Skip to main content

Posts

Destiny's Love ( 2019 )

Destiny's Love ( 2019 ) မြန်မာစာတန်းထိုး ========================= Time travellerကားလေးနောက်တစ်ကားဖြစ်တဲ့ Destiny's Love တဲ့ အားပေးကြပါအုံးနော် Review*** ချီယွီဟာ စကြာဝဠာရဲ့ စွမ်းအင်တွေကို ထိန်းညှိပေးရတဲ့ ကြယ်သခင်တစ်ပါး… သူ့အစွမ်းတွေရဲ့ သော့လို့ပြောနိုင်တဲ့ နေလကျောက်စိမ်းပျောက်သွားလို့ လူ့လောကမှာ လာရှာရင်း မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတယ် ဒါပေမယ့်မိန်းကလေးရဲ့ ကံကြမ္မာကို ပြင်ရင်းကနေ အဲဒီမိန်းကလေးကို ဘဝအဆက်ဆက် အသက်သုံးဆယ်နဲ့ သေအောင် လုပ်မိသွားတယ် အဲ့ဒီလုပ်မိတဲ့အတွက် အနှစ်သုံးထောင် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ အခါမှာတော့ သူ့ကြောင့် ဖြစ်ခဲ့တာတွေကို ပြင်ဆင်ဖို့ လူ့လောကကို ပြန်လာတဲ့အခါ သူချစ်ခဲ့တဲ့မိန်းလေးနဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြန်ဝင်စားတဲ့ ဝမ်စုရှီးဆိုတဲ့ မိန်းကလေးကို တွေ့ရတဲ့အခါ ချီယွီတစ်ယောက် ဘယ်လိုလုပ်မလဲ သူ့အမှားကိုရော ပြန်ပြင်ဆင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် စုစုပေါင်း ၃၆ပိုင်းပါဝင်ပြီး Ratingလည်းမြင့်တဲ့ Chinese seriesလေးပါ Tr

Bitter Sweet(2016)မြန်မာစာတန်းထိုး

Bitter Sweet(2016) မြန်မာစာတန်းထိုး................... Japan Live actionလေးတစ်ခုဖြစ်တဲ့ Bitter sweetဆိုတဲ့movieလေးပါ IMDbမှာလည်း 6.5ရထားလို့တကယ်မိုက်တဲ့ကားလေးပါ 😍😍 ဇာတ်လမ်းအကျဉ်းလေးကတော့**** မာကီ အီဒါဆိုတဲ့ ကောင်မလေးက ကြော်ငြာ ကုမ္ပဏီကြီး တစ်ခုက၀န်ထမ်း ဟင်းမချက်တတ်ဘူး၊ အသင့်စား အစားအသောက်တွေကို ခုံမင်သူ တစ်ရက်မှာတော့၊ နာဂီဆာ ကာတာယာမ ဆိုတဲ့ ဘဲချောချောလေးတစ်ပွေနဲ့ ဆုံဖြစ်တယ် နာဂီဆာ ကတော့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပြီးတော့ သက်သတ်လွတ်သမား၊ ဟင်းတွေချက်တတ်တယ် သူတို့နှစ်ယောက် အိမ်တစ်လုံးထဲမှာ နှစ်ယောက်တူတူနေဖို့ ဖြစ်လာတော့..... မာကီက နာဂီဆာကို ချစ်မိသွားနိုင်မလား... နာဂီဆာကရော မာကီကို ပြန်ချစ်နိုင်ပါ့မလား... သူတို့နှစ်ယောက်လုံးမှာရှိနေတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ... "Nigakute Amai" ဆိုတဲ့ နာမည်ကျော် Menga Series ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ... ဇာတ်လမ်းအဆုံးထိ လှည့်ကွက်လေးတွေ အပြည့်နဲ့ဆိုတော့...ပိတ်ကားထက် အဲလေ...ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားကြည့်ရင်း... Main castsတွေကအနေနဲ့ကတော့ မာကီအီဒါ(Haruna Kawaguchi) နာဂီဆာ ကာတာမ (Kento Hayashi). တို့ကပါဝင်ထားပါတယ်

Revolutionary Love ( 2017 ) - မြန်မာစာတန်းထိုး

အစက မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ လုပ်သင့်တယ်ထင်လို့ ကောက်ကာငင်ကာလေး ထလုပ်ဖြစ်လိုက်တဲ့ Ongoing KDrama လေးပါ xD WiFi နဲ့ Download ဆွဲသူတွေ အိမ်က TV screen ကြီးကြီးမှာ HD အရသာကို ခံစားလိုသူတွေအတွက် file Size အကြီးနဲ့ပါ တင်ပေးလိုက်ပါတယ် ... ဇာတ်လမ်းအကျဉ်းလေးကတော့ -  တက္ကသိုလ်ကောင်းကောင်းကနေ ဘွဲ့ရခဲ့ပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကိုအေးဆေးစွာဖြတ်သန်းနေတဲ့ကောင်မလေး ဘတ်ဂျွန်း ....  တစ်ခုခုဆို အရမ်းခံစားပြီး ဘဝအကြောင်း ဘာဆိုဘာမှ နားမလည်တဲ့ သူဌေးသားလေ ဗြောင်ဟော့ .... ကိုယ်လုပ်တဲ့အလုပ်က ကို့ရဲ့အဆင့်အတန်းကိုဖော်ပြတယ်ဆိုပြီး သာမန်အလုပ်လုပ်တဲ့သူတွေကိုအထင်မကြီးတတ်တဲ့ ဂျေဟွန်း ....  သူဌေးသားသမီးတွေကို အထင်မကြီးတတ်တဲ့ ဂျွန်းကိုမှ မြင်မြင်ချင်း သဘောကျသွားတဲ့ ဟော့ ... ဟော့ရဲ့ သူငယ်ချင်းဖြစ်သူ ဂျေဟွန်း နဲ့ ဂျွန်းကလည်း အပြန်အလှန်သံယောဇဉ်လေးတွေရှိနေတဲ့အခါမှာ ...  သူတို့သုံးယောက် ဘယ်လိုဆက်ဖြစ်လာမှာလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် .... Cast တွေ အနေနဲ့ကတော့ Choi Si-won , Kang So-ra , Gong Myung , Lee Jae-yoon , Seo Yi-an , Choi Jae-

The Mystic Nine ( 2016 ) - မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးကတော့ 2015 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action , Adventure , Fantasy , Supernatural , Romance & Drama အမျိုးအစားလေးပါ ... Main Actors တွေအဖြစ် - Exo အဖွဲ့မှ Zhang Yixing ( Lay ) ၊ The Four , The Legend of Zu စသည့် ဇာတ်လမ်းတွဲများထဲမှ မင်းသား William Chan နှင့် Main Actress အဖြစ် Princess Agent , The Journey of Flower အစရှိတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသမီးချောလေး Zhao Li Ying တို့က ပါဝင်ထားပါတယ် ... Old Nine Gate ဒါမှမဟုတ် Mystic Nine Clan လို့ခေါ်တဲ့ မိသားစုကြီးကိုး စုစောင့်ရှောက်နေတဲ့ချောင်းရှမြို့လေးပေါ် မမြင်နိုင်တဲ့ အန္တရာယ်ကြီးတခု ကျရောက်လာမှာကို မိသားစုကြီးကိုးစုကဘယ်လိုကာကွယ်မလဲဆိုတာကို မြင်တွေ့ရမှာပါ .... ဇာတ်လမ်းအကျဉ်းလေးကတော့  -  ထူးဆန်းတဲ့ရထားတစင်းချောင်းရှမြို့ကို ရောက်လာတာက အစပြုပါတယ် ... ရထားကအသေပိတ်ထားတဲ့ရထား ဖြစ်ပြီးမောင်းသူမပါပါဘူး ... ဒါ့အပြင်ရထားထဲမှာ ခေါင်းတလားတွေနဲ့ ဂျပန်စစ်သားတွေရဲ့ ထူးထူးဆန်းဆန်းသေနေတဲ့ အလောင်းတွေပါနေတာပဲ ...   အဲ့ဒီကနေစပြီး Old Nine Gate ခေါင်းဆောင် ဗိုလ်မှုးလေးကျန်းတဖုန်းရဲ့ ရဲ့ စုံစမ်းမှုကနေ ချောင်းရှမြို့နားမှာ ထူးဆန်းတဲ့မ

Marvel's Jessica Jones Season 1 ( 2015 ) - မြန်မာစာတန်းထိုး

Eng series လေးတွေ တင်ဆက်ဖို့လုပ်နေတဲ့ MMATV ကနေ Jessica Jones ဆိုတဲ့ 2015 မှာ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော် ... ဒီဇာတ်လမ်းတွဲလေးကတော့ Defenders လေးယောက်ဖြစ်တဲ့ Daredevil , Iron Fist , Jessica Jones & Luke Cage တို့ထဲက တစ်ယောက်ပါ ... Season 1 မှာစုစုပေါင်း 13 ပိုင်းရှိပါတယ် ... Translate ပိုင်းမှာလည်း အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်လို့ ... Professional တွေ Native Speakers တွေမဟုတ်တဲ့အတွက် အမှားပါခဲ့ရင်လည်းနားလည်ပေးကြပါရှင့် .... ဇာတ်လမ်းအကျဉ်း - New York မြို့မှာအခြေချပြီးနေထိုင်နေတဲ့ ကြေးစားစုံစမ်းသူအနေနှင့် လုပ်နေတဲ့ ဂျက်ဆီကာ ဟာအတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကြောင့် တစ်ခုခုကိုအမြဲစိုးရိမ်နေရသူပါ ... တစ်နေ့မှာတော့ စလော့မန်းလင်မယားဟာသူ့သမီး "ဟော့" ပျောက်တာကိုစုံစမ်းဖို့ ဂျက်ဆီကာကို လာငှါးပါတယ် ... ဟော့ကိုကေးဂရေ့လို့ခေါ်တဲ့သူက ခေါ်သွားတာလို့ ဂျက်ဆီကာ က ယူဆပြီးစုံစမ်းမှုတွေဆက်လုပ်ပါတော့တယ် ... ကေးဂရေ့ဆိုတာ ဂျက်ဆီကာရဲ့ အတိတ်ဆိုးရဲ့အဓိကကျတဲ့သူဖြစ်ပြီး စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ ... ကေးဂရေ့ကိုဂျက်ဆီကာက မတော်တဆမှုမှာသေပြီလို့မှတ်ထာ

Riverdale Season 1 ( 2017 ) - မြန်မာစာတန်းထိုး

Eng Series တွေပါ လုပ်တော့မယ်လို့ ကြေငြာထားတဲ့အတိုင်း ဒီ series လေးက MMATV ရဲ့ ပွဲဦးထွက် ပထမဆုံးသော eng series လေးပါ ... The CWW Network မှ ထုတ်လွှင့်တာ ဖြစ်ပြီး season 2 episode 1 ထိ ထွက်ရှိပြီးပါပြီ ... season 1 မှာ အပိုင်း ၁၃ ပိုင်း ပါဝင်ပြီး ... Myanmar Asian TV Channel မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၂ ပိုင်း ( သို့မဟုတ် ) ၃ ပိုင်း ဖြင့် မှန်မှန် တင်ဆက်သွားပါ့မယ် ... Mystery , Crime & Teen Drama ဇာတ်လမ်းအမျိုးအစားလေးဖြင့်ပြီးတော့ နောက်အပိုင်းတွေမှာ ဘာဆက်ဖြစ်မလဲ ဘယ်လိုမမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာမလဲ စတဲ့ ပုံစံမျိုးကို နှစ်သက်သူတွေအတွက်တော့ ဒီဇာတ်လမ်းလေးက ရသ တစ်ခုပေးစွမ်းနိုင်မှာပါ ... Rating အရလဲ IMDb မှာ 7.8/10 နှင့် Rotten Tomatoes မှာ 88% ရရှိထားတဲ့ rating မြင့်လို့ ပြောလို့ရတဲ့ ဇာတ်လမ်းလေးပါ .... ဇာတ်လမ်းအကြောင်းလေးကို ပြောပြရမယ်ဆိုရင် - အာချီဆိုတဲ့ ကောင်လေးနဲ့ ဘက်ဒီ ဆိုတဲ့ ကောင်မလေးက အိမ်နီးချင်းတွေ ဘက်ဒီက အာချီကို သဘောကျနေခဲ့တယ် ... ဒါပေမဲ့ အာချီတစ်ယောက်က ဂီတကို ဝါသနာပါပြီး သူ့ ကို ဂီတအကြောင်းသင်ပေးနေတဲ့ ဆရာမနဲ့လည်း စိတ်ကစားမိနေခဲ့တယ် .... ဒီဇာတ်လမ်

Policeman and Me ( 2017 ) - မြန်မာစာတန်းထိုး

ဒီနေ့လိုပိတ်ရက်မှာမိုးအေးအေးလေးနှင့်ကြည့်နိုင်ဖို့ Japan Live Actionလေးတစ်ကားကိုတင်ပေးလိုက်တယ်နော် 2017 Marchမှာထွက်ရှိထားပြီး IMDb လည်း 5.1ရရှိထားတဲ့ဇာတ်လမ်းကောင်းလေးပါ  ဇာတ်လမ်းအကျဉ်းလေးကတော့ - ကကိုမိုတယဆိုတဲ့အထက်တန်းပထမနှစ်တက်နေတဲ့ကျောင်းသူလေးဟာယောက်ျားလေးသူငယ်ချင်းမရှိသေးပါ တစ်နေ့မှာတော့သူကတက္ကသိုလ်ကျောင်းသူအနေနှင့်ဟန်ဆောင်ပြီ Blind Date ပွဲကိုသွားခဲ့ပါတယ် အဲ့ပွဲမှာ ကိုတဆိုတဲ့၂၃နှစ်အရွယ်ကောင်လေးတစ်ယောက်နှင့်တွေ့ဆုံခဲ့ပါတယ် ကကိုနှင့်ကိုတဟာတွေ့တွေ့ချင်းမှာပဲအချင်းချင်းစိတ်ဝင်စားမိခဲ့ကြတယ် ဒါပေမဲ့ ကိုတဟာရဲဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ကကိုကအထက်တန်းကျောင်းသူလေးဖြစ်နေတာသိသွားတဲ့အခါမှာတော့သူမကိုကြိုက်ပေမယ့်လည်းဆက်မတွေ့သင့်ဘူးဆိုပြီးအဆက်ဖြတ်ခဲ့ပါတယ် ဒါပေမယ့်မမျှောင်လင့်ပဲ ကိုတကိုကာကွယ်ပေးရင် ကကိုကဒဏ်ရာရရှိပြီးသူတို့၂ယောက်ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ ???? ဒီဇာတ်လမ်းလေးမှာကြည့်ကြပါလို့ Review : Sandar Lwin Translated by Inggin Encoded by Sandar Lwin Quality : 720p Bulray File size : 662MB Genre : Drama , Romance Download on Openload Link