ဒီဇာတ်လမ်းလေးကိုတော့ - မင်းသား Kang Dong-won နဲ့ Full Houe , The
Autunmn In My Heart , Descendant of the Sun ( DOTS ) စသဖြင့်
ဇာတ်လမ်းတွဲများဖြင့် မြန်မာပြည်မှာ ကျော်ကြားတဲ့ မင်းသမီး Song Hye-kyo
တို့က Main Cast အနေဖြင့် ပါဝင်သရုပ်ဆောင်ထားကြပါတယ် ...
ဇာတ်လမ်းအကျဉ်းလေးကတော့ - ဒဲဆု ( Kang Dong-won ) နဲ့ မီရာ ( Song Hye-kyo ) တို့က အသက် ၁၇ နှစ်နဲ့ အာယမ် ဆိုတဲ့ Progeria ရောဂါသည် ကောင်လေးကို မွေးဖွားခဲ့ပါတယ် ... အဆိုပါ Progeria ရောဂါကြောင့် အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ကောင်လေးဟာ အသက် ၈၀ အရွယ် အဘိုးအိုအရွယ်သကဲ့သို့ အိုမင်းရင့်ရော်တဲ့ ပုံစံပေါက်နေရှာပါတယ် ... သူများနဲ့မတူတာကြောင့် လူတွေရဲ့ လှောင်ပြောင်မှု လောကဓံတွေကြားမှာ အာယမ် လေး တစ်ယောက် ဘယ်လိုရှင်သန်နေထိုင်မလဲ ? သူတို့မိသားစု ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရပြီး ရုန်းကန်ကြရမလဲဆိုတာကိုတော့ '' My Brilliant Life '' ဆိုတဲ့ ဒီ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ...
၁၅၀၀ ချစ်ခြင်း မေတ္တာတွေကြားမှာ ကြည့်ရတာ ရိုးအီနေသူများအတွက် ၅၂၈ ချစ်ခြင်း မေတ္တာကို ပြသပေးမယ့် '' My Brilliant Life '' ဆိုတဲ့ ဇာတ်ကားလေးကို ကျွန်တော်တို့ Myanmar Asian TV Channel မှ တင်ဆက်ပေးလိုက်ရပါတယ်
Rating အနေနဲ့ကတော့ IMDb မှာ 7.3/10 ရရှိထားတာဖြစ်တာကြောင့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်မယ်ဆိုတာတော့ မလွဲဧကန်ပါပဲနော် ...

Comments
Post a Comment