ဇာတ်လမ်းအကျဉ်းလေးမပြောပြခင်မှာ ဇာတ်ကားလေးရဲ့ ဆောင်ပုဒ်လေးကို အရင်ပြောပါရစေ .. " When it come to love , age is not a problem " ပါ .. " အချစ်သာ ဖြစ်တည်လာခဲ့မယ်ဆိုရင် , အသက်အရွယ်ဆိုတာ ပြဿနာမရှိပါဘူး " လို့ပဲ ဘာသာလေးပြန်ပါရစေ ... ဆောင်ပုဒ်လေးအတိုင်းပဲ ဇာတ်လမ်းအကျဉ်းကတော့ Ja ဆိုတဲ့ အမျိုးသမီးက အစအစ အရာအရာ ပြည့်စုံတဲ့သူတယောက်ပါ ... သူမရဲ့ အသက် ၃၀ ပြည့်မွေးနေ့ မှာ သူမချစ်ရတဲ့သူနဲ့ ဝေးကွာသွားခဲ့ရတယ် .. သူမ ကောင်လေးကို ချစ်တဲ့စိတ် လွမ်းတဲ့စိတ်တွေကို အံတုကျော်ဖြတ်ရင်း တနှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုကို ကုန်ဆုံးလာခဲ့တယ် ...သည်လိုနှင့် အသက် ၃၁ နှစ် မွေးနေ့မှာ သူမထက် အသက် ၇ နှစ် ငယ်တဲ့ကောင်လေးတယောက်ကို ကံကြမ္မာက သူမထံ ပို့ဆောင်ပေးခဲ့ပါတယ် ... ထိုကောင်လေးကလဲ မမျှော်လင့်ပဲ သူမအား ချစ်မိသွားတဲ့ အခါ ဘာတွေဆက်ဖြစ်မလဲ ?
ကောင်မလေးကရော သူမရဲ့ အရင်ချစ်သူကို မေ့ပစ်နိုင်မှာလား ?
သူမထက် အသက် ၇ နှစ်ငယ်တဲ့ ကောင်လေးရဲ့ အချစ်ကိုရော လက်ခံပေးနိုင်မလား ? ဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော် ... ဟာသဆန်ဆန် ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်နေရင်းနဲ့ကို ပျော်ရွှင်မှုကို ခံစားစေရမှာပါ ...
Rating အနေနဲ့ကတော့ IMDb မှာ 6.6/10 ရရှိထားတဲ့ ဇာတ်ကားလေးပါ ... ကြည့်ရှုခံစားကြပါဦးနော် ...
Country : Thailand
Genre : Comedy , Romance
Type : Movie
Translator : VinyL
Encoder : LoL
Small file size
ReplyDeletevery good...
ReplyDelete