်သား ဘာသာ စကားတွေသင်ယူရင်း ရင်းနှီးလာကြပါတယ်. .ဒါပေမယ့် ကောင်မလေးရဲ့ မိသားစု အခြေအနေကြောင့် ခွဲခွာသွားပြီးတဲ့နောက် မှာ မင် တစ်ယောက် သူ ချစ်တဲ့သူအတွက်ဘယ်လိုတွေ ခံစားရမလဲဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် . . .
Romance ကားလေးဖြစ်ပြီး နိုင်ငံမတူ ဘာသာစကားမတူတဲ့ကြားက တစ်ယောက်ကို တစ်ယောက်ဆက်သွယ်တာတွေ ... ခွဲခွာသွားကြတာတောင်မှ ဘယ်လောက်ထိဆက်ချစ်ပြီး ဘယ်လိုတွေ ဖြစ်မယ်ဆိုတာကိုတော့ '' Virgin Snow '' ဆိုတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုခံစားဖို့ တိုက်တွန်းပါရစေနော် ... အစပိုင်းမှာ ရီစရာ ဟာသလေးတွေလဲ ပါတယ်ဗျ

ပြီးတော့ အိုပါး Lee JoonGi ကိုလဲ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကလေးဆန်ဆန် နုနုထွဋ်ထွဋ် ချစ်စရာလေးကို တွေ့ရတာပေါ့ ( Admin LoL တယောက် မိန်းကလေးတွေနေရာက ခံစားပြီးရေးသည် 😐 )
Rating အနေနဲ့ကတော့ IMDb မှာ 6.6 ရ ရှိထားပါတယ် ... ဇာတ်လမ်းကောင်းလေး တစ်ခုမို့လို့ အတတ်နိုင်ဆုံး ကြည့်ရှုကြဖို့ အကြံပြုချင်တာပါတယ်
Comments
Post a Comment