Skip to main content

Touching You ( 2016 ) - မြန်မာစာတန်းထိုး



တနေ့လာလဲ Moon တွေ တနေ့လာလဲ စင်ဒရဲလားတွေ အဲ့ဇာတ်လမ်းတွေကိုပဲ ကြည့်ရတာ ငြီးငွေ့လာတဲ့ သူတွေအတွက်ပါ ...

Touching You လို့ခေါ်တဲ့ Web Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ... Romance , Comedy , Supernatural ဇာတ်လမ်းပုံစံလေးပါ ... မင်းသား အနေနဲ့ 2PM အဖွဲ့ အဆိုတော်တယောက်ဖြစ်တဲ့ Ok Taec Yeon ပါ ... အရင်ကတင်ထားခဲ့ဖူးတဲ့ Let's Fight Ghost ကားထဲက မင်းသားဆိုလဲ မမှားပါဘူး ... ခေါင်းဆောင်မင်းသမီးအနေနဲ့ကတော့ ချစ်စရာကောင်းလွန်းလှတဲ့ မင်းသမီး Song Ha Yoon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ... ...

ဇာတ်လမ်းအကျဉ်းကတော့ - ဒိုဂျင်ဝူး ( Ok Tae Yeon ) တယောက်သာ လူတယောက်ကို ထိလိုက်တာနဲ့ ထို သူရဲ့မကြာခင်ဖြစ်လာမယ့် အနာဂတ်ကို ကြိုမြင်နိုင်တဲ့ သူတယောက်ပါ ... တနေ့ ဂျင်ဟေးရောင်း ( Song Ha Yoon ) က ဒိုဂျင်ဝူး ဆီမှာ ဗေဒင်လာမေးတဲ့အခါမှာတော့ ... ဒိုဂျင်ဝူး အနေနဲ့ သိပ်မကြာခင်မှာပဲ ဂျင်ဟေးရောင်း တယောက် လှေကားပေါ်ကနေပြုတ်ကျပြီး သေမယ်ဆိုတဲ့ အမြင်အာရုံတစ်ခုကို ခံစားလိုက်ရပါတယ် ... ဒါ့ကြောင့် ဂျင်ဟေးရောင်း ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် ချဉ်းကပ်ပြီး ကြိုးစားပါတော့မယ် ... ဂျင်ဟေးရောင်း ကလဲ ချစ်ရတဲ့သူရှိပြီး ချစ်ရသူထံမှ လက်ထပ်ခွင့်တောင်းလာမယ့်အချိန်ကို စောင့်ရင်း ဘူ နေသူတယောက်ဖြစ်ပါတယ် ... နောက်ပိုင်းမှာ ဒိုဂျင်ဝူး ကလဲ ဂျင်ဟေးရောင်း ကို ဘယ်လို ကာကွယ်ပေးသွားမလဲ .... ဂျင်ဟေးရောင်း ရဲ့ အချစ်ရေးကရော ဘယ်ဆက်ဖြစ်သွားဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်

ဇာတ်လမ်းတွဲအရှည်ကြီးတွေလို မဟုတ်ပဲ Web Drama ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဇာတ်လမ်းအမျိုးအစားလေးပါလို့ အကြံပေးပါရစေ.... အားလုံး ၁၂ ပိုင်းရှိပြီး မကြာခင်မှာပဲ အပိုင်းစုံ တင်ပေးသွားပါ့မယ် ...


Country             : Korean
Type                 :  Web Drama
Episodes           : 12
Genre               :  Romance , Youth , Comedy , Supernatural
Translator         :  KAUNG MIN SET
Encoder            :  LoL




Comments

  1. good
    ဖြစ်နိုင်ရင် တစ်နေ့တစ်ပိုဒ်တော့တင်ပေးပါ

    ReplyDelete
  2. P CLOUD LINKနဲ့လည်းတင်ပေးပါလား

    ReplyDelete
  3. အပိုင်း၁ကနေ၈အထိ VIP Link နဲ့တင်ပေးပါလားplease

    ReplyDelete
  4. အပိုင်း11 downလို့မရဘူး

    ReplyDelete
    Replies
    1. Uploading လုပ်တုန်းမို့ပါ sis

      Delete
    2. ရသွားပီ။thanks bro

      Delete
  5. Hello admin,i have to request for episode 11 & 12 uploaded by p cloud link!!Thanks!!

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. Episode 12 က ဇာတ်သိမ်းပီလား

    ReplyDelete
  8. အကို အပိုင်း ၁၁ ၁၂ pcloud link တင်ပေးပါလား

    ReplyDelete
  9. ကျေးဇူးပဲ အကို

    ReplyDelete

Post a Comment

Popular posts from this blog

Moon Lovers - Scarlet's Heart : Ryeo ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားလေးဆိုလဲ မှားနိုင်မယ် မထင်ပါဘူး ... ဒိတ်ဒိတ်ကြဲ မင်းသား ၆ ယောက် နဲ့ မင်းသမီးချောလေး တယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ ....  K မင်းသားလို့လူတိုင်းသိများပြီး အီဂျီမဲ သူခိုးကားမှာအရမ်းနာမည်ကြီးခဲ့တဲ့ မင်းသား Lee Jun Ki က စတုတ္ထမင်းသား အဖြစ်လည်းကောင်း ... Kang Ha Neul က ရှစ်ယောက်မြောက် မင်းသားလေး အဖြစ်လည်းကောင်း ... Hong Jong Hyun , Byun Baekhyum , Nam Joo Hyuk , Ji Soo တို့က သုံးယောက်မြောက် ၁၀ ယောက်မြောက် ၁၃ ယောက်မြောက် ၁၄ ယောက်မြောက်မင်းသားများ အဖြစ်လည်းကောင်း အဓိက ပါဝင်သရုပ်ဆောင်ထားသည့်အပြင် ချစ်စရာကောင်းတဲ့အဆိုတော်မလေး IU ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ " Moon Lovers : Scarlet Heart Ryeo " မထွက်ခင်ထဲက လူတိုင်း ပါးစပ်ဖျားမှာရေပန်းစားနေပြီး ... လူတိုင်းအရမ်းလည်းကြည့်ချင်နေတဲ့ ကားလေးဖြစ်ပါတယ် ... Chinese Novel ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အစအဆုံး ရိုက်ကူးပြီးမှထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ... တကယ်ကြည့်လို့ကောင်းမယ်ဆိုတာ သေချာပါတယ် ...  ဇာတ်လမ်းအကျဉ်းလေးကတော့ - ၂၁ ရာစုကေ...

The Package ( 2017 ) - မြန်မာစာတန်းထိုး

MMATV မှာ Ongoing KDrama တွေနဲ့ြ့ပတ်လပ်နေတာကြာပြီဆိုတော့လဲ JTBC ရုပ်သံလိုင်းမှ 13.10.2017 မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ " The Package " ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော် ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ယွန်းဆိုဆို ( Lee Yeon Hee) က ပြင်သစ်ခရီးသွားလမ်းညွှန်တစ်ယောက်ပါ ... တစ်နေ့တော့ သူမဟာ ခရီးစဉ်တစ်ခုရဲ့ ခရီးသွားလမ်းညွှန်အဖြစ် လိုက်ပါရတယ် ... သူ့ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသွားတစ်ယောက်ချင်းစီတိုင်းမှာ ဇာတ်လမ်းတစ်ခုစီ ရှိနေကြတဲ့အခါ ... ရှေးလူကြီးတွေ ပြောကြတယ် တစ်ယောက်အကြောင်း တစ်ယောက် သိချင်တဲ့အခါ ခရီးသွားကြည့်ပါတဲ့ ... ခရီးတစ်ခုကို တူတူသွားကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ , မေတ္တာတွေနဲ့ အချင်းချင်း ရိုင်းပင်းကူညီဖြစ်ကြပါတယ် ... ဒီကားလေးမှာရော မေတ္တာအပြည့်နဲ့ ပျော်ရွင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာမလား ...? သတ်ပွဲတွေနဲ့.. ခရီးစဉ် ဖြစ်လာမလားဆိုတာကို ဆက်လက် စောင့်ကြည့်ရမယ့် Family Drama series တစ်ပုဒ်ဖြစ်ပါတယ် ...? ပြင်သစ်နိုင်ငံကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်လို့ ခရီးစရိတ်မလိုပဲ ပြင်သစ်ရောက်သလို ဖြစ်နေမှာနော် ... Main Cast တွေကတော့ - ပြင်သစ်ခရီးသွားလမ်းညွှန်မလေ...

Your Lie In April ( 2016 ) - မြန်မာစာတန်းထိုး

ဂျပန်ဇာတ်ကားကို ကြည့်လေ့ကြည့်ထရှိတဲ့ သူတွေအတွက်တော့ ဒီဇာက်ကား နာမည်လေးက ရင်းနှီးနေမှာပါ ... ဟုတ်ပါတယ် အခုနှစ်ထဲမှာပဲ နာမည်ကြီးပြီး လူကြိုက်များနေကြတဲ့ မင်းသားချောလေး Yamazuki Kento နဲ့ မင်းသမီးချောလေး Hirose Suzu တို့ Anime ကို Live Action အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းအကျဉ်းလေးကတော့ - ၀တရိ , ခိုဆေး နဲ့ ဆုဘကိ တို့ သုံးယောက် က အရမ်းချစ်ကြတယ့် သူငယ်ချင်းလေးတွေပေါ့နော် ... ခိုဆေး နဲ့ ဆုဘကိ တို့က ငယ်ငယ်လေးထဲက မောင်နှမအရင်းသဖွယ် ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ ... တရက်မှာ ဆုဘကိ ရဲ့ အခန်းဖော် ခအိုရိ က ဝတရိ ကို သူနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ် ... အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ခအိုရိ တယောပညာရှင်လေးကို ပီယာနိုပညာရှင်လေး ခိုဆေး က မြင်မြင်ချင်းကိုအရမ်းသဘောကြခဲ့ပါတယ် .. ဒါပေမဲ့ ခအိုရိ က ခိုဆေး ကို သူငယ်ချင်းတစ်ယောက်ထက်ကိုမပိုပါဘူး ... ပီယာနို သမားလေး  ခိုဆေး က ကလေးဘဝတုန်းကစိတ်ဒဏ်ရာတစ်ခုကြောင့် ပီယာနို အသံမကြားနိုင်ပါဘူး ... ပီယာနို ကိုလည်းဆက်ပြီးမတီးနိုင်တော့ပါဘူး ... ဒီတော့ ခအိုရိ လေးက ခုဆိုင်းကိုကူညီပေးခဲ့တာပေါ့နော် ... ချစ်ဖို့အရမ်းကောင်းပြီး ဟာသဆန်တဲ...

Bitter Sweet(2016)မြန်မာစာတန်းထိုး

Bitter Sweet(2016) မြန်မာစာတန်းထိုး................... Japan Live actionလေးတစ်ခုဖြစ်တဲ့ Bitter sweetဆိုတဲ့movieလေးပါ IMDbမှာလည်း 6.5ရထားလို့တကယ်မိုက်တဲ့ကားလေးပါ 😍😍 ဇာတ်လမ်းအကျဉ်းလေးကတော့**** မာကီ အီဒါဆိုတဲ့ ကောင်မလေးက ကြော်ငြာ ကုမ္ပဏီကြီး တစ်ခုက၀န်ထမ်း ဟင်းမချက်တတ်ဘူး၊ အသင့်စား အစားအသောက်တွေကို ခုံမင်သူ တစ်ရက်မှာတော့၊ နာဂီဆာ ကာတာယာမ ဆိုတဲ့ ဘဲချောချောလေးတစ်ပွေနဲ့ ဆုံဖြစ်တယ် နာဂီဆာ ကတော့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပြီးတော့ သက်သတ်လွတ်သမား၊ ဟင်းတွေချက်တတ်တယ် သူတို့နှစ်ယောက် အိမ်တစ်လုံးထဲမှာ နှစ်ယောက်တူတူနေဖို့ ဖြစ်လာတော့..... မာကီက နာဂီဆာကို ချစ်မိသွားနိုင်မလား... နာဂီဆာကရော မာကီကို ပြန်ချစ်နိုင်ပါ့မလား... သူတို့နှစ်ယောက်လုံးမှာရှိနေတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ... "Nigakute Amai" ဆိုတဲ့ နာမည်ကျော် Menga Series ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ... ဇာတ်လမ်းအဆုံးထိ လှည့်ကွက်လေးတွေ အပြည့်နဲ့ဆိုတော့...ပိတ်ကားထက် အဲလေ...ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားကြည့်ရင်း... Main castsတွေကအနေနဲ့ကတော့ မာကီအီဒါ(Haruna Kawaguchi) နာဂီဆာ ကာတာမ (Kento Hayashi). တို့ကပါဝင်ထားပါတယ်...

W-Two Worlds ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်​ကားကို​ Main Actor အဖြစ်​နဲ့ မိန်းက​လေး​တွေရဲ့အသည်း​ကျော်​ Lee Jong-suk က ပါဝင်​သရုပ်​​ဆောင်​ထားပြီး  Main Actress အ​နေနဲ့က​တော့ Han Hyo-joo က ပါဝင်​သရုပ်​​ဆောင်​ထားတာဖြစ်​ပါတယ်​ ... ဒီဇာတ်​ကားဟာမထွက်​ရှိ​သေးခင်​ကပင်​ Doctors ,Uncontrollably Fond တို့နှင့်​အတူ နာမည်​ကြီး ​ရေပန်းစား​နေတဲ့ ကားတစ်​ကားဆိုလဲ မမှားပါဘူး ... ဇာတ်​လမ်းအကျဉ်း​​လေးက​တော့ - အိုယွန်ဂျူဟာ မြောင်ဆယ် ဆေးရုံရဲ့ ရင်ခေါင်းခွဲစိတ်ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး သူမရဲ့ ဖခင်ဟာ အင်တာနက်​ပေါ်မှ ကာတွန်းရုပ်ပြဆရာတစ်ယောက်ဖြစ်ပါတယ် သူမရဲ့ ဖခင်ရေးသားနေတဲ့ (W) အင်တာနက်ရုပ်ပြဇာတ်လမ်းထဲက ဇာတ်ဆောင်ရဲ့နာမည်က ဂန်ချောပါ သူဟာချမ်းသာရုပ်ချောတဲ့ မီလျံနာတစ်ယောက် ဖြစ်ပါတယ် ... တစ်နေ့မှာ ယွန်ဂျူရဲ့ဖခင် ဟာ ကာတွန်းရေးသားနေလက်စကနေ ပျောက်ဆုံးသွားပီး ယွန်ဂျူ  ဟာ သူမရဲ့ဖခင်​ဖြစ်​သူကို လိုက်လံရှာ​ဖွေ​နေခဲ့ပါတယ် ... ဖခင်ရဲ့ အလုပ်စားပွဲပေါ်က ရေးလက်စ ဇာတ်ဝင်ခန်းတစ်ခုကို စူးစိုက်ကြည့်နေရင်းကနေ ဇာတ်လမ်းထဲကို သူမကိုယ်တိုင်ရောက်ရှိသွားပီး ဂန်ချောနဲ့တွေ့ဆုံခဲ့ရပါတယ်​ ... ဒီဇာတ်ကားလေးဟာ မတူညီတဲ့ ကမ္ဘာနှစ်ခု ကြားက အချစ်ဇာတ...